Thursday, April 28, 2016

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဒေသအချို့တွင် ပြည်သူများသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကူညီဆောင်ရွက်ပေးလျက်ရှိ

The Mirror Daily's photo.
နေပြည်တော် ဧပြီ ၂၇
ယခုနှစ်နွေရာသီတွင် အယ်နီညိုနှင့် ဆက်စပ်၍ သောက်သုံးရေရှားပါးပြတ် လပ်နေမှုများ နိုင်ငံတစ်ဝန်းဖြစ်ပေါ် လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၊ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည်သူများရေရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန တိုင်းဒေသ ကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ အရာ ထမ်း၊ အမှုထမ်းများသည် ဧပြီ ၂၆ ရက်က ပြည်သူများထံသို့ သောက် သုံးရေများ ဆက်လက်ဖြန့်ဝေလျက်ရှိ ရာ ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု ဝိဇ္ဇာရပ်ကွက် အပိုင်း(၂)နှင့် ရွှေတောင် (၂)ရပ်ကွက် တို့သို့ ရေဂါလန် ၁၆ဝဝ၊ မွန်ပြည်နယ် သထုံမြို့နယ် တောကြီးကျေးရွာသို့ ရေဂါလန် ၁၂ဝဝ၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ရွှေတဆုပ်ကျေးရွာသို့ ရေဂါလန် ၁၃၅၂ ကို လည်းကောင်း။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ယန်းခမ်းအထက်အခါရွာသို့ ရေဂါလန် ၂၇ဝဝ၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ရေပေါက်ချောင်းကျေးရွာသို့ ရေဂါလန် ၁ဝဝဝ၊ ရမ်းဗြဲမြို့နယ် အောင်စည်သာယာကျေးရွာသို့ ရေ ဂါလန် ၈ဝဝ၊ မကွေးတိုင်းဒေသကြီး သပြေရိုးကျေးရွာသို့ ရေဂါလန် ၁၆ဝဝ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာအတွင်းရှိ ချမ်းမြေ့သာရီရပ်ကွက်၊ အဏ္ဏဝါရပ် ကွက်၊ ရတနာရပ်ကွက်၊ ကျွဲကူးရပ်ကွက် များသို့ ရေဂါလန် ၄၈ဝဝ တို့ကို အသီးသီး ဖြန့်ဝေပေးခဲ့ကြောင်းနှင့် လိုအပ်သောနေရာများသို့ နေ့စဉ် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment