Sunday, February 1, 2015

အသင်းပြောင်းဖို့ကြိုးစားနေတဲ့ ပေါ့ဘာ

Photo: အသင်းပြောင်းဖို့ကြိုးစားနေတဲ့ ပေါ့ဘာ
========================

ဂျူဗင်တပ်စ်မှာ ပွဲတိုင်းနီးပါး ခြေစွမ်းပြဂိုးသွင်းပေး နေတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အသင်း မှာ  ခြေစွမ်းပြနေပေမယ့်  လာမယ့်နှစ်နှစ်အတွင်းမှာ အသင်းမှ  ထွက်ခွာမယ်လို့   သူရဲ့အေးဂျင့်က ပြောကြား လိုက်ပါပြီ။

အသက် ၂၁  နှစ်အရွယ်သာရှိသေးတဲ့  ပြင်သစ် နိုင်ငံသား  ပေါ့ဘာဟာ  ၂ဝ၁၂  ခုနှစ်က မန်ယူကနေ ဂျူဗီကို ရောက်လာပြီးနောက် ဒီနှစ်အတွင်း ၂၆ ပွဲ ကစား ရာမှာ ရှစ်ဂိုးသွင်းယူပေးထားပါတယ်။   ''ဂျူဗီက ပေါလ် ထွက်ဖြစ်ခဲ့ရင်တော့ ယခုအနေအထားအတိုင်း ထိပ်ဆုံး နေရာကို  စိုးမိုးထားဖို့  မဖြစ်နိုင်တော့ပါဘူး''ဟု  ¤င်းရဲ့  အေးဂျင့်မင်နိုရာလိုလာက    ပြောပါတယ်။   ''ပေါလ် ဟာ ဒီနှစ်ကုန်မှာ ခြေစွမ်းပြဂိုးသွင်းမှုတွေနဲ့အတူ ထိပ်တန်း ဂိုးသွင်းသမားအဖြစ် ရောက်ရှိလာမယ်လို့ မျှော်လင့်ပါတယ်'' လို့လည်း သူကဆိုပါတယ်။ ကမ္ဘာကျော်အသင်းကြီးတွေ ဟာ စီရော်နယ်ဒို၊ လီယိုနယ်မက်ဆီနဲ့ အီဘရာဟင်မိုဗစ် တို့ကို  မခေါ်နိုင်ပေမယ့် ပေါလ်ပေါ့ဘာကိုတော့ ခေါ်နိုင်ပါ လိမ့်မယ်၊  ယခုလအစောပိုင်းကပဲ   ပေါ့ဘာဟာ  ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဖြစ်လာလိမ့်မယ်လို့ ဂျူဗင် တပ်စ်နည်းပြ အော်လီဂရီက ဆိုပါတယ်။
ကောင်းမြတ်သူ
 
No comments:

Post a Comment