Wednesday, February 25, 2015

မြန်မာနိုင်ငံ ကောင်းမွန်သောအုပ်ချုပ်ရေးလုပ်ငန်းစဉ်ဆိုင်ရာဖိုရမ် ကျင်းပ

Photo: မြန်မာနိုင်ငံ ကောင်းမွန်သောအုပ်ချုပ်ရေးလုပ်ငန်းစဉ်ဆိုင်ရာဖိုရမ် ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNDP  တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ကောင်းမွန်သော  အုပ်ချုပ်ရေးလုပ်ငန်း စဉ်ဆိုင်ရာ  ဖိုရမ်ကို ယနေ့နံနက် ၈ နာရီက  နေပြည်တော်ရှိ   မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-2)၌  ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊   ဒုတိယ ဝန်ကြီးများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ နှင့် ဒုတိယဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်များမှ  အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ UNPD မှ တာဝန်ရှိ သူများ၊ နိုင်ငံတကာမှ ကျွမ်းကျင်ပညာ ရှင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ 

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးကိုကိုက   ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး    နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ   အဆင့်ဆင့်ဆောင် ရွက်နိုင်ခဲ့မှု လုပ်ငန်းစဉ်များကို အသေး စိတ်ရှင်းလင်းပြောကြားသည်။ 
ယင်းနောက် ဒေသန္တရအုပ်ချုပ်မှု လေ့လာဆန်းစစ်ခြင်းနှင့်စပ်လျဉ်း၍  UNPD ၏  Country  Director  မစ္စတာ  တွိုင်လီကာဗန်နော့ဗ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်တို့က  ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် ဒေသန္တရ အုပ်ချုပ်မှု လေ့လာခြင်းနှင့်ပတ်သက်သည့် ဗီဒီယို မှတ်တမ်းကို ပြသသည်။ 

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီးထိန်လင်းနှင့်UNDPမှ တာဝန်ရှိသူတစ်ဦးကကျေးဇူး တင်စကား  ပြောကြားကြသည်။ 
ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးလှထွန်းက ဒေသန္တရအုပ်ချုပ်မှုနှင့်  ပတ်သက်သည့် အဓိကကျသည့်အချက်အလက်ဆိုင်ရာ များကို ရှင်းလင်းပြော ကားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များသည် ဖိုရမ်သို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်း၍ မှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။ 
အဆိုပါဖိုရမ်ကို   မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ဒေသန္တရအုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ် သက်၍ တင်ပြခြင်းနှင့် သုံးသပ်ဆွေး နွေးခြင်းအတွက် အမျိုးသားအဆင့် လုပ်ငန်းတစ်ရပ်အား ပါဝင်ကူညီပံ့ပိုးထူ ထောင်ပေးရန်၊ မြန်မာနိုင်ငံရှိ ဒေသန္တရ အဆင့် အစိုးရအဖွဲ့များ၏ အနာဂတ် အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍   တွေ့ဆုံဆွေးနွေးမှုကို အထောက်အကူပြုစေရန်နှင့် အားပေး ကူညီရန်၊ ဆောင်ရွက်ဆဲ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို လက်တွေ့ ကျကျ မြှင့်တင်ပေးနိုင်ရန်နှင့် အထောက် အကူပြုစေရန်အတွက်   အာဆီယံ နိုင်ငံများ၊  အခြားပြည်ပနိုင်ငံများ၏ အတွေ့အကြုံများကို  လေ့လာခြင်း၊ သုံးသပ်ခြင်းနှင့်  အတွေ့အကြုံများ ဖလှယ်ခြင်းကို ဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်း   ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပုံစံများ/နည်း လမ်းများ ဖော်ထုတ်ရေးအတွက် စတင် ဆောင်ရွက်နိုင်မည့် အချက်အလက် များအား ပါဝင်ကူညီပံ့ပိုးပေးရန်ဟူ သည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်းနှင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ  ၂၄ ရက်မှ ၂၅ ရက် အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment