နေပြည်တော် ဖေဖော်ဝါရီ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လျူဘိုမီယာ ဇာအိုရာလက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ စွမ်းအင်၊ သတ္တု၊ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန် ကဏ္ဍများနှင့်စပ်လျဉ်းသည့် စက်မှုစီးပွားရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာကံဇော်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး တက်ရောက်သည်။
(သတင်းစဉ်)
No comments:
Post a Comment