Thursday, June 30, 2016

မိုးရာသီလျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၉

လျှပ်စစ်အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပညာပေးဟောပြောပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အထက(၂) မရမ်းကုန်းကျောင်းဝင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ ကျောင်းသား ကျောင်းသူ ၄၈ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူလေးများအား မရမ်းကုန်း မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မိုးနှင့် လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ''အခု ဖြန့်ဝေပေးလိုက်တဲ့ လျှပ်စစ်အသိပညာပေး လက်ကမ်းစာစောင်ကို ကလေးတို့ အနေနဲ့ အသေအချာဖတ်ဖို့ လိုပါတယ်၊၊ ဒီကနေအိမ်အထိ ရောက်အောင် ယူသွားဖို့လည်း လိုပါတယ်၊၊ ဒါမှလည်း အိမ်ကမိဘတွေလည်း ဖတ်မိကြပါလိမ့်မယ်။ ဒီလက်ကမ်း စာစောင်ထဲမှာ လျှပ်စစ်ပစ္စည်းတွေ ကိုင်တွယ်အသုံးပြုပုံနဲ့ သတိထားရမယ့်အချက်တွေ လျှပ်စစ်အန္တရာယ်ဖြစ်နိုင်ဖွယ် ဖြစ်စဉ်တွေ၊ မိသားစုလျှပ်စစ်ကာကွယ်ရေးစနစ်တွေ၊ ဓာတ်လိုက်ခံရသူကို ရှေးဦးသူနာပြုစုနည်းတွေ ပါဝင်တဲ့ အတွက် အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူလေးတွေအနေနဲ့ လျှပ်စစ် အန္တရာယ်ကို ကိုယ်တိုင်လည်း ဂရုစိုက်သလို ကိုယ်နဲ့နီးစပ်ရာ သူငယ်ချင်း အပေါင်းအသင်းတွေကို လျှပ်စစ်အန္တရာယ် ကင်းဝေးရေး အသိပညာပေးဆွေးနွေးမှုတွေ ဖြန့်ဝေပေးစေ လိုပါတယ်'' ဟု မရမ်းကုန်းမြို့နယ်မှ လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မိုးကပြောကြားသည်၊။

ယခုအခါတွင် မိုးရာသီကျရောက်လာပြီဖြစ်သဖြင့် ရာသီဥတုနှင့် လူကြောင့် ပတ်ဝန်းကျင်ရှိ သွယ်တန်း ဓာတ်ကြိုးများနှင့် လျှပ်စစ်ဓာတ်တိုင်များမှတစ်ဆင့် မလို လားအပ်သောလျှပ်စစ်အန္တရာယ်များ ကျရောက်ကာ အသက်ဆုံးရှုံးသွားသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။
(ပွင့်သစ္စာ)

No comments:

Post a Comment