Wednesday, December 30, 2015

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး


ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေညာသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ်


Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၂၉

ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ (အောက်ပုံ) ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်နိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ အထူးကုန်စည်ခွန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ရှင်းလင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတို့ဆောင်ရွက်သည်။
ယနေ့အစည်းအဝေးတွင် နိုင်ငံ တော်သမ္မတထံမှ ပေးပို့သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးကြသည်။
ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင် မောင်ဦးက ကျောက်ဖြူအထူးစီးပွား ရေးဇုန် သတ်မှတ်ကြေညာကာ အမိန့် ကြေညာစာထုတ်ပြန်သည့် ကိစ္စသည် နိုင်ငံတော်နှင့် ရခိုင်ပြည်နယ် အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း၊ လက်ရှိအစိုးရအဖွဲ့ ၏ ကျန်ရှိသည့် သက်တမ်းအတွင်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိနိုင်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ၏ အစိုးရသက်တမ်း ငါးနှစ်တွင် ကာလတိုစီမံကိန်းများကို အကောင်အထည်ဖော်နိုင်မည် ဖြစ် သော်လည်း ကာလလတ်၊ ကာလရှည် စီမံကိန်းများ ဆောင်ရွက်ရာတွင် အစိုးရအဆက်ဆက် လွှဲပြောင်း ရမည်မှာ လုပ်ငန်းသဘာဝဖြစ်ပါ ကြောင်း၊ ယခုစီမံကိန်းနှင့် ပတ်သက် ၍ နယ်နိမိတ်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်၏ အဆုံး အဖြတ်ရယူသင့်ပါကြောင်း၊ စီမံ ကိန်း အကောင်အထည်ဖော်ခြင်းကို လာမည့်အစိုးရလက်ထက်တွင် ပိုမို ပြည့်စုံစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံ တော်အတွက် အကျိုးရှိအောင် အစိုးရအဆက်ဆက် လွှဲပြောင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်း လှိုင်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းသည် နိုင်ငံတော်နှင့် ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါ ကြောင်း၊ သို့သော် စီမံကိန်းလုပ်ငန်း ပမာဏကြီးမားသည့်အတွက် စီမံ ကိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ပြုလွယ် ပြောင်းလွယ်သည့် သဘောတူညီမှု များရှိရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအေးမောင်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် သဘာဝက ထူးခြားစွာပေးထားသော တန်ဖိုးရှိသည့် ရေနက်ဆိပ်ကမ်း တစ်ခုဖြစ်သည့်အတွက် ရေနက် ဆိပ်ကမ်းတည်ဆောက်ရန် ဆောင် ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ ထို့ပြင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် BICM Economic Corridor ၏ လမ်းကြောင်းတွင် တည်ရှိပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် မဟာဗျူဟာမြောက် မိတ်ဖက်၊ နိုင်ငံ ရေးမိတ်ဖက်၊ စီးပွားရေးမိတ်ဖက် စသည့် ဆက်စပ်မှုများကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ မိတ်ဖက်ကောင်းမွန် သည့် ကုမ္ပဏီများ၏ပါဝင်မှုကို ထည့်သွင်းစဉ်းစား သင့်ပါကြောင်း ဆွေးနွေးသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာ မင်းက ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ရခိုင်တိုင်းရင်းသားများ အပြင် ပြည်ထောင်စုကြီးတစ်ခုလုံး အတွက် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် နောင်လာမည့်အစိုးရသည် ယခု သဘောတူညီချက်များကို ဆက်လက် တာဝန်ယူကာ နိုင်ငံသားများအကျိုး အတွက် အကောင်းဆုံးဆောင်ရွက် ပေးနိုင်အောင် ပြုလွယ်ပြောင်းလွယ် နိုင်သည့် သဘောတူညီချက်များ ထည့်သွင်းရေးဆွဲပေးရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ ၏ ဆွေးနွေးမှုများအပေါ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့် သိန်းနှင့် အထူးစီးပွားရေးဇုန် ဗဟို အဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်နာယကက ယခု လွှတ်တော်ကိုယ်စားလှယ်များ အနေ ဖြင့် စီးပွားရေးဇုန်တည်ဆောက်မှု ကို လိုလားနှစ်ခြိုက်ပါကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အဖြစ် သတ်မှတ်ကြေညာသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သဘောတူမတူ ဆုံးဖြတ်ရန်ဖြစ်ပါကြောင်း၊ ကျန်သည့် Business Model မှာ နောင်တက် လာမည့်အစိုးရနှင့် အဖွဲ့အစည်းများ က ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ် ကြေညာသည့် အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ ထောက်ခံဆန္ဒ မဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပေးပို့သော အထူးကုန်စည်ခွန် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက် များနှင့်အညီ အတည်ပြုပေးစေလို ကြောင်းရှင်းလင်းကာ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက အပိုဒ်၊ အပိုဒ် ခွဲအလိုက် ဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ဖားကန့်ဒေသ၌ ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင် ရွက်မည့် နည်းလမ်းသုံးခုနှင့် စပ်လျဉ်း ၍ ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်၍ အကျိုးရှိမည့် နည်းလမ်းများကို အလေးအနက်ထား ပြန်လည်သုံးသပ် စီမံဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံ တော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ ထားကြောင်း လွှတ်တော်သို့ အသိပေး ကြေညာသည်။

(သတင်းစဉ်)

No comments:

Post a Comment