Friday, January 2, 2015

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် ချီတက်မည့် အဖွဲ့ဝင်များအား ကြံ့ခိုင်မှုကောင်းမွန်ရေး အာဟာရများလှူဒါန်း

Photo: (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် ချီတက်မည့် အဖွဲ့ဝင်များအား ကြံ့ခိုင်မှုကောင်းမွန်ရေး အာဟာရများလှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ချီတက်အလေးပြုမည့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေ သည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ  လေ့ကျင့်နေမှုကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ  ၃၁ ရက် ညနေ ၄ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် နေပြည်တော်မိခင်နှင့် ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကက ကြည့်ရှုအားပေးပြီး ကြံ့ခိုင်မှုကောင်းမွန်ရေး   ဖြည့်စွက်အာဟာရများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ကျင်ခိုင်၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်မိုး၊ နေပြည်တော်မိခင် နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးစန်းနှင့် အဖွဲ့ဝင်များ ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ချီတက်အလေးပြုမည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် နည်းပြဆရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment