Tuesday, April 28, 2015

ပုသိမ်၌ ကျောက်၊ သဲတင် ထော်လာဂျီယာဉ်နှင့် ဟွန်ဒါဆိုင်ကယ်တို့ လမ်းလေးခွဆုံ၌တိုက်မိ၊ ဆိုင်ကယ်မောင်းသူသေဆုံး



The Mirror Daily's photo.


ပုသိမ် ဧပြီ ၂၇ 


ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ဘန်ဘွေးကုန်းလမ်းမကြီးနှင့် မြို့ပတ် လမ်းမကြီး လေးခွဆုံ၌ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက တောင်မှမြောက်သို့ မောင်းနှင်လာသော ကျောက်၊ သဲတင်ထော်လာဂျီယာဉ် ၇ဌ/xxxxxxနှင့် အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ဟွန်ဒါဆိုင်ကယ်တို့ ကန့်လန့် ဖြတ်တိုက်မိကြရာ ဟွန်ဒါဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်က ပုသိမ်မြို့ အမှတ်(၁၃)ရပ်ကွက် ရေကြည်ဦး(၂)လမ်းနေ ယာဉ်မောင်း အောင်အောင်(ခ)ဇင်မှူးအောင် (၂၁)နှစ်သည် ရာမညရပ်ကွက်မှ ကျောက်၊ သဲများပို့ဆောင် ပြီး ယာဉ်နောက်လိုက်မပါဘဲ ထော်လာဂျီယာဉ်ကို တစ်ဦးတည်းမောင်းနှင်လာစဉ် မြို့ပတ်လမ်းမနှင့် ဘန့်ဘွေးကုန်းလမ်းမကြီး လမ်းလေးခွဆုံအရောက်၌ ပုသိမ်မြို့ အမှတ်(၆)နယ်မြေ ကမ်းနားလမ်း အိမ်အမှတ်(၄)နေ ဗိုလ်ကြီး လူလှကျော်(ငြိမ်း) (၄၂)နှစ်မောင်းနှင်လာသော ဆိုင်ကယ်အား ကန့်လန့်ဖြတ် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းဝဲဘက် ချိုစောင်းပေါက်ပြဲ၊ ဝဲနဖူးပေါက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ထော်လာဂျီယာဉ် မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။

ထို့ကြောင့် ပုသိမ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်လင်းအောင်နှင့်အဖွဲ့က ထွက်ပြေးတိမ်းရှောင်သွားသော ထော်လာဂျီယာဉ်နှင့် ယာဉ်မောင်းအား လိုက်လံဖမ်းဆီးပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ပုသိမ်လှကြည်)

No comments:

Post a Comment