Tuesday, June 30, 2015

ထင်သာမြင်သာပြုပြင်စရာ


သောက်သုံးရေလှောင်ကန် ပြုပြင်ပေးစေလို


Myanmaalinn's photo.
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ် အုပ်စု ကုက္ကိုကုန်းကျေးရွာသည် ဧရာဝတီမြစ်နှင့်နီးကပ်သော်လည်း မြစ်ရေ ကျချိန် သီတင်းကျွတ်မှ နောက်နှစ် နယုန်လအထိ သဲသောင်ပြင် ဖြစ်ထွန်းပေါ်ပေါက်လာသည်။ ထို့ကြောင့် မြစ်ရေကျချိန်မြစ်ရေကို မသောက် ရဘဲ မြေအောက်ရေငန်တွင်းများမှသာ သောက်သုံးကြရသည်။ ယင်းဖြစ်စဉ် များကြောင့် နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီးအစီအစဉ်ဖြင့် ကျေးရွာ ထိပ် ဘုရားဝိုင်းအတွင်းတွင် အုတ်ကန်တစ်ကန် တူးဖော်ပေးခဲ့သည်။
အဆိုပါအုတ်ကန်ကို လက်ပံခြေပေါ်မြစ်ရေတင်မှ ရေကိုထည့်သွင်းပြီး ကျေးရွာသူ ကျေးရွာသားများက မြစ်ရေကို သောက်သုံးနေကြရသည်။ နှစ်ပတ်လည် သောက်သုံးရသော အဆိုပါအုတ်ကန်သည် ကွဲအက်ပျက်စီး နေပြီး ရေထည့်မရသည့်အတွက် တစ်မိုင်ခန့်ဝေးကွာသော နေရာများသို့ သွားရောက်ရေသယ်ယူသောက်သုံးနေကြရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် သောက်သုံးရေအုတ်ကန်ကို ဒေသခံပြည်သူ များက ပြုပြင်ပေးစေလိုကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)

No comments:

Post a Comment