Wednesday, February 25, 2015

ရီးရဲသမိုင်းမှာ တတိယဂိုးအများဆုံးသွင်းတဲ့ စီရော်နယ်ဒို



ရီးရဲမက်ဒရစ်သမိုင်းတစ်လျှောက်မှာ ဂိုးအများဆုံးသွင်းသူတွေထဲမှာ စီရော်နယ်ဒိုလည်းပါဝင်လာပါပြီ။ ပြီးခဲ့တဲ့ အယ်လ်ချီနဲ့ပွဲမှာ တောင်ပံတိုက်စစ် မှူး စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်သမိုင်းတစ်လျှောက် တတိယဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူဖြစ်လာခဲ့ပါတယ်။ 

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ် သမိုင်းတစ်လျှောက် ဂိုးပေါင်း ၂၉ဝ မြောက်ဂိုးကို ဒီပွဲမှာ သွင်းယူသွားခဲ့တာပါ။

ကားလို့စတီဖန်နိုက ပွဲပေါင်း ၃၉၂ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၃ဝ၅ ဂိုးနဲ့ ဒုတိယမြောက် ဂိုးအများဆုံး သွင်းယူခဲ့သူဖြစ်ခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်က မန်ယူမှတစ်ဆင့် ရောက်လာတဲ့ စီရော်နယ်ဒိုကတော့ ပွဲပေါင်း ၂၈၁ ပွဲမှာ ၂၉ဝ နဲ့ တတိယအများဆုံး ဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပါပြီ။

ရီးရဲမက်ဒရစ်သမိုင်းမှာ ရာအူးလ်ကတော့ ပွဲပေါင်း ၇၄၁ ပွဲမှာ ၃၂၃ ဂိုးနဲ့ ဂိုးအများဆုံး သွင်းခဲ့သူဖြစ်ခဲ့ပါတယ်။ သို့သော်လည်း စီရော်နယ်ဒိုဟာ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလက ဆိုစီဒက်နဲ့ကစားတဲ့ပွဲမှ စတင်ကာ ရီးရဲအတွက် ဂိုးသွင်းယူခဲ့တယ်လို့ စပိန်လာလီဂါတာဝန်ရှိသူများက ဆိုကြပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်သမိုင်းတစ်လျှောက် ဂိုး အများဆုံးသွင်းသူအဖြစ် လာမယ့်နှစ်အတွင်းမှာ စံချိန်သစ် ချိုးဖွယ်ရှိပါတယ်။

ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment