Saturday, November 28, 2015

ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများအား ရဲစခန်းတွင်အမှုဖွင့်ထားပြီး တရားရုံး၏အဆုံးအဖြတ်ကို ရယူရမည်ဖြစ်






နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲအား တည်ငြိမ်အေးချမ်း အောင်မြင် စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ ရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများအား ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး၏ အဆုံး အဖြတ်ကို ရယူရမည်ဖြစ်ကြောင်း၊ တရားမဲ့ပြုကျင့်မှုများအပေါ် ကန့် ကွက်လွှာတင်လိုပါက ရွေးကောက် ပွဲရလဒ်ကြေညာပြီး (၄၅)ရက် အတွင်း တင်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ကန့်ကွက်လွှာ များအား Open Court ဖြင့် လွတ်လပ်မျှတစွာ စစ်ဆေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်းနှင့် မီဒီယာ များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ လာရောက် လေ့လာနိုင်ကြောင်း ပြောကြား သည်။

ယင်းနောက် မစ္စတာ ဗီဂျေနမ် ဘီးယားက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား ဘက်လိုက်မှု မရှိဘဲ ဥပဒေနှင့်အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့မှုကို ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်ကိုယ်တိုင် အသိအမှတ်ပြု ပါကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ သည်။
(သတင်းစဉ်)

No comments:

Post a Comment