Monday, December 1, 2014

မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Photo: မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
=====================================================

နေပြည်တော်      နိုဝင်ဘာ       ၃ဝ

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ ကြီးမှူးကျင်းပ၍ အင်းဝဘဏ်လီမိတက်မှ အဓိက ကူညီပံ့ပိုးပေးသော ပြညောမွေသူ်ွှသကမ ၂ဝ၁၄ နောက်ဆုံးပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဂေါက်ကလပ်၌ ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်       ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပါဝင်ကစားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်း အနားကို မွန်းလွဲပိုင်းတွင် အဆိုပါ ဂေါက်ကလပ်၌  ကျင်းပရာ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၊  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အင်းဝ ဘဏ်လီမိတက်ဥက္ကဋ္ဌ  ဗိုလ်ချုပ် ညိုစော၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ ချုပ်အမှုဆောင်  ဦးကိုကိုလေးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးအားကစားသမားများ တက်ရောက်ကြ သည်။ 

ရှေးဦးစွာ   မြန်မာပြည်တွင်း ပတ်လည်   ဂေါက်သီးရိုက်ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်လုံးတွင် အဓိက ကူညီပံ့ပိုးပေးခဲ့သော ကုမ္ပဏီများဖြစ် သည့်  ဧရာဝတီဘဏ်၊   ယူနိုက်တက်အမရဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် အင်းဝဘဏ်တို့မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အမှုဆောင် ဦးကိုကိုလေးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် နေ့အလိုက်အပျော်တမ်းအဆင့်အမျိုးသမီးပြိုင်ပွဲနှင့် အပျော်တမ်း အဆင့် အမျိုးသားပြိုင်ပွဲ ဆုရရှိသူများအား အင်းဝဘဏ်လီမိတက်ဥက္ကဋ္ဌ ဗိုလ်ချုပ်ညိုစောကလည်းကောင်း၊ Professional အဆင့်ပြိုင်ပွဲ ဆုရရှိသူများအား မြဝတီဘဏ်လီမိတက်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆန်းဦးကလည်းကောင်း၊ အပျော်တမ်း အဆင့် အမျိုးသမီးပြိုင်ပွဲ (ပထမ၊ဒုတိယ၊တတိယ)ဆုရရှိသူများအား ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က လည်းကောင်း၊ အပျော်တမ်းအဆင့် အမျိုးသားပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ)ဆု ရရှိသူများအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေကလည်းကောင်း၊ Professional အဆင့်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းကလည်း ကောင်း၊ ၂ဝ၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံနှင့် နေပြည်တော်တို့ တွင် ကျင်းပခဲ့သော ပွဲစဉ်ခြောက်ခု၌ အကောင်းဆုံးအပျော်တမ်းအဆင့် အမျိုး သမီးဆုရရှိသူ မယဉ်မေမျိုးနှင့် အကောင်းဆုံးအပျော်တမ်းအဆင့် အမျိုးသား ဆုရရှိသူ ကိုမောင်မောင်ဦးတို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ၂ဝ၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ပွဲစဉ်တစ်လျှောက် Professional အဆင့်ပြိုင်ပွဲတိုင်းတွင် ဆုကြေးငွေအများဆုံးရရှိသူ (Order of Merit Award) Winner ဆုရှင် ကိုဇော်ဇော်လတ်အား တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အခမ်းအနားသို့တက်ရောက်လာသော တာဝန်ရှိသူများနှင့် အားကစား သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။

ယနေ့ကျင်းပသော ၂ဝ၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက် ပြိုင်ပွဲ စတုတ္ထနေ့ပြိုင်ပွဲတွင် Professional အဆင့် ၂ဝ၊ အပျော်တမ်းအဆင့် အမျိုးသား ၂ဝ၊ အပျော်တမ်းအဆင့် အမျိုးသမီး ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

၂ဝ၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ်ကို နေပြည်တော်ရှိ Royal Myanmar ဂေါက်ကလပ်၊ ဒုတိယပွဲစဉ်ကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကလပ်၊ တတိယပွဲစဉ်ကို မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကလပ်၊ စတုတ္ထပွဲစဉ်ကို ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင် ဂေါက်ကလပ်၊ ပဉ္စမပွဲစဉ်ကို ပုဂံမြို့ရှိ ပုဂံဂေါက်ကလပ်နှင့် နောက်ဆုံးပွဲစဉ်ကို နေပြည်တော်ဇေယျာသီရိ ဂေါက်ကလပ်တို့တွင် ကျင်းပခဲ့သည်။

ယခုကျင်းပသည့် ပြိုင်ပွဲသည် အနာဂတ်မျိုးဆက်သစ် ဂေါက်သီးအားကစား အကျော်အမော်များ ပေါ်ထွန်းလာစေရန်နှင့် မြန်မာ့ဂေါက်သီးအားကစား ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     (မြဝတီ)

No comments:

Post a Comment