Saturday, January 30, 2016

ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်များပြင်သစ်နှင့် အီရန်လက်မှတ်ရေးထိုး



The Mirror Daily's photo.


ပါရီ ဇန်နဝါရီ ၂၉

ပြင်သစ်နိုင်ငံသို့ရောက်ရှိနေသော အီရန်သမ္မတ ဟက်ဆန်ရိုဟာနီသည် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် အများအပြားကို ဇန်နဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

အီရန်သမ္မတတစ်ဦး ပြင်သစ်နိုင်ငံသို့ လာရောက်ခြင်းမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ အီရန်နှင့် ဥရောပနိုင်ငံတို့အကြား ပြန်လည်သင့်မြတ်လာသည့် လက္ခဏာတစ်ရပ်အဖြစ် ၎င်း၏ ခရီးစဉ်ဖြစ်ပေါ်လာသည်။ အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ယင်းနိုင်ငံအပေါ်ချမှတ်ခဲ့သော ဒဏ်ခတ်အရေးယူမှုများကို မကြာမီက အဆုံးသတ်ခဲ့သည်။

အီရန်နိုင်ငံသည် ဥရောပလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော အဲဘတ်စ်ကုမ္ပဏီထံမှ ခရီးသည်တင်လေယာဉ် ၁၄၄ စင်း ဝယ်ယူရန် ရည်မှန်းထားပုံကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

အီရန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံအကြား မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းတစ်ရပ်ကို ဖက်စပ်ထူထောင်ရန်လည်း ရည်မှန်းထားသည်။ပြင်သစ်နိုင်ငံရှိ ပူဂျိုကားကုမ္ပဏီသည် အီရန်ရှိ ခိုဒရိုကားကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်မည်ဖြစ်သည်။

ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသူ သမ္မတရိုဟာနီအား အီရန် အတိုက်အခံလှုပ်ရှားသူများက မြို့တော်ပါရီ၌ ကန့်ကွက်ဆန္ဒပြရန် စီစဉ်ထားသည်။

သမ္မတရိုဟာနီသည် သမ္မတ ဖရန်ဆွာဟော်လန်းနှင့် ဆီးရီးယား ပြဿနာကို အလေးအနက်ပြုဆွေးနွေးမည်ဟုမျှော်လင့်ရသည်။
ရိုက်တာ။

No comments:

Post a Comment