Thursday, March 31, 2016

အသင်းကြီးတွေအောင်ပွဲခံနိုင်ရေးအပြိုင်ကြိုးစားကြမယ့် ပရီမီယာလိဂ်ပွဲစဉ်(၃၂)

မိုးမြင့်လင်းလက်

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာတော့ ဥရောပ ပြည်တွင်းလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်မှာဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီရဲ့ ပန်းဝင်ချိန်ကာလရောက်နေပြီး ခြေတစ်လှမ်း အမှားခံလို့မရတော့တဲ့ ပွဲတွေဖြစ်လာတာမို့ အသင်းတိုင်း အလေးထား အာရုံစိုက် ကစားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃၂)အဖြစ် ယှဉ်ပြိုင်ကစားကြမယ့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ လက်စတာနဲ့ မန်ယူတို့ရဲ့ အားပြိုင်မှုတွေကို စောင့်ကြည့်အားပေးကြရဦးမှာ ဖြစ်ပါတယ်။လက်စတာနှင့် ဆောက်သမ်တန်
လက်စတာတို့အတွက်ကတော့ လက်ကျန်ပွဲ ခြောက်ပွဲစလုံးကို နိုင်ပွဲတွေနဲ့ ဖြတ်သန်းရေး ကြိုးစားတော့မှာဖြစ်ပါတယ်။ ဆောက်သမ်တန် တို့ကတော့ လက်စတာနဲ့ ဆုံတိုင်း အမှတ်ရ အောင် ကစားနိုင်တာမို့ လက်စတာအတွက် သတိကြီးကြီးထားပြီး ကစားမှာဖြစ်ပါတယ်။ လက်စတာရဲ့ တိုက်စစ်၊ ခံစစ်အပိုင်းက အကောင်း ဆုံး အနေအထားရှိနေပြီး ဆောက်သမ်တန်တို့ ထက် ပိုမိုသာလွန်ပါတယ်။ လက်ရှိအနေအထား မှာတော့ လက်စတာရဲ့ အိမ်ကွင်းလည်းဖြစ်တာမို့ ဂိုးမပြတ်ပေမယ့် အိမ်ရှင်တို့ပဲ နိုင်ပွဲရသွားပါလိမ့် မယ်။ 

ချယ်လ်ဆီးနှင့် ဗီလာ
ချယ်လ်ဆီးတို့ကတော့ နောက်ဆုံး လေးသင်း စာရင်းဝင်ဖို့ဖြစ်နိုင်ခြေ နည်းသွားပြီဖြစ်ပေမယ့် အသင်းတိုင်း၊ ပွဲတိုင်းကို အလေးထားပြီး ကစား နေပါတယ်။ နည်းပြ ဟစ်ဒင့်ရဲ့ အခင်းအကျင်း တွေကြောင့် ရလဒ်ကောင်းတွေ ပြန်ရလာတဲ့ ချယ်လ်ဆီးဟာ ဗီလာကိုလည်း အနိမ့်ဆုံး တစ် မှတ်ရအောင် ကြိုးစားပါလိမ့်မယ်။ ချယ်လ်ဆီးမှာ ဖယ်လ်ကာအို၊ ကော်စတာ၊ ဟာဇက်တို့ မပါ ဝင်နိုင်တာမို့ အားနည်းချက်ရှိနေတာတော့ အမှန်ပါပဲ။ ဗီလာတို့ကတော့ လက်ရှိခြေစွမ်းအရ အမြင့်ဆုံး မျှော်မှန်းနိုင်တာက တစ်မှတ်ထက် မပို နိုင်ပါဘူး။ 

အာဆင်နယ်နှင့် ဝက်ဖို့ဒ်
ပွဲရလဒ်တွေ မကောင်းလို့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်နည်းပြနဲ့ အသင်း သားတွေအတွက် ဒီပွဲက အရေးကြီးနေပါတယ်။ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တောင် ဖိအားတွေရှိနေတာမို့ အာဆင်နယ်တို့ ဒီပွဲမှာ အပြင်းအထန် ရုန်းကန် ပြီးနိုင်ပွဲရအောင် အားထုတ်ပါလိမ့်မယ်။ ဝက်ဖို့ဒ် တို့ကတော့ အာဆင်နယ်ကို အခက်တွေ့အောင် ကစားနိုင်တဲ့ ခြေစွမ်းရှိလို့ ဒီပွဲမှာ မထင်မှတ်တဲ့ ရလဒ်ထွက်ပေါ်သွားနိုင်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်တဲ့ အာဆင်နယ်တို့ရဲ့ ပွဲပဲဖြစ်သွားပါလိမ့်မယ်။

မန်စီးတီးနှင့် ဘုန်းမောက်
မန်စီးတီးတို့အတွက် အမှားအယွင်း လုံးဝမခံ တော့ဘဲ ပွဲတွေဖြစ်နေတာမို့ အခုပွဲမှာတော့ အမှတ်ပြည့်ရယူရေးအတွက်ကလွဲပြီး တခြား ရလဒ်ကို ပုံဖော်မှာ မဟုတ်ပါဘူး။ ဘုန်းမောက် တို့က တိုက်စစ်ရော ခံစစ်ပိုင်းမှာပါ အားရစရာ အနေအထားမဟုတ်တဲ့အပြင် ကွင်းလယ်ကစား အားလည်း ကျဆင်းနေပါတယ်။ ကွင်းလယ်က တိုက်စစ်ကို ပံ့ပိုးမှုအပိုင်းမှာ အပိုအလိုတွေဖြစ် နေတဲ့ ဘုန်းမောက်ကို မန်စီးတီးတို့ ဂိုးပြတ်သွင်း အောင်ပွဲခံနိုင်ရေး ကြိုးစားပါလိမ့်မယ်။

မန်ယူနှင့် အဲဗာတန်
မန်စီးတီးကို အနိုင်ကစားပြီး စိတ်ဓာတ်မြင့်မား လာတဲ့ မန်ယူကစားသမားတွေအတွက် အခုပွဲ က အိမ်ကွင်းဆိုပေမယ့် ပြိုင်ဘက်က အဲဗာတန် ဖြစ်တာမို့ ရင်ပူစရာကောင်းနေတာတော့ အမှန် ပါပဲ။ အဲဗာတန်ဟာ မန်ယူနဲ့ဆုံတိုင်း ဖိအားပေး ကစားနိုင်ပြီး အမှတ်ရအောင်လည်း စွမ်းဆောင် နိုင်ပါတယ်။ အသင်းလိုက်ကစားအားကောင်းတဲ့ အဲဗာတန်ဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ သွားကစား ရပေမယ့် မန်ယူကို အခက်တွေ့အောင် ကစားပါ လိမ့်မယ်။ လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်ကို ပွဲထုတ် လာဖို့ရှိတဲ့ နည်းပြ ဗန်ဟားလ်ဟာ ဒီပွဲကို ဘယ်လို အခင်းအကျင်းနဲ့ ဧည့်ခံမလဲကြည့်ရမှာ ပါ။ မန်ယူတို့ အနိမ့်ဆုံး တစ်မှတ်တော့ ရနိုင်တဲ့ ပွဲပါ။

နော့ဝှစ်ခ်ျနဲ့ နယူးကာဆယ်
အမှတ်ပြည့်ရယူရေး ကြိုးစားမယ့် နယူးကာ ဆယ်အတွက်တော့ အဝေးကွင်းဆိုပေမယ့် တိုက် စစ်ဖွင့်ကစားပါလိမ့်မယ်။ နယူးကာဆယ်တို့က ခြေစွမ်းအတက်အကျရှိနေပေမယ့် နော့ဝှစ်ခ်ျရဲ့ အိမ်ကွင်းတုံ့ပြန်မှုက ပြင်းထန်တတ်တာမို့ သတိပြုရမှာပါ။ နော့ဝှစ်ခ်ျ တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် အားနည်းမှုက ရလဒ်ကို ထိခိုက် စေတာမို့ ဒီပွဲမှာ နယူးကာဆယ်တို့ အခြေအနေ ကောင်းသွားနိုင်ပါတယ်။

လီဗာပူးနှင့် စပါး
ခြေစွာနေတဲ့ စပါးတို့က နောက်ဆုံးလေးသင်း စာရင်းမှာ တင်ကျန်နိုင်ရေး အတိမ်းအစောင်း မရှိ အောင်ကြိုးစားနေပါတယ်။ လီဗာပူးတို့ကလည်း ရာသီကုန်ချိန်မှာပွဲတိုင်း နိုင်ပွဲရအောင် အားထုတ် နေတာမို့ အခုပွဲမှာ အိမ်ကွင်းလည်းဖြစ်တာ ကြောင့် အနိမ့်ဆုံး တစ်မှတ်ရအောင် စွမ်းဆောင် ပါလိမ့်မယ်။ ဒါပေမယ့် တိုက်စစ်မှူးတွေ စွမ်းရည် မြင့်မားတဲ့ စပါးဟာ အဝေးကွင်းဆိုပေမယ့် လီဗာပူးကို ကျော်ဖြတ်ဖို့ သေသေချာချာပြင်ဆင် ပြီး ရင်ဆိုင်မှာမို့ ဒီပွဲမှာ စပါးတို့ အမှတ်ပြည့် ရသွားနိုင်ပါတယ်။ ။

No comments:

Post a Comment