Monday, August 31, 2015

မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်း


The Mirror Daily's photo.
လှိုင်းဘွဲ သြဂုတ် ၃ဝ

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်ရန် စီမံကိန်းကျေးရွာ တာကရား (ရှေ့)၊ တာကရား(နောက်) ကျေးရွာတို့တွင် သြဂုတ် ၁၈ ရက်က လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေ ဝဏ္ဏလှိုင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသိန်းစိုး၊ ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် ဝန်ထမ်းများသည် မြို့နယ်မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်ရေးကော်မတီဝင်များနှင့်အတူ ယင်းကျေးရွာများရှိ ဘုန်းကြီး ကျောင်းများ၌ ဒေသခံ ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ မြစိမ်းရောင်ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

''မြစိမ်းရောင်ကျေးရွာရန်ပုံငွေဆိုတာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဖြစ်ပါတယ်။ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်ရခြင်းနဲ့ တစ်ဦးချင်းဝင်ငွေတိုးတက်၍ တစ်ရွာလုံးဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ပြီး ဆင်းရဲ မှု ရာခိုင်နှုန်းကို လျှော့ချနိုင်စေရန်ရည်ရွယ်တာဖြစ်ပါတယ်'' ဟုအဆိုပါ တွေ့ဆုံ ပွဲတွင် မြို့နယ်ကျေးလက်ဦးစီးမှူးက ရှင်းပြသည်။

အလားတူ ကိုဧည့်သည်၊ ကွမ်တာ၊ ဖာပွန်၊ ကော့ဝါးမီ၊ ထန်းတပင်၊ ရွာကိုင်းကောင်း၊ ဝိုင်းထော်၊ တာပေါင် ကမ်းနား+ကော့ပေါ၊ လှကဇိုင်း၊ ကော့လန်စူ၊ ကော့ကရယ်ကျွန်း၊ နံ့သာအုန်း စသည့်ကျေးရွာများတွင်လည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်/ကျေးလက်

No comments:

Post a Comment