Tuesday, March 31, 2015

အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ



 

နေပြည်တော် မတ် ၃ဝ
အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ ရှးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြားရာတွင် အမျိုးသားပညာ ရေးဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံ အတွင်းဖြစ်ပေါ်ခဲ့သည့် အခြေအနေ များကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ယနေ့အထိလည်း ယင်း ဂယက်များ ရှိနေဆဲဖြစ်ပါကြောင်း၊ နေပြည်တော်နှင့်ရန်ကုန်၌ လေးပွင့် ဆိုင်ဆွေးနွေးပွဲဖြင့် ညှိနှိုင်းဆောင် ရွက်ခဲ့ရာမှ အရှိန်မြင့်လာပြီး လက်ပံ တန်းမြို့၌ နောက်ဆုံးအခြေအနေ ဖြစ်ပွားခဲ့ပါကြောင်း၊ အခြေအနေ ငြိမ်သက်သွားပြီဟု ပြော၍မရသေးပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က အမျိုးသားပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ပြည်သူ့ကိုယ်စားလှယ် များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းစေသော ဥပဒေတစ်ရပ်ဖြစ်လာရန် စေတနာပါ ပါဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်းဖြင့် ပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ကော်မရှင်အဖွဲ့ဝင် များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment