Thursday, November 27, 2014

ခရမ်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့်လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား သုံးခွမြို့နယ်၌ ဖမ်းဆီးရမိ

Photo: ခရမ်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့်လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား သုံးခွမြို့နယ်၌ ဖမ်းဆီးရမိ
======================================

ခရမ်း  နိုဝင်ဘာ  ၂၆

ခရမ်းမြို့နယ်        ဘိုကလေး ကျေးရွာနေ  ဒေါ်နွဲ့ရီသည် နိုဝင်ဘာ ၁၇ ရက်  ည ၇ နာရီက  နေအိမ်၌ ရှိနေစဉ်    တူတော်သူဝင်းထွန်း (၃ဝနှစ်) ရွာအဝင်လမ်းဆုံရှိ ရွှံ့ဗွက် အတွင်း     လဲကျနေကြောင်းကြား သိရသဖြင့်    သွားရောက်ကြည့်ရှု ရာ တူဖြစ်သူ ဝင်းထွန်းမှာ ဒဏ်ရာများ ဖြင့်   သေဆုံးနေသည်ကို  တွေ့ရှိရ ကြောင်း၊    ဖြစ်စဉ်အားစုံစမ်းရာ ယင်းနေ့နံနက် ၁၁ နာရီက  တူဖြစ် သူမှာ၎င်း၏ဇနီးဖြစ်သူနှင့်ခိုက်ရန်ဖြစ် ပွားရာ ဇနီးအား ကျောက်ပြင်ဖြင့် ထု ရိုက်သဖြင့် ဒဏ်ရာရရှိခဲ့သွားကြောင်း၊ ၄င်းဖြစ်စဉ်နှင့်ပတ်သက်၍   တစ်ရွာ တည်းနေ ဇနီးဖြစ်သူ၏ဖခင် ဦးကုလား (ခ) စန်းအောင်က မကျေနပ်သဖြင့်     ဆူးချွန်နှင့်ထိုးခဲ့၍ တူဖြစ်သူသေဆုံး ခဲ့ခြင်းဖြစ်သည်ကို သိရှိရကြောင်းနှင့်  ပြစ်မှုကျူးလွန်သူ ဦးကုလား(ခ)စန်း အောင်အား အရေးယူပေးပါရန်  တိုင် တန်းချက်အရ    ခရမ်းမြို့မရဲစခန်းက    ဦးကုလား(ခ)စန်းအောင်ကို  ဖမ်းဆီး  ရမိရေးဆောင်ရွက်ခဲ့ကြောင်း သိရ  သည်။

ထို့နောက် ခရမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန် ပြီး   ထွက်ပြေးတိမ်းရှောင်သွားသူ ဦးကုလား(ခ)စန်းအောင်  (၄၉ နှစ်) နိုဝင်ဘာ ၂ဝ ရက်တွင် သုံးခွမြို့နယ်    လက်ပံနန်းခလဲကျေးရွာ၌   တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့်      အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း   သိရ သည်။                        တင်လှမောင်

No comments:

Post a Comment