သရက် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ရေပေါ်ကျွန်းရွာတွင် ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ အစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများကို နေရာပြောင်းရွှေ့ ကူညီပေးမှု လေးကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြောင်းရွှေ့ပေးရာတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်လှ၊ နယ်မြေခံတပ်မှ အရာရှိ နှင့် စစ်သည်များ၊ ခရိုင်မီးသတ်ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်နှင့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်ကူညီကြသည်။
ရေပေါ်ကျွန်းကျေးရွာမှ နွားအကောင် ရေ ၄ဝဝ ကျော်၊ လှည်း ၁၈ စီး၊ အိမ်ထောင်စု ၁၈ စုကို ရွှေပြည်သစ်ကူးတို့လိုင်းမှ ဇက် ရေယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ရာ ခရိုင် အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ပေါက်ကလေး(သရက်)

No comments:
Post a Comment