တပ်ကုန်း ဖေဖော်ဝါရီ ၂၅
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၌ အာလူးစိုက် ဒေသများရှိ
အာလူးဖော်ချိန် နေ့စားလိုက်သူများ ဝင်ငွေ အဆင် ပြေသော်လည်း
အာလူးစိုက်သူများ အရှုံးပေါ်ကြောင်း အာလူးစိုက် တောင်သူများက ပြောပြသည်။
''ဒီနှစ် အာလူးစိုက်တောင်သူတွေ အလုပ်သမားခက်ခဲမှုနှင့် မျိုးညံ့ ဒဏ် အတော်ခံလိုက်ရပါတယ်၊ အာလူးဥချိန်တွင် မိုးကလည်း အခါ မဟုတ် ရွာလိုက်တော့ မြေကျပ် ဒဏ်လည်း ခံလိုက်ရပါသေးတယ်၊ မျိုးညံ့ပြီး မြေကျပ်တော့ အာလူးတွေက ပုတီးလုံးဥများကာ ကုန်ချိန်မှာလည်း အထွက်နှုန်းနည်းပြီး ဈေးကလည်း အခုရက်ပိုင်း ဂျွံတစ်ပိဿာမှ ငွေကျပ် ၂၈ဝ မှ ၂၉ဝ ရောင်းချရပါ တယ်၊ မှန်းချက်မကိုက် အရှုံးပေါ် နေကြောင်း'' သိရသည်။
အာလူးကုန်ချိန် ၃ဝဝ စိုက် တစ်ခင်းတွင် ထယ်၊ မျိုး၊ ပေါင်းမြက်၊ ရေလောင်းခများ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၁ဝ သိန်းကျော်ဖြစ်ပြီး ထွက်ရှိသော အာလူး အကြီးအသေးကုန်ချိန် လေးထောင်၊ အကြီးအသေးရွေးပြီး ဂျွံအာလူးခန့်မှန်းကုန်ချိန် သုံးထောင် ရရှိပါမည်ဟု ဂွေးပင်ကျေးရွာမှ အာလူးစိုက်တောင်သူကပြောသည်။
(၄၁၇)

No comments:
Post a Comment