Thursday, July 30, 2015

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထင်းရှူးပင်လဲကျကာ လမ်းပိတ်ဆို့မှုများအား ရှင်းလင်း





The Mirror Daily's photo.


မင်းတပ် ဇူလိုင် ၂၉

မင်းတပ်မြို့ အနောက်ရပ်ကွက် ဗိုလ်ကျော်ဦးလမ်းတွင် ဇူလိုင် ၂၉ ရက် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး ထင်းရှူးပင်လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

အဆိုပါလမ်းပိတ်ဆို့မှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ လမ်း ဦးစီးအရာရှိ၊ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ သွားရောက်၍ ရပ်ကွက် လူငယ်များနှင့်အတူ ဖြတ်တောက်ဖယ်ရှားခဲ့သဖြင့် ယာဉ်များသွားလာနိုင်ပြီ ဖြစ်သည်။ ကျန်ရှိနေသည့် မြေစာများကို လမ်းဦးစီးဌာနမှ ရှင်းလင်းဖယ်ရှား သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment