Monday, February 29, 2016

အီရန်ရွေးကောက်ပွဲ သမ္မတဟက်ဆန်ရိုဟာနီအနိုင်ရ



Myanmaalinn's photo.
တီဟီရန် ဖေဖော်ဝါရီ ၂၈

အီရန်ပြုပြင်ပြောင်းလဲရေးသမ္မတ ဟက်ဆန်ရိုဟာနီသည် အီရန်နိုင်ငံ က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားစာချုပ် ချုပ်ဆိုအပြီး ပထမဆုံးကျင်းပသော ရွေးကောက် ပွဲတွင် တီဟီရန်၌ မဲအပြတ်အသတ် နှင့် အနိုင်ရရှိသွားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။
ရေတွက်ပြီး မဲရုံ ၉ဝ ရာခိုင်နှုန်းတွင် ရိုဟာနီလိုလားသူများက မြို့တော် တီဟီရန်လွှတ်တော်အမတ်နေရာ ၃ဝ စလုံးတွင် အနိုင်ရရန်မျှော်လင့် ထားသည်။
ကွန်ဆာဗေးတစ်သမ္မတလောင်း ဟက်ဒက်အဒဲလ်က ၃၁ နေရာရခဲ့ သည်။ သောကြာနေ့က သန်းပေါင်း များစွာသော ပြည်သူများသည် ပါလီမန်အမတ်နေရာ ၂၉ဝ ရွေး ကောက်တင်မြှောက်ရန် မဲပေးခဲ့ကြ သည်။ ၈၈ ဦး ပါလီမန်အဖွဲ့က အီရန်နိုင်ငံ၏ ခေါင်းဆောင်နှင့် အသက် ၇၆ နှစ်အရွယ်ရှိ ကျန်းမာ ရေးယိုယွင်းလာသော အယာတိုလာ ခါမေနီနေရာအတွက် ရွေးချယ်ပေး မည်ဖြစ်ကြောင်း သိရသည်။

(ရိုက်တာ)

No comments:

Post a Comment