Sunday, March 1, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ



ရန်ကုန် ဖေဖော်ဝါရီ ၂၈
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
ကြိုဆိုနှုတ်ဆက်
ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးH.E.Mr. Pisanu Suvanajata နှင့် ဇနီး၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ပြန်လည်လိုက်ပါ
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာဝင်းမြင့်၊ ဦးထင်အောင်၊ ဒေါက်တာစိုင်းကျော်အုန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment