Tuesday, January 12, 2016

ကိုရီးယားကျွန်းဆွယ်အပေါ် အမေရိကန်က မဟာဗျူဟာလက်နက်များ ဖြန့်ကြက်ဖွယ်ရှိ



Myanmaalinn's photo.
ဆိုးလ် ဇန်နဝါရီ ၁၁

လွန်ခဲ့သော သီတင်းပတ်က မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားနိုင်ငံအပေါ် ဗုံးကြဲ လေယာဉ်B-52 ပျံသန်းပြီး တစ်ရက် အကြာ ကိုရီးယားကျွန်းဆွယ်သို့ မဟာဗျူဟာ လက်နက်များ ထပ်မံ ဖြန့်ကြက်သွားရန် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဆွေးနွေး နေကြောင်း ရိုက်တာသတင်းတစ်ရပ် တွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့် ကိုရီးယား ကျွန်းဆွယ်အပေါ် မဟာ ဗျူဟာလက်နက်များ ဖြန့်ကြက်ရန် ဆွေးနွေးလျက်ရှိကြောင်း တောင် ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆောက်က တနင်္လာနေ့တွင် ပြောကြားလိုက် သည်။ ကိုရီးယားကျွန်းဆွယ်အပေါ် အမေရိကန်က ဖြန့်ကြက်ဖွယ်ရှိ သည့် မဟာဗျူဟာ လက်နက်များ တွင်B-2ဗုံးကြဲလေယာဉ်များ၊ နျူ ကလီးယားစွမ်းအင်သုံး ဗုံးကြဲလေ ယာဉ်များနှင့် F-22 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များ ပါဝင် ကြောင်း တောင်ကိုရီးယားမီဒီယာက ပြောသည်။ သို့သော် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ယင်းကိစ္စနှင့် ပတ် သက်ပြီး အသေးစိတ် ထုတ်ဖော်ပြော ကြားခြင်း မရှိပေ။ ကိုရီးယားနှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေသော ကေ ဆောင်စက်မှုဇုန်အတွင်း ဝင်ထွက် သွားလာမှုကို အင်္ဂါ နေ့မှ စတင်ကာ သာမန်အဆင့်မှစ၍ တင်းကျပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင် ကိုရီးယားနိုင်ငံက တနင်္လာနေ့တွင် ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment