Tuesday, December 2, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်ခတ်-မိုင်းယန်းလမ်း အဆင့်မြှင့်တင်

Photo: ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်ခတ်-မိုင်းယန်းလမ်း အဆင့်မြှင့်တင်
============================================

ကျိုင်းတုံ   ဒီဇင်ဘာ   ၁

ရှမ်းပြည်နယ်   (အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၌  ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းသည် ၇၃ မိုင် ရှည်လျား ပြီး  မိုးရာသီ၌  သွားလာရေးခက်ခဲ သော လမ်းပိုင်းတစ်ခုဖြစ်သည်။

ဒေသခံတိုင်းရင်းသားပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ပြည်နယ် အင်ဂျင်နီယာမှူးကြီးက စီမံချက်များ ရေးဆွဲ၍ အဆိုပါလမ်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာ လမ်း ၁၁ မိုင်   ၆ ဖာလုံခင်းခြင်း၊ ကွန်ကရစ်တံတားငါးစင်း   တည် ဆောက်ခြင်း၊    မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း  တည်ဆောက် ခြင်း၊ လမ်းသားချဲ့ခြင်းလုပ်ငန်းများ ကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါလမ်းကြောင်းပေါ် တွင် အရှည်ပေ ၁၆ဝ ရှိသော နမ့်လွေ

ချောင်းကူး ဝမ်တာပုံဘေလီတံတား ကို အမြဲတမ်းသံကူကွန်ကရစ်တံတား အဖြစ်လည်းကောင်း၊  ကျိုင်းတုံမြို့ အထွက်ရှိ အရှည်ပေ ၁၂ဝ ရှိသော နောင်ဖာသစ်သားတံတား   အမြဲ တမ်းသံကူကွန်ကရစ်တံတားအဖြစ် လည်းကောင်း အဆင့်မြှင့်တင်တည် ဆောက်လျက်ရှိပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ကုန်လျှင် ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှစ၍  ရှမ်းပြည် နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လမ်း/ တံတားလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်တွင် ယင်းလမ်း ပိုင်း ၇၃ မိုင်ကို ကတ္တရာလမ်းအဆင့် ရောက်ရှိရေး ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မောင်မောင်နိုင်

No comments:

Post a Comment