Tuesday, June 2, 2015

တရုတ်နိုင်ငံတွင် ကလေးများအတွက် ပညာရေးအရှိန်မြှင့်တင်ဆောင်ရွက်




ပေကျင်း ဇွန် ၁

တရုတ်နိုင်ငံတွင် အောက်ခြေမူလတန်းကျောင်းများ အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းကို နှစ်အစပိုင်းမှ စ၍ ပြုလုပ်ခဲ့သည်။ ကျေးလက်ဒေသများတွင် အဆိုပါကျောင်း များသည် သင်ကြားရေးဝန်ထမ်းများနှင့် ကျောင်းဆရာ ဆရာမများ ရှားပါးသော အခြေအနေနှင့် ရင်ဆိုင်နေရ သည်။ ထို့ကြောင့် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုစုပေါင်း ကျောင်းပေါင်း ၆၄ဝဝဝ အတွက် အမျိုးသားစီမံကိန်း တစ်ရပ်အနေဖြင့် ဒစ်ဂျစ်တယ် ပညာရေးစနစ်ကို ဆောင် ရွက်ပေးခဲ့သည်ဟု သိရသည်။
ယင်းစီမံကိန်းကြောင့် ကျေးလက်နေကလေး လေး သန်းကျော်အတွက် အကျိုးဖြစ်ထွန်းမှုရှိကြောင်း ပညာ ရေးဝန်ကြီးဌာန ဖော်ပြချက်များအရ သိရသည်။

မြို့ကြီးများတွင်ရှိသော ထိပ်တန်းကျောင်းများနှင့် သင်ကြားရေး အရည်အသွေးများ တစ်ပြေးညီရရှိရန် အဆိုပါ မူလတန်းကျောင်းများအတွက် ပရိုဂျက်တာများ၊ ရုပ်မြင်သံကြားစက်များ စသည့် သင်ထောက်ကူပစ္စည်းများ ကို တပ်ဆင်ပေးခဲ့သည်။ တရုတ်နိုင်ငံသည် မကြာသေးမီ နှစ်များအတွင်းက ကလေးများ၏ လူမှုရေး၊ ပညာရေး အတွက် ရင်းနှီးမြှုပ်နှံစီမံခန့်ခွဲခဲ့သည်။ ဖေဖော်ဝါရီလက သမ္မတ ရှီကျင့်ဖျင်သည်ရှန်ဇီနယ်သို့ သွားရောက်ခဲ့စဉ် ဆင်းရဲနွမ်းပါးသော ဒေသများအတွက် ပညာရေးသည် အဓိကပင်ဖြစ်ကြောင်း၊ ပညာရေး၏ အရေးပါပုံများကို တွန်းအားပေးပြောကြားခဲ့သည်။ တာအစတွင် ကလေး များကို တာထွက်မရှုံးစေချင်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment