Friday, January 30, 2015

အာရှချန်ပီယံလိဂ်ပြိုင်ပွဲ Play-off အဖြစ် ရတနာပုံနှင့် စင်ကာပူကလပ်တို့တွေ့ဆုံ

Photo: အာရှချန်ပီယံလိဂ်ပြိုင်ပွဲ Play-off အဖြစ် ရတနာပုံနှင့် စင်ကာပူကလပ်တို့တွေ့ဆုံ

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် အာရှဒေသတွင်း၏  အဆင့်မြင့်ဆုံးကလပ်ပြိုင်ပွဲဖြစ်သည့် အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ Play-off ပထမအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ ၄ ရက်တွင်  စတင်ကျင်းပမည်ဖြစ်သည်။ မြန်မာကလပ်အသင်းများမှာ ယခုရာသီတွင် အာရှချန်ပီယံလိဂ် ပြိုင်ပွဲကို Play-off အဆင့်မှ  စတင် ယှဉ်ပြိုင်ခွင့်ရထားပြီး ၂ဝ၁၄ MNL အမှတ်ပေးချန်ပီယံရတနာပုံအသင်းမှာ ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

ရတနာပုံအသင်းမှာ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် Play-off ပထမအဆင့်မှ စတင်ကစားရမည် ဖြစ်ပြီး   စင်ကာပူကလပ်ဝါရီယာ အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ဖေဖော်ဝါရီ ၄ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရတနာပုံအသင်းမှာ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရရှိထားသည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး အဆင့်ဝင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ပွဲစဉ်ရေးဆွဲထားမှုအရ ပထမအဆင့်တွင် အသင်းလေးသင်းပါဝင်ပြီး ရတနာပုံနှင့် ဝါရီယာ၊ ဂျိုးဟိုးဒါရူး(မလေးရှား)နှင့် ဘင်ဂါလာရူး(အိန္ဒိယ) တို့ တွေ့ဆုံနေကာ တစ်ကျော့တည်း ကစားပြီး အနိုင်ရသောအသင်းမှာ ဒုတိယအဆင့်သို့ တက်ရောက် ခွင့်ရမည်ဖြစ်သည်။ ရတနာပုံအသင်းမှာ ပထမအဆင့်တွင် အနိုင်ရခဲ့ပါက ဒုတိယအဆင့်တွင် တရုတ်ကလပ် ကွမ်ကျိုး  R&F အသင်းနှင့်ထပ်မံကစားရမည်ဖြစ်သည်။ ယင်းအဆင့်ကို   ကျော်ဖြတ်နိုင်ပါက တတိယအဆင့်တွင် သြစတြေးလျကလပ် မာရီနာအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရတနာပုံအသင်းမှာ ယခင်က  AFC President's Cup ပြိုင်ပွဲကို နှစ်ကြိမ်တိုင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂ဝ၁ဝ ပြိုင်ပွဲတွင် ချန်ပီယံ ဆုရရှိသည်အထိ အောင်မြင်မှုရရှိခဲ့သည်။

ရတနာပုံအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထား သောကြောင့် အသင်းကို ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီးလက်ရှိ MNL အမှတ် ပေးပြိုင်ပွဲတွင် သုံးပွဲကစားရာ၌ခုနစ်မှတ်ရရှိထားသည်။ 

သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment