Tuesday, January 12, 2016

အာရပ်အဖွဲ့ချုပ်က အီရန်နိုင်ငံကို ရှုတ်ချ




The Mirror Daily's photo.


ကိုင်ရို ဇန်နဝါရီ ၁၁

အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက အီရန်နိုင်ငံသည် အာရပ်နိုင်ငံများ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ပြီး ဂိုဏ်းဂဏကွဲပြားမှုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်နေခြင်းဖြစ်ကြောင်း စွပ်စွဲကာ ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံက ကွပ်မျက်သည့်အတွက် အီရန်နိုင်ငံရှိ ဆော်ဒီသံရုံးတိုက်ခိုက်ခံရပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံက အီရန်နိုင်ငံနှင့် သံတမန်ဆက်သွယ်မှုဖြတ်တောက်ခဲ့သည်။

အာရပ်အဖွဲ့ချုပ်နိုင်ငံများ၏အရေးပေါ်အစည်းအဝေးကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တွင် ဇန်နဝါရီ ၁ဝ ရက်က ကျင်းပခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး အဒယ် အယ် ဂျူဘီယာ က အီရန်နိုင်ငံသည် ၎င်းတို့၏ သံတမန်ရေးမစ်ရှင်တွင် ကျရှုံးခဲ့ရသည်ဟု အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများသို့ ပြောကြားသည်။

ဆော်ဒီအာရေဗျနိုင်ငံ၏တောင်းဆိုမှုကြောင့် အစည်းအဝေးအပြီးတွင် အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများက အီရန်နိုင်ငံသည် ဆီးရီးယားနှင့် ယီမင်တို့၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ပြီး ဂိုဏ်းဂဏကွဲအောင် လှုံ့ဆော်နေသည်ဟု စွပ်စွဲသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အာရပ်အဖွဲ့ချုပ်က ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့လည်း တင်ပြသွားမည်ဟု ဆိုသည်။ အီရန် ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာအများစု လွှမ်းမိုးသည့် လက်ဘနွန်နိုင်ငံက အာရပ်အဖွဲ့ချုပ်၏ ကြေညာချက်ကို ကန့်ကွက်ခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment