Tuesday, October 28, 2014

ပျောက်ဆုံးမက္ကဆီကိုကျောင်းသားများကြောင့် ဂူရီယိုမြို့တော်ဝန်သစ်ခန့်အပ်

Photo: ပျောက်ဆုံးမက္ကဆီကိုကျောင်းသားများကြောင့် ဂူရီယိုမြို့တော်ဝန်သစ်ခန့်အပ်
=============================================

ဂူရီယို အောက်တိုဘာ ၂၇

လွန်ခဲ့သောလက   ရဲများနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက်  ကျောင်း သား ၄၃ ဦး ပျောက်ဆုံးသွားသော မက္ကဆီကိုနိုင်ငံ ဂူရီယိုမြို့တွင် ယာယီ မြို့တော်ဝန်တစ်ဦးကို   ခန့်အပ်ခဲ့ သည်။  

ဒေသတွင်း တက္ကသိုလ်တစ်ခု၏ အဓိပတိဖြစ်သူ ယခုမြို့တော်ဝန် ဂိုဂီ လိုယိုအော်တီဂါမှာ လွန်ခဲ့သောလက ကျောင်းသားများ  ပျောက်ဆုံးမှုနှင့် ရာထူးမှနုတ်ထွက်ခဲ့ရသော မြို့တော် ဝန် အိန်ဂျယ်အော်ဂူရီ၏နေရာတွင် ခေတ္တခဏ အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း  ဒေသတွင်း  ဥပဒေ ပညာရှင်များက ပြောကြားခဲ့သည်။  ရာဇဝတ်   နှိမ်နင်းရေးအဖွဲ့သည်    အီဂွါလာမြို့တော်ဝန်၊ ၎င်း၏ဇနီးနှင့် အဆိုပါမြို့ရှိ ရဲမှူးတို့ကို ဆက်လက် ရှာဖွေလျက်ရှိသည်။

အဆိုပါ   မြို့တော်ဝန်နှင့်အဖွဲ့ သည် ကျောင်းသားများကို လူဆိုး ဂိုဏ်းများသို့လွှဲပေးရန် အမိန့်ပေးခဲ့ ဖွယ်ရှိပြီး ၎င်းတို့သည် ထွက်ပြေးနေ သည်ဟု ယုံကြည်ရသည်။ 

ကျောင်းသားများကို ရဲကားများ ပေါ်တွင် တစ်စုတစ်ဝေးတည်း တွေ့ လိုက်ရကြောင်း မျက်မြင်များက ပြော ခဲ့သည်။

တောင်ပိုင်းပြည်နယ်တစ်ခုလုံးရှိ နိုင်ငံရေးသမားများ၊ ရဲများနှင့် လူဆိုး ဂိုဏ်းများအကြား အချင်းချင်းအပြန် အလှန်နားလည်သော ဆက်ဆံမှုများ ရှိသင့်သည်ဟု လွန်ခဲ့သောအပတ်က  နိုင်ငံရှေ့နေချုပ်    ဂျီဆက်စ်ပူရီလို ကရမ်းက ပြောကြားခဲ့သည်။

အသစ်ခန့်အပ်လိုက်သောယာယီ မြို့တော်ဝန်သည်   ယခင်ဂူရီယိုမြို့၏  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   တက္ကသိုလ် အဓိပတိဖြစ်ပြီး  ၎င်း၏ရာထူးသစ် တွင် ရှေ့နှစ်အထိ ဆက်လက်ရှိနေ မည်ဖြစ်သည်။

၎င်းသည် ပဋိပက္ခအသွင်ဆောင် သည့် ပြဿနာများဖြစ်ပေါ်ရန် ပိုမို ဖန်တီးပေးသော မြို့တော်ဝန်ဟောင်း ၏နေရာတွင်   အစားထိုးတာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

အီဂွါလာတွင် လူခြောက်ဦး သေ ဆုံးခဲ့သော ပဋိပက္ခဖြစ်ပြီးကတည်းက အဆိုပါမြို့တော်ဝန်မှာပြစ်တင်ဝေဖန် မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။အဆိုပါ ဖြစ်ရပ်သည် တိုင်းပြည်ကို တုန်လှုပ် စေခဲ့ပြီး  နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှု များကိုဖြစ်စေသည်။          (ဘီဘီစီ)

Like

No comments:

Post a Comment