Monday, February 2, 2015

မြစ်ငယ်မြို့အနီး မြစ်ငယ်မြစ်ရထားလမ်းကူးတံတားသစ်တည်ဆောက်မှုစတင်

Photo: မြစ်ငယ်မြို့အနီး မြစ်ငယ်မြစ်ရထားလမ်းကူးတံတားသစ်တည်ဆောက်မှုစတင်

မန္တလေး ဖေဖော်ဝါရီ ၁

မြစ်ငယ်မြို့အနီးမြစ်ငယ်မြစ်ပေါ်တွင် ကမ်း
နှစ်ဖက်ကို ဆက်သွယ်ထားသည့်  သံတံတားခုံးများ
ကို ဖြူဖွေးစွာတွေ့မြင်ရပြီး မီးရထားအတွက်
တံတားတစ်စင်း၊ ကားလမ်းအတွက်  တံတားတစ်စီး
တည်ဆောက်ကာဆက်သွယ်ကူးလူးသွားလာခဲ့သည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ကားများဖြတ်ကူးရန် ခုံး
ပါဝင်သောသံတံတားနှစ်စင်းဘေးတွင် မျိုးဆက်
သစ်တံတားတစ်စင်းကိုတည်ဆောက်နိုင်ခဲ့သည့်
အတွက်ပြည်သူများအတွက် အားထားရကာ မြစ်ငယ်မြစ်၏အလှကိုပေါ်လွင်စေခဲ့သည်။ 

မျိုးဆက်သစ်တံတားကို၂ဝဝ၃ခုနှစ် မတ် ၇ ရက်
တွင်စတင် တည်ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင်ပြီးစီးကာ ဖွင့်လှစ်ပေး
နိုင်ခဲ့သည်။ တံတားအရှည်မှာ၈၄ဝပေ၊ တံတား
အကျယ်ပေ၈ဝပေ၊ ယာဉ်သွားလမ်းအကျယ် ၇၂ပေ၊
ဘေးတစ်ဖက်တစ်ချက်ဆီတွင်လူသွားလမ်းနှင့် လက်ရန်းပါရှိသည်။

တံတားအမျိုးအစားမှာအုတ်မြစ်သံကူကွန်ကရစ်ထူးပိုင်၊ ကိုယ်ထည်သံကူကွန်ကရစ်၊ အပေါ်
ထည်ကြိုတင်အားဖြည့်ကွန်ကရစ်သံကူကွန်ကရစ်၊ တံတားအောက်ရေလမ်းကင်းလွတ်နယ်     အကျယ်၇၄ပေ အမြင့်၈ပေ၆လက်မ၊ တံတားခံနိုင်
ဝန်ချိန်၄၅တန်ခြောက်လမ်းယာဉ်တစ်စီးချင်း၇၅တန် ခံနိုင်သည်။ယခုအခါ မြစ်ငယ်မြစ်ပေါ်တွင်
မီးရထားလမ်းကူးသံတံတားသစ်တစ်စင်း တည်
ဆောက်မှုလုပ်ငန်းစဉ်စတင်နေပြီဖြစ်သည်။ လက်ရှိ
တည်ဆောက်မည့်တံတားအပါအဝင်မြစ် ငယ်မြစ်
ပေါ်တွင်တံတားလေးစင်းအပြိုင်မြင်တွေ့ရမည်
ဖြစ်သည်။

မြစ်ငယ်မီးရထားလမ်းကူးတံတားသစ်မှာလက်ရှိ
မီးရထားလမ်းကူးတံတား၏ အရှေ့ဘက် ၁၇မီတာ
အကွာတွင်တည်ဆောက်ကာ ၁ ဒသမ၂ မီတာ
Bore Pileအမျိုးအစားဖြစ်ပြီးBore Pile အရေ
အတွက်   ၅ဝ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။Sub structureudkRc ကွန်ကရစ် တိုင်ကိုအသုံးပြု
မည်ဖြစ်ကာ ၁ ဒသမ ၂မီတာBore Pileအမျိုး
အစားဖြစ်ပြီးBore Pileအရေအတွက် ၅ဝ ပါဝင်
မည်ဖြစ်ကြောင်းသိရသည်။
 
Sub structureudk Rc  ကွန်ကရစ် တိုင်ကို
အသုံးပြုမည်ဖြစ်ကာSuper structure မှာ ပေ
၁၅ှSteel Box Girder(4Nosနှင့်ပေ၄ဝ
Steel  Girder(2Nos) တို့အသုံးပြုတည်ဆောက်
မည်ဖြစ်သည်။ တံတားပေအရှည် ၇၂၁ပေရှိမည်
ဖြစ်ကာ၂ဝ၁၆ခုနှစ်တွင်အပြီးတည်ဆောက်မည်
ဖြစ်သည်။ 

မီးရထားလမ်းကူးတံတားသစ်သည်   မြစ်ငယ် တံတား  တံတားအမှတ်(၈၂၆)ဖြစ်ပြီးတည်ဆောက် မှုလုပ်ငန်းစတင်နေပြီဖြစ်သည်။ 
လာမည့်၂ဝ၁၅-၂ဝ၁၆ခုနှစ်တွင် မြစ်ငယ်မြို့
အနီး မြစ်ငယ်မြစ်ပေါ်တွင် တံတားလေးစင်း
အပြိုင်တွေ့မြင်ရပြီး မီးရထား၊ ကားတို့ အဆင်ပြေ
ချောမွေ့စွာဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ် သည်။ 

အထူးသဖြင့်မီးရထားလမ်းကူးတံတားသစ်
ပေါ်ထွက်လာခြင်းကြောင့်မီးရထားနှစ်စင်းအပြိုင် ကူးလာနိုင်ကာ ရထားစောင့်ကာကူးရသည့်အချိန်
ကြန့်ကြာမှုကင်းကာ  ရထားခရီးစဉ်  ပိုမိုမြန်ဆန် 
ချောမွေ့လာတော့မည်ဖြစ်ကြောင်းလေ့လာသိရှိရ
သည်။                            

 (တိမ်တမန်)

No comments:

Post a Comment