Saturday, January 31, 2015

ရှင်ဟွာအဖွဲ့ ရှစ်နှစ်ကြာမှ ပြန်လည်ဖျော်ဖြေခဲ့

Photo: ရှင်ဟွာအဖွဲ့ ရှစ်နှစ်ကြာမှ ပြန်လည်ဖျော်ဖြေခဲ့

SBS ရုပ်သံလုပ်ငန်း၏ အထူးအစီ အစဉ်တစ်ရပ်ဖြစ်သည့်  အီကီဂျာယို ဖျော်ဖြေမှုအပိုင်း(၈ဝဝ)မြောက် အထူး အစီအစဉ်အဖြစ် ရှင်ဟွာအဖွဲ့ပရိသတ် ရှေ့မှောက်  ပြန်လည်ရောက်ရှိလာခဲ့ သည်။ ယင်းအီကီဂျာယို၏ ပထမဦးဆုံး အပိုင်းကို ၁၉၉၈ ခုနှစ်တွင် ထုတ်လွှင့် ခဲ့ပြီးနောက် အပိုင်း(၈ဝဝ)မြောက်ကို ဇန်နဝါရီ ၂၅ ရက်က ထုတ်လွှင့်ခဲ့သည်။ 

ယင်းဖျော်ဖြေတင်ဆက်မှုအတွက် ကာလကြာရှည်ကတည်းကပင် စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ရှင်ဟွာ အဖွဲ့ဝင်များအနေဖြင့်လည်း အကောင်း ဆုံးတင်ဆက်ပေးနိုင်ခဲ့သည်။ ရှင်ဟွာ အဖွဲ့သည် ¤င်းတို့၏ ၁၂ ခုမြောက် တေးသီချင်း  အယ်ဘမ်မထွက်ရှိမီ  အကြိုအနေဖြင့် တင်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ 

၁၉၉၈ ခုနှစ်တွင်    ပွဲဦးထွက " Problem Solver"  သီချင်းထွက်ရှိ ခဲ့ပြီး တစ်ပြိုင်နက်မှာပင် အီကီဂျာယို အစီအစဉ်ကို အစီအစဉ်သစ်တစ်ရပ် အနေဖြင့် SBS  မှ ဖန်တီးခဲ့ကြသည်။ ရှင်ဟွာအဖွဲ့သည်  ညီညွတ်အား ကောင်းသော အဖွဲ့လိုက်စိတ်ဓာတ်ကို ဂီတသက်တမ်း ၁၇ နှစ်ကြာအောင်ထိန်းသိမ်းထားနိုင်ခဲ့ပြီး  အဖွဲ့ဝင် တစ်ဦး  တစ်ယောက်ကမျှအဖွဲ့မှ ထွက်ခွာမသွားသေးပေ။   ရှင်ဟွာ အဖွဲ့သည် ယင်းတင်ဆက်မှုတွင် ကိုရီးယားနောက်တက် ဂီတအဖွဲ့များ နှင့်ပါ ပူးပေါင်းတင်ဆက်သွားခဲ့ခြင်း ဖြစ်သည်။ 

ရှင်ကွင်းဖျော်ဖြေရေးက ''ရှင်ဟွာ အဖွဲ့ဟာ တကယ့်ကို လတ်ဆတ်တဲ့ တင်ဆက်မှုတွေကို ချပြနိုင်ခဲ့ပါတယ်။ အီကီဂျာယိုအစီအစဉ်ရဲ့  အပိုင်း(၁) မှာ ရှင်ဟွာအဖွဲ့က တင်ဆက်ပေးခဲ့ပြီး အခုအပိုင်း(၈ဝဝ)မြောက်မှာလည်း သူတို့တင်ဆက်နိုင်ဖို့  ကျွန်တော်တို့ အေဂျင်စီအနေနဲ့ အားထုတ်ခဲ့ပါတယ်။ အခုလို ပရိသတ်တွေက အပြည့်အဝအာရုံစိုက်ကြည့်ရှုပေးခဲ့ကြလို့ တကယ့် ကို ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်'' ဟုပြောကြားခဲ့သည်။ 

ရှင်ဟွာအဖွဲ့သည်  အီကီဂျာယို အစီအစဉ်တွင် ¤င်းတို့အဖွဲ့၏ ရှစ်ခု မြောက် သီချင်းအယ်ဘမ် Once in a  Lifetime  အခွေထွက်ရှိချိန်  ၂ဝဝ၆ ခုနှစ်ကပင်နောက်ဆုံးတင်ဆက် နိုင်ခဲ့ရာ   အီကီဂျာယိုအစီအစဉ်နှင့် ဝေးကွာခဲ့သည်မှာ  ရှစ်နှစ်ခန့်ရှိပြီဖြစ် သည်။ သို့သော် ကိုရီးယားပရိသတ်များ အနေဖြင့် ရှင်ဟွာအဖွဲ့၏ တင်ဆက်မှု ကို အမြဲမျှော်လင့်နေခဲ့ကြပြီး လာမည့် ဖေဖော်ဝါရီလအကုန်တွင် ၎င်းတို့၏ ၁၂ ခုမြောက် အယ်ဘမ်ကို ထွက်ရှိ မည်ဖြစ်သည်။
 
No comments:

Post a Comment