Monday, August 31, 2015

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများလူမှုကူညီထောက်ပံ့ရေးအဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း



The Mirror Daily's photo.

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ဆန် ၄၁၆ အိတ်၊ အဝတ်အစား ၇၇၄ အိတ်၊ ငါးသေတ္တာ၊ အသင့်စားခေါက်ဆွဲထုပ်များ၊ ဆေးဝါးများ အပါအဝင် ပစ္စည်း ၃၁ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၃ဝဝ ကျော်ဖိုးကို သြဂုတ် ၂၆ ရက်တွင် လှည်းကူးမြို့ မက်စ် ဓာတ်ဆီဆိုင်ခန်းမ၌ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွား ရေးဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လူမှုကူညီထောက်ပံ့ရေးအဖွဲ့ (မဟာချိုင်/ဘန်ထိုလတ်အခြေစိုက်)တို့က ဧရာဝတီဖောင်ဒေးရှင်းမှ ဦးမိုးအောင်ချောနှင့် တူမောရိုးဂျာနယ်မှ ဦးဝဏ္ဏတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ကူညီထောက်ပံ့ရေးပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းရှိ ယခုအချိန်တိုင် ရေနစ်မြုပ်နေသော ကျေးရွာများဖြစ်သည့် ရွှေညောင်ပင်၊ လင်းတာကျ၊ ဒါးကညောင်ကုန်း၊ ဇီးပင်ကွင်း၊ သမင်ကုန်း၊ ငဝန်ဒေါင်ကြီး၊ ကင်းတပ်ကျေးရွာများမှ ရေဘေးသင့် ပြည်သူများသို့ သြဂုတ် ၂၇ ရက်က သွားရောက်လှူဒါန်းခဲ့ကြသည်။

ယင်းအဖွဲ့သည် ဧရာဝတီဖောင်ဒေးရှင်းမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် စားသုံးဆီများဝယ်ရန် ငွေကျပ် သိန်း ၄ဝ ကိုလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment