ဒေလီ ဖေဖော်ဝါရီ ၂၃
အိန္ဒိယမှ ရိုမန်ကသလစ် ဘုန်း တော်ကြီးတစ်ပါးသည် အာဖဂန် နစ္စတန်တွင်
ရှစ်လကြာ ပြန်ပေးဆွဲ ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက် လာခဲ့သည်။ Jesuit
ဒုက္ခသည် ဝန် ဆောင်မှုပေးရေးလုပ်ငန်းမှ ဖာသာ Alexis Prem Kumar သည် ပြန်
လည် လွတ်မြောက်လာခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် ဒေလီမြို့သို့ရောက်ရှိ
ခဲ့သည်။ အာဖဂန်နစ္စတန် အနောက် ပိုင်းရှိ ဒုက္ခသည်များ နေထိုင်ရာ
ကျောင်းသို့သွားရောက်စဉ် ပြန်ပေး ဆွဲခံရခြင်းဖြစ်သည်။ ပြန်ပေးသမား
များကိုမူ မသိရပေ။ သို့သော် အာဖဂန်အာဏာပိုင်များက ပြန်ပေး ဆွဲမှုနှင့်
ပတ်သက်သည့် တာလီဘန် အဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဘုန်းတော်ကြီးလွတ်မြောက် မှုအတွက် ဝမ်းမြောက်မိကြောင်းပြော ခဲ့သည်။ အသက် ၄၇ နှစ် အရွယ်ရှိ မစ္စတာကူးမားကို လွန်ခဲ့သောနှစ် ဇွန်လ ၂ ရက်နေ့တွင် အာဖဂန် နစ္စတန်အနောက်ပိုင်း၌ သေနတ် သမားနှစ်ဦးက ပြန်ပေးဆွဲခဲ့သည်။ ပြန်ပေးဆွဲခံရသည့် အချိန်တွင် ၄င်းသည် အာဖဂန်နိုင်ငံတွင် သုံးနှစ်ကျော် နေထိုင်ခဲ့ပြီး နိုင်ငံ တကာ အစိုးရမဟုတ်သည့်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Jesuit ဒုက္ခ သည်ဝန်ဆောင်မှုပေးရေးလုပ်ငန်း တွင် အလုပ်လုပ်ကိုင်ခဲ့သည်။
မစ္စတာကူးမား လွတ်မြောက် ရေးအတွက် ပြန်ပေးငွေပေးခဲ့ရခြင်း ရှိ မရှိကိုမူ မသိရပေ။ ထို့ပြင် အဖမ်း ခံရစဉ်အတွင်း မည်သို့ဆက်ဆံခံရ သည်ကိုလည်း မသိရပေ။ မစ္စတာ ကူးမားသည် ၎င်း၏ လွတ်မြောက်မှု အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင် ကြောင်းပြောခဲ့ပြီး ၎င်းကို ဝန်ကြီးချုပ် ကကယ်ဆယ်ခဲ့သည်ဟု ပြောသည်။
မစ္စတာ ကူးမားသည် အာဖဂန် နစ္စတန်တွင် ၁၂ နှစ်အတွင်း ပြန်ပေး ဆွဲခံရပြီးနောက် ပြန်လည်လွတ် မြောက်လာသည့် စတုတ္ထမြောက် အိန္ဒိယနိုင်ငံသားဖြစ်သည်ဟု သတင်း ထောက်များက ပြောသည်။ (ဘီဘီစီ)

No comments:
Post a Comment