Monday, October 27, 2014

နိုင်ငံတကာအဆင့်မီလုပ်ငန်းစနစ်များ ဆောင်ရွက်နိုင်မှုလေ့လာ




နေပြည်တော် အောက်တိုဘာ ၂၆

 နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုထွန်းဦးဆောင်၍ ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင် ဦးစီးဌာနမှူးရုံးနှင့်သီရိငါးမြို့နယ် (ဇမ္ဗူ၊ ဇေယျာ၊ ပုဗ္ဗ၊ ဥတ္တရ၊ ဒက္ခိဏ)နှင့် တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားမြို့နယ်များမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်းအင်အား ၈၆ ဦးတို့သည် အောက်တိုဘာ ၂၄ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ဦးစီးဌာနဆိုင်ရာလုပ်ငန်းများ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ ထိုသို့ လေ့လာရာတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် e-Visa လုပ်ငန်းစနစ်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာန ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးနောက် စာရင်းဇယားပြုစုခြင်းလုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းပြသပေးခဲ့ကြသည်။လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတကာအဆင့်မီလုပ်ငန်းစနစ်များ တိုးတက်ဆောင်ရွက်နိုင်မှု အခြေအနေများကို ဝန်ထမ်းများကိုယ်တိုင် သိရှိနားလည်ပြီး ပြည်သူလူထုအတွင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် ဝန်ကြီးဌာန၏
လုပ်ဆောင်ချက်များကို ဗဟုသုတရရှိစေရန် ရည်ရွယ်လေ့လာခြင်းဖြစ်ကြောင်း သိရသည်။

ဦးကျော်(ပျဉ်းမနား)

No comments:

Post a Comment