ဘဂ္ဂဒက် ဖေဖော်ဝါရီ ၂၉
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်အရှေ့ပိုင်း၌ ဗုံးခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ၇၃ ဦးထက် မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိ ကြောင်း၊ ယင်းတိုက်ခိုက်မှုများမှာ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ကြေညာကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ဘဂ္ဂဒက်အရှေ့ပိုင်း ဆာဒါးစီတီးရှိ ရှီးယိုက်တို့နေထိုင်ရာ ရပ်ကွက်၌ တည်ရှိသော ဈေးတစ်ဈေးတွင် အသေခံဗုံးခွဲသူ နှစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ အစောပိုင်းက မရီဒီအမည်ရှိ ဈေး၌ မော်တော်ဆိုင်ကယ်တစ်စီးကို အသုံးပြု၍ ဗုံးထောင်ကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ပထမဗုံးပေါက်ကွဲမှုအပြီး အသေခံဗုံးခွဲတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဆင်ဟွာ။
No comments:
Post a Comment