Sunday, November 30, 2014

ရန်ကုန်မြို့ရှိ ကျောင်းသားမိဘနေအိမ်များတွင် အရှေ့တောင်အာရှလူငယ်များ တစ်ညတာလည်ပတ်နေထိုင်

Photo: ရန်ကုန်မြို့ရှိ ကျောင်းသားမိဘနေအိမ်များတွင် အရှေ့တောင်အာရှလူငယ်များ တစ်ညတာလည်ပတ်နေထိုင်

ရန်ကုန်    နိုဝင်ဘာ  ၂၉

ရန်ကုန်မြို့   ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့  နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင်  Nippon Maru   သင်္ဘောဖြင့်     ရောက်ရှိလာသည့် အရှေ့တောင်အာရှလူငယ်များသည်  အိမ်ရှင်နိုင်ငံ ရန်ကုန်မြို့ရှိ ကျောင်း သားလူငယ်  မိဘနေအိမ်များတွင် ရင်းနှီးစွာဖြင့် ယနေ့ညတစ်ညတာ  တစ်အိမ်လျှင် နှစ်ဦးခန့်ဖြင့် လည်ပတ် နေထိုင်ပြီး  ခရီးပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ် ၃ဝဝ  ကျော်တို့ သည်  ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဆောင် အတွင်း မြန်မာတိုင်းရင်းသားသီချင်းများဖြင့်    ဖျော်ဖြေကြပြီး  ရန်ကုန် တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ဆောင်၊ စာကြည့်တိုက်နှင့် သစ်ပုပ်ပင် စသည်တို့ကို လေ့လာကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် စိန်ရတုသို့သွားရောက်ကာ  မြန်မာလူငယ်များက    ထပ်မံဖျော်ဖြေပြီး ရန်ကုန်မြို့နေ     မြန်မာလူငယ် မိဘများက တစ်အိမ်လျှင် ကျောင်းသားနှစ်ဦးခန့် လက်ခံတည်းခိုစေရန် စီစဉ်ဆောင်ရွက်ကာ သက်ဆိုင်ရာ အိမ်များသို့ Homestay အဖြစ် ဧည့်ခံ တည်းခိုကြမည်ဖြစ်သည်။   အိမ်ရှင် လူငယ်မိဘများကလည်း   ယခုလို ဧည့်ခံရသည့်အတွက် အထူးဝမ်း မြောက်ကြောင်း အိမ်ရှင်မိဘတစ်ဦးက ပြောသည်။

ဂျပန်နိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံမှ နိုဝင်ဘာ ၇ ရက်တွင် တစ်နိုင်ငံလျှင် လူငယ် ၂၈ ဦးစီပါဝင် ကာ အရှေ့တောင်အာရှနိုင်ငံများသို့ Homestay အဖြစ် ဧည့်ခံသည့် အိမ်ရှင်လူငယ်မိဘများ၏ နေအိမ်များတွင်   နေထိုင်ကာ   လေ့လာကြရန်  စတင်ထွက်ခွာလာရာ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ရောက်ရှိ ခဲ့ပြီး မြန်မာနိုင်ငံမှတစ်ဆင့်  အင်ဒို နီးရှားနိုင်ငံသို့ နိုဝင်ဘာ ၃ဝ ရက်တွင် ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ 

(ကြေးမုံ)

No comments:

Post a Comment