ရန်ကုန် ဧပြီ ၂၉
မြန်မာနိုင်ငံ ကင်းထောက်ကြီး များ ဒုတိယအကြိမ်တွေ့ဆုံပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာ ကင်းထောက်လူငယ် မောင်မယ်များက ''အစဉ်အသင့်'' ကင်းထောက်သီချင်းဖြင့် အခမ်းအနား ကို သီဆိုဖွင့်လှစ်ပြီး တက်ရောက် လာကြသူ ကင်းထောက်ကြီးများနှင့် ကင်းထောက်လူငယ်မောင်မယ်များ က ကင်းထောက်ကတိသုံးပါး ကို ရွတ်ဆို၍ ကတိပြုကြကာ အမျိုးသားကင်းထောက်ကြီးများနှင့် အမျိုးသမီးကင်းထောက်ကြီးများက ကင်းထောက်သီချင်းဖြင့် သီဆိုဂုဏ်ပြု ကြသည်။
ဆက်လက်၍ ကင်းထောက်ကြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ယာယီကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်ညိုနှင့် အမျိုးသမီး ကင်းထောက်မင်းကြီး ဒေါ်တင်လှကြည်တို့က ကင်းထောက် အဖွဲ့လှုပ်ရှားမှု အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကင်းထောက်ကြီး များနှင့် အလှူရှင်များက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်သို့ ကင်းထောက် အမှတ်တရပစ္စည်းများနှင့် အလှူငွေ များ ပေးအပ်လှူဒါန်းကြပြီး အသက် အကြီးဆုံးအမျိုးသားကင်းထောက် ကြီး ဦးဟင်နရီပန်းအောင်နှင့် အမျိုး သမီးကင်းထောက်ကြီး ဒေါ်ဘာဘရာ ဖေမောင်ဇင်တို့က ဝမ်းသာပီတိစကား ပြောကြားကြကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(မြန်မာ့အလင်း)
No comments:
Post a Comment