Tuesday, May 31, 2016

ရေရှားပါးသော ဘော်ဆိုင်းဒေသ၌ မြေအောက်ရေ ပထမဆုံးအောင်မြင်စွာတူးဖော်နိုင်


The Mirror Daily's photo.
ဘော်ဆိုင်း မေ ၃ဝ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဘော်ဆိုင်းဒေသ ကံဦး ဘုန်းတော်ကြီးကျောင်းတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ငွေကျပ်သိန်းပေါင်း ၁၅ဝဝဝ ခန့် တန်ဖိုးရှိသည့် အင်္ဂလန်နိုင်ငံထုတ်DANDO အမျိုး အစား ရေတွင်းတူးစက်သစ်ကြီးဖြင့် တူးဖော်နေသည့် စက်ရေတွင်းအမှတ်(၁၁ဝ)တွင် မေ ၂၈ ရက်က တစ်နာရီ ရေဂါလန် ၃ဝဝဝ အထွက်နှုန်းဖြင့် အနက်ပေ ၆၃ဝ ၌ ပထမဆုံးတွင်းအဖြစ် အောင်မြင်စွာ တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖောင်ဒေးရှင်းမှ ရေတွင်းတူးစက်ကြီး ခုနစ်စီးဖြင့် ရေရှားပါးသော ညောင်ဦးခရိုင် စက်စက်ယို ကျေးရွာ၊ ချောက်မြို့ ကျောက်တန်းကျေးရွာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ဘော်ဆိုင်း၊ ဟဲဟိုး၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊ အောင်ပန်း၊ နမ့်စန်၊ ခိုလမ်၊ ဟိုပုံး၊ ညောင်ရွှေ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ ကယားပြည် နယ် လွိုင်ကော်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင်၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရား မြို့နယ်နှင့် နေပြည်တော်တို့တွင် ရေတွင်းပေါင်း ၇၆ တွင်း၊ ရေလှောင်ကန်ပေါင်း ၉၈ ခုနှင့် ရေတိုင် ၂၆၂ တိုင် တို့ကို လှူဒါန်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရှမ်း၊ ဓနု၊ တောင်ရိုး၊ ပအိုးဝ်၊ လီဆူး၊ အခါ၊ ယင်း၊ ပဒေါင်၊ ကယား၊ ကရင်၊ ဗမာ စသည့် ဒေသခံတိုင်းရင်းသားဦးရေ ၁၃၈၉၆၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၆ဝ၊ စာသင်ကျောင်း ၄၉ ကျောင်း၊ ဆေးရုံ ၁၁ ရုံနှင့် မီးသတ်ဌာန ၁၂ ခုတို့အတွက် လိုအပ် သည့် သန့်ရှင်းသောသောက်သုံးရေများ ပံ့ပိုးပေးနိုင်ခဲ့သည့် အပြင် ၂ဝ၁၄ ခုနှစ်မှ စတင်ခဲ့သောWater Supply Project စီမံကိန်းအတွက် ငွေကျပ်စုစုပေါင်း ၇ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းသုံးစွဲခဲ့ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment