Monday, October 27, 2014

ပြည်သူများအဆင်ပြေစေရန် ကျန်းမာရေးလုပ်ငန်းများမြှင့်တင်လျက်ရှိ

Photo: ပြည်သူများအဆင်ပြေစေရန် ကျန်းမာရေးလုပ်ငန်းများမြှင့်တင်လျက်ရှိ

ရန်ကုန် အောက်တိုဘာ ၂၇

နိုင်ငံတော် အစိုးရသစ်သည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးစီးသော နိုင်ငံတော်အဆင့် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများဖြင့် ဆောင်ရွက်လျက်ရှိနေသည်။ ကျန်းမာရေးကဏ္ဍတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသလျက်ရှိသည့် လူနာများ စိုက်ထုတ်သုံးစွဲရသည့် ငွေကြေးပမာဏ လျော့နည်းစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးဝယ်ယူမှုအတွက် ၂ဝ၁၂-၂ဝ၁၃တွင် ငွေကျပ်သိန်းပေါင်း ၇၅ဝဝ၊ ၂ဝ၁၃-၂ဝ၁၄တွင် ငွေကျပ်သိန်းပေါင်း ၂၄၅ဝဝနှင့် ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်အတွက် ငွေကျပ်သိန်းပေါင်း  ၃၈၅၅ဝ အထိတိုးမြှင့်ပေးအပ်ခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာဝေဒနာရှင်များအတွက် ဓာတ်ရောင် ခြည်ကုသခြင်းအပြင် ကင်ဆာရောဂါ ကုသဆေးဝါးကိုးမျိုးကို အခမဲ့ပေးဝေနိုင်ခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၁ ရက်မှ စတင်၍  ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာနတွင် အရေးပေါ်ဆေးကုသမှုခံယူနေရ သည့်လူနာများအတွက် အခြေခံဆေးဝါး၊ အခြေခံ ဓာတ်ခွဲစမ်းသပ် မှုခုနစ်မျိုးနှင့် ဓာတ်မှန်၊ တယ်လီဗီးရှင်း ဓာတ်မှန်၊ ကွန်ပျူတာဓာတ် မှန်ရိုက်ကူးခြင်းများကို အခမဲ့ ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။ ယင်းသို့ကျန်းမာရေး ကဏ္ဍစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးဝါးကုသ မှုခံယူလျက်ရှိသည့် ပြည်သူများ အဆင်ပြေစေရန်ကျန်းမာရေး လုပ်ငန်းများမြှင့်တင်လျက်ရှိသော ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများအား ပြည်သူများသိရှိနိုင်ရန် မြန်မာ့သတင်းစဉ်သတင်းအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

ဒေါက်တာလှမြင့် (ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အသွင်သဏ္ဌာန်ကောင်းအောင်နဲ့ အနှစ်သာရကောင်းအောင် လုပ်ငန်းကိုးရပ်ချပြီး ဆောင်ရွက်နေပါတယ်။ လူနာပေါင်း ၁၅ဝဝ လောက်အမြဲ တန်းရှိနေတဲ့ ဒီဆေးရုံကြီးမှာ လူနာ ဆောင် ကိုးခုတော့ရှိပါတယ်။ ဆေးရုံ ကြီးဟာတစ်နိုင်ငံလုံးက လူနာတွေအတွက်  နောက်ဆုံးလက်ခံ ကုသပေးတဲ့ဆေးရုံကြီး  (Tertiary Referral  Hospital)၏၏၏  ဖြစ်တဲ့အတွက် မဖြစ်မနေ  လက်ခံကုသ ပေးရပါတယ်။

တက်ရောက်ကုသတဲ့ လူနာများပြားလာတဲ့အတွက် ပင်မအဆောက်အအုံပြုပြင်ဖို့နဲ့ တိုးချဲ့ဆောင် ဆောက်လုပ်ဖို့အတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အစိုးရက ၅ ဘီလီယံကျပ်ကို ခွင့်ပြုခဲ့ပါတယ်။ ဆေးရုံကြီးမှာ တိုးချဲ့ငါးထပ်ဆောင်၊ ကင်ဆာရောဂါ ရှာဖွေရေးစက် (Pat-CT)တပ်ဆင် ထားရှိမယ့် အဆောက်အအုံတွေ လည်း ပြီးတော့မှာပါ။ ပြီးစီးတော့မယ့် တိုးချဲ့ငါးထပ်ဆောင်ရဲ့ အောက်ဆုံးထပ်မှာ ပြင်ပလူနာဌာနနဲ့ ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းသစ်များ တပ်ဆင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလယ်သုံးထပ်မှာ ခွဲစိတ်ကုသဆောင် သုံးခုထားမှာ ဖြစ်ပြီးတစ်ထပ်မှာ ခွဲစိတ်လူနာ ၈ဝ ဝန်းကျင်နဲ့ လူနာ ၂၄ဝ လောက် ဆေးဝါးကုသမှု  ခံယူနိုင်မှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာ ခွဲစိတ်ခန်း ၁ဝ ခန်းပါ Theatre Complex ခေတ်မီခွဲစိတ်ခန်းသုံးပစ္စည်းပါ ထည့်သွင်းတပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းနဲ့ ကုသရေးဆိုင်ရာ စက်ပစ္စည်းတွေထပ်မံတပ်ဆင်နိုင်ဖို့ ကင်ဆာရောဂါရှာဖွေရေးစက် (Pet-CT) နဲ့ ဓာတ်ရောင်ခြည်  ကုသရေး စက်ဖြစ်တဲ့ (Linear Accelerator)တို့ကို ဝယ်ယူနိုင်ဖို့ နိုင်ငံတော်အစိုးရ ကငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံပံ့ပိုး ပေးခဲ့ပါတယ်။ ကျပ်ငွေ ၇ ဘီလီယံ လောက်တန်တဲ့ Cyclotron ပါတဲ့ ကင်ဆာရောဂါရှာဖွေရေးစက် Pet-CT စက်က မြန်မာနိုင်ငံမှာ ပထမဆုံးတပ်ဆင်နိုင်ခဲ့တယ်။ အရင်က (Pet-CT) ရိုက်ချင်ရင် သိန်းနှစ်ဆယ်၊ အစိတ်နီးပါးအကုန်ခံပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကို  သွားရိုက်ရတယ်။ အရင်က ကင်ဆာရောဂါကုသရာမှာ (Cobalt Mechine)ခေါ်တဲ့ ဓာတ် ရောင်ခြည်ကုသရေးစက်နှစ်လုံးနဲ့ တစ်ရက်ကို လူနာ ၁ဝဝ နီးပါးကုသ ပေးခဲ့ပါတယ်။ အခု တပ်ဆင်ထားတဲ့ Linear Accelerator စက်နှစ်လုံး နဲ့ဆိုရင် ကင်ဆာရောဂါဝေဒနာရှင် ၂၅ဝ ကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ ပုံမှန်ကုသပေးနိုင်မှာပါ။ နောက်ပြီး နှလုံးသွေးကြောကျဉ်းရောဂါတွေ ကုသပေးနိုင်တဲ့ (Cath-Lab) လို စက်တွေနဲ့ နှလုံးသွေးကြော ကျဉ်းရင် ချဲ့ပြီးကုရတဲ့ကုသမှုမျိုးကိုအခုဆိုရင် ဒီမှာလုပ်လို့ရပါပြီ။ Stant ထည့်တာ မျိုးဆိုရင်တစ်နှစ်ကိုလူနာ ၈ဝဝ၊ ၉ဝဝ  အထိလုပ်ပေးနိုင်ပြီဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ သီးသန့်ဘာသာရပ်တွေဖြစ်တဲ့ အရေးပေါ် ဆေးကုသမှု (Emergency Medicine) ပညာရပ်ကို ဒီပလိုမာဘွဲ့နဲ့ မဟာဘွဲ့သင်တန်းတွေကို  သြစတြေးလျနိုင်ငံက ဆေးပညာဆိုင်ရာ ကောလိပ်တွေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။

လူနာတွေ စားရေးသောက်ရေး အတွက်လည်းစားသောက်ဆိုင်နေရာ တွေကိုစနစ်တကျပေးပြီး ကျန်းမာရေး နဲ့ညီတဲ့ အစားအသောက်တွေ ရောင်းချပေးနိုင်အောင်ပညာပေး စည်းရုံးတာတွေလုပ်ထားတယ်။လက်ရှိဝန် ထမ်းအင်အား ၁၇ဝဝကျော်နဲ့ လည် ပတ်နေပြီး နောက်နှစ် အစီအစဉ်မှာ ၃၂ဝဝ လောက်ထိ ထပ်တိုးခန့်ထား သွားဖို့ စီစဉ်ထားပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကို နိုင်ငံတော်က နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေနဲ့  ဝိုင်းဝန်းဆောင် ရွက်နေကြတဲ့အတွက် တိုးတက်မှုမြန်မြန်ဆန်ဆန်နဲ့  အကောင်အထည်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်ခင်လှ(ကင်ဆာရောဂါဝေဒနာရှင်) ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏ

အန်တီဖြစ်တာက အရိုးကင်ဆာပေါ့၊ အကျိတ်သေးသေးလေးကနာပြီး မာနေတော့ သွားခွဲစိတ်လိုက်တယ်။ အဲ့ဒီကနေ ကင်ဆာမှန်း သိတော့ ဆေးခြောက်လသွင်းရတယ်။ ဒီမှာအကြိမ်(၂ဝ)ဓာတ်ကင်ရ မယ်။ အခုတစ်ကြိမ် ဓာတ်ကင်တာ နဲ့ဆို ၁၆ ကြိမ်ရှိသွားပြီ။ ဖြစ်တာက ဇန်နဝါရီကဆိုတော့ ၁၁ လရှိပါပြီ။ ဓာတ်ကင်တာက အခမဲ့ပါ။  စာအုပ်လုပ်ပြီး အလှည့်ကျ ဓာတ်လာ ကင်ရတာပေါ့။   ခွဲခြားဆက်ဆံမှု မရှိပါဘူး။ အားလုံးတန်းတူပါပဲ၊ ဓာတ်ကင်တာက လူနာများတော့ အလှည့်ကျ စောင့်ကင်ရတာပေါ့။ ဓာတ်စကင်ခါစတုန်းကဆို အကြာကြီးစောင့်ရတယ်။ စနေ၊ တနင်္ဂနွေ တော့ပိတ်တယ်။  ဓာတ်ကင်တဲ့စက် အသစ်တွေ ထပ်ရောက်လာရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပါ။

ဒေါက်တာသူရ (လက်ထောက်ဆေးရုံ အုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

အရေးပေါ်လူနာဌာနကို ၂ဝ၁၄ သြဂုတ်လ ၁ ရက်မှစပြီး  ဘယ်လို အရေးပေါ်ပဲ  ဖြစ်ဖြစ် ၂၄ နာရီ အရေးပေါ်ဌာနကို စဖွင့်ထားတယ်။ နှလုံးရောဂါမျိုးကအစပေါ့။ အရေး ပေါ်ဌာနမှာရှိတဲ့ လူနာတွေကို ကြည့် ရှုပေးနိုင်တဲ့  ဆရာဝန်အင်အားကတော့ လောလောဆယ်လေးယောက် ပဲရှိသေးတယ်။ မျှကြည့်ပေးတာပေါ့။ အခြေခံဆေးဝါးကုသမှုနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းအခမဲ့၊ လူနာသုံးဖို့အတွက် ခမေအတွေကို ၈ လပိုင်း ၁ ရက်နေ့မှာပဲ  အခမဲ့ ပေါ့။ စက်တင်ဘာ ၁ ရက်နေ့စပြီး အခြေခံဓာတ်ခွဲစမ်းသပ်မှုခုနစ်မျိုး၊ ဓာတ်မှန်၊ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်တာတွေအခမဲ့၊ အရေးပေါ် လူနာအားလုံးအတွက် အခမဲ့ပေါ့၊  အရေးပေါ်ဌာနနဲ့ပတ်သက်ပြီး   ရဲမှုခင်းနဲ့ပတ်သက်တာတွေကိုလည်း  စာရွက်စာတမ်းမပါလည်း ကုသပေးပါတယ်။ ရဲဆေးစာ မလိုဘူးပေါ့။ လူနာအသက်ကယ် ဖို့ကအဓိကပဲလေ။ လုပ်စရာရှိတာ အကုန်လုပ်ပေးလိုက်တယ်။ အရေးပေါ်လူနာအချို့ဆိုရင် နာမည်တောင် မသိဘူး။ နောက်တစ်နေ့မှ  နာမည် သိရတာမျိုးလည်းရှိတယ်လေ။အရေး ပေါ်လူနာ  တစ်ယောက်အတွက် ဓာတ်ခွဲတယ်၊ ဓာတ်မှန်ရိုက်တယ်။ အသက်ကယ်ဖို့ဆေးလိုတယ်။ သွေးလိုတယ်၊  အလကားလုပ်ပေးတယ်။ အရေးပေါ်ဌာနထဲမှာတော့ အရေး ပေါ်လူနာ  တစ်ယောက်အတွက် ကုန်ကျစရိတ်မလိုပါဘူး။ တမေိ ထဲ မှာတော့ အနည်းအကျဉ်းကုန်ကျ စရိတ်ရှိမှာပေါ့။ အရေးပေါ်ဌာနမာ တော့  လူနာတစ်ယောက်ရောက် လာတာနဲ့ အဆင့်ခွဲလိုက်တယ်။ ဒါက အသက်ကယ်ရမယ့်အနေအထား လား၊ ပြင်းထန်လား၊ သာမန်ပဲလား ဆိုပြီး အဲ့ဒီ အပေါ်မှာ မူတည်ပြီးလို သလိုဆောင်ရွက်ပေးပါတယ်။

ဒေါ်သန်း အသက် (၇၆) 
တောင်ဥက္ကလာပ ၅ ရပ်ကွက်

အရေးပေါ်ဌာနကို ရောက်လာတာက တရားစခန်းမှာ  တရားဖြုတ်တော့ အောက်ဆင်းလိုက်တာ ချော်လဲသွားတယ်။ လက်ထောက်လိုက်တာ  လက်အဆစ်ကျိုးသွားတယ်။ မနေ့ကညနေ ၄နာရီခွဲအရေးပေါ် ရောက်လာတာပေါ့။ ဆေးကုသမှုနဲ့ ပတ်သက်ပြီးတော့ ဘာမှမပေးရဘူး။ ဓာတ်မှန်လည်း မေတ္တာနဲ့ရိုက်ပေးတယ်။ ဆေးစာအုပ်လုပ်တာရော အလကားပါပဲ။ ဆေးဖိုးလည်း မပေးရဘူး။ ငွေကုန်ကြေးကျမရှိဘူး။ ဆရာမလေးတွေကို  အမြဲမေတ္တာပို့ တယ်။အလွန်ဝမ်းသာတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၉၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တမ်းအားဖြင့် ၁၁၅ နှစ် ရှိပြီဖြစ်သည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုဌာန ပေါင်း ၂၄ခု၊ ရောဂါရှာဖွေရေးဌာန ငါးခုနှင့်ဆက်စပ်ဌာနပေါင်း ၁၁ခုဖြင့် ဖွဲ့စည်းထားပြီး ဆရာဝန်၊ ဆရာမနှင့် ဝန်ထမ်းအင်အား ၁၇၇၆  ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု  ပေးလျက်ရှိသည်။

တွေ့ဆုံမေးမြန်း-မိုးသူဇာစိုး၊ ရဲခေါင်ညွန့်
ဓာတ်ပုံ-သောင်းမြင့်(သတင်းစဉ်)

No comments:

Post a Comment