Friday, February 27, 2015

ပတ်ဝန်ကျင်ထိန်းသိမ်းရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်ဆောင်ရွက်


 


 နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် UN-HABITATမှ Coun- try Programme Manager, Mr. Bijay Karmacharya နှင့် Myanmar Climate Change Alliance- MCCA Programme ၏ Chief Technical Advisor, Mr. Psaqurale Capizzi တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ဥရောပသမဂ္ဂ၊ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနနှင့် UN-HABITAT- UNEP တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ''မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်''တွင် Chief Technical Advisor အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Psaqurale Capizzi မှ ဆောင်ရွက်အကောင်အထည်ဖော်မည့် လုပ်ငန်းနှင့်အစီအစဉ်များ၊ မြန်မာနိုင်ငံမှ ရေးဆွဲပြုစုမည့် ရာသီဥတုပြောင်းလဲမှု မူဝါဒနှင့်လုပ်ငန်းမူဘောင်များ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်နှင့်ပူးပေါင်း၍ UN-HABITAT မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်အကောင်အထည်ဖော်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များ၊ လာမည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ကျင်းပမည့် (၂၁) ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ တက်ရောက်ဆွေးနွေးမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment