Thursday, March 31, 2016

ပခုက္ကူ၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

The Mirror Daily's photo.
ပခုက္ကူ မတ် ၃ဝ
ပခုက္ကူမြို့ မြို့သစ်ရပ် ချယ်ရီလမ်းရှိ ရွှေကောင်းစားသောက်ဆိုင် အခန်းအမှတ်(၅)တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးပြားများ လာရောက်ရောင်းချ သူနှင့် ဆက်စပ်ပြစ်မှုကျူးလွန်သူများအား မတ် ၂၈ ရက် ၈ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မှုခင်းအကူ တပ်ဖွဲ့မှ ရဲအုပ်မျိုးနိုင်၊ ရဲအုပ် နိုင်လင်းနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပခုက္ကူမြို့ မြို့သစ်ရပ် ချယ်ရီ လမ်းရှိ ရွှေကောင်းစားသောက်ဆိုင် အခန်း(၅)တွင် စောင့်ဆိုင်းနေစဉ် ကျော်ကြီး(ခ) ကျော်ဇင်ထွန်းနှင့် ပခုက္ကူမြို့ အမှတ်(၁၁) ရပ်ကွက် ၁၂လမ်းနေ ပိုင်ဖြိုးလွင်(ခ) ပိုင်ကြီး (ခ)ငပိုင်မှာ ကလစ်ဘီး အနက်ရောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၄င်းတို့အား ရှာဖွေရာ ကျော်ကြီး(ခ)ကျော်ဇင်ထွန်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ (အလေးချိန် ၂ဝ ဒသမ ၁ ဂရမ်)၊ ဆေးပြားရောင်းချရ ငွေကျပ် ၄၅ဝဝ၊ အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံးတို့ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ရှာဖွေရာ အပေါက်ဝတွင် စောင့်ဆိုင်းနေသူ ပိုင်ဖြိုးလွင်ထံမှ နံပါတ်ပါ အနက်ရောင်ကလစ်ဘီး ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၁ဝဝဝ တို့ အား သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အားစစ်မေးရာ ပခုက္ကူမြို့ မြို့ရှောင်လမ်းနှင့် မြိုင်လမ်းဆုံအနီးရှိ စားသောက်ဆိုင်တွင် အတူသွားရောက် ရောင်းချပေးသူ ပြာလောင်(ခ)ဌေးမင်းလှိုင် စောင့်ဆိုင်းနေကြောင်း သိရ၍ သွားရောက်ဖမ်းဆီးခဲ့ပြီး ¤င်းထံမှ မူးယစ် ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် အဖြူရောင် ပလတ်စတစ်အိတ်သေး ခြောက် လုံး၊ ငွေစက္ကူရောရာ ကျပ် ၁၁၄၇၅ဝ၊ ပိုင်ဖြိုးလွင်ပိုင်ဆိုင်သော နံပါတ်ပါ JIANSHE ၁၁ဝ အမျိုးအစား အနက်ရောင် ဆိုင်ကယ်တို့ အားတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး များ လက်ဝယ်ကိုင်ဆောင်ရောင်းချသူ ကျော်ကြီး(ခ)ကျော်ဇင်ထွန်း၊ ပြာလောင်၊ ပိုင်ဖြိုးလွင်တို့အား ပခုက္ကူမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment