ဆစ္စဒနီ မတ် ၃
သြစတြေးလျ နိုင်ငံအနေဖြင့် အီရတ်နိုင်ငံရှိ တပ်ဖွဲ့ဝင်များအား
လေ့ကျင့်သင်တန်းပေးမှုများ ပိုမို လုပ်ဆောင်နိုင်ရန် တပ်ဖွဲ့ဝင်များ
သိသိသာသာ တိုးမြှင့်စေလွှတ်သွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်တိုနီအက်
ဘော့(တ်)ကကြေညာလိုက်သည်။
နယူးဇီလန်နှင့် ပူးပေါင်း ဆောင်ရွက်သည့်မစ်ရှင်သို့ သြစတြေး လျနိုင်ငံက တပ်ဖွဲ့ဝင် ၃ဝဝ ထပ်မံ စေလွှတ်သွားမည် ဖြစ်ကြောင်း မစ္စတာ အက်ဘော့(တ်)က ပြောကြား သည်။
အဆိုပါ သြစတြေးလျတပ်ဖွဲ့ ဝင်များသည် အီရတ်တပ်ဖွဲ့ဝင် များအား စစ်သင်တန်းပေးနေသော အထူးတပ်ဖွဲ့ဝင် ၂ဝဝ နှင့်သွားရောက် ပူးပေါင်းမည်ဖြစ်သည်။ သြစတြေး လျ တော်ဝင်လေတပ်မတော်သည် အောက်တိုဘာလက အီရတ်ရှိ အိုင်အက်စ်စစ် သွေးကြွများအား လေကြောင်းမှ ဦးဆောင်တိုက်ခိုက် နေသော အမေရိကန်တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းတိုက်ခိုက် လျက်ရှိသည်။
နိုင်ငံတကာ လုံခြုံရေးအတွက် အိုင်အက်စ် စစ်သွေးကြွများအား တိုက်ခိုက် ချေမှုန်းပေးနေသည့် အီရတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ ပေးရမည်ဖြစ်ကြောင်း မစ္စတာ အက်ဘော့(တ်)က ပြောကြား သည်။
အဆိုပါ လေ့ကျင့်ပေးရေးမစ်ရှင် သည် နှစ်နှစ်အထိကြာနိုင်ကြောင်း၊ တစ်နှစ်ကြာပြီးနောက် ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ အီရတ်၌ သြစတြေးလျ တပ်ဖွဲ့ဝင် စုစုပေါင်း ၉ဝဝ အထိ ရှိသွားပြီဖြစ်သည်။ (ဘီဘီစီ)

No comments:
Post a Comment