Wednesday, December 30, 2015

ကမ္ဘာလုံးဆိုင်ရာ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားတဲ့ မက်ဆီ

 

ကောင်းမြတ်သူ-စုစည်းသည်

ဘာစီလိုနာစူပါစတား လီယွန်နယ် မက်ဆီဟာ ဒူဘိုင်းမှာကျင်းပတဲ့ ကမ္ဘာ့လုံးဆိုင်ရာ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဖလားသုံးလုံးသိမ်းပိုက်နိုင်ခဲ့တဲ့ စပိန်လာလီဂါထိပ်သီး ဘာစီလိုနာ အသင်းဟာ အကောင်းဆုံးကလပ် အသင်းဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုနှစ်ရာသီမှာ ဒဏ်ရာတွေကြောင့် အနားယူခဲ့ရတဲ့ အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ၅၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဘာစီ လိုနာအသင်းအတွက် ဖလားသုံးလုံးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ''ကျွန်တော့် အနေနဲ့ ဒီဆုဆွတ်ခူးနိုင်တဲ့အတွက် အလွန်ပျော်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့လည်း ဒီဆုကို အမှန် တကယ်ရထိုက်လို့ ရခဲ့တာပါ။ ဒီနှစ် ကတော့ ဘာစီလိုနာအသင်းဟာ အတော်ထူးခြားတဲ့နှစ်လို့ဆိုရမှာ ဖြစ် ပါတယ်''လို့ မက်ဆီက ဆိုပါတယ်။ ဘာစီလိုနာအသင်းက အကောင်း ဆုံး မီဒီယာဆွဲဆောင်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ၂ဝ၁၅ ခုနှစ်ထဲမှာ စပိန် လာလီဂါ၊ ကိုပါဒယ်ရေးဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးနိုင် ပြီဖြစ်တဲ့အတွက် ဖလားငါးလုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

မြေယာစီမံအုပ်ချုပ်မှု ဆန်းစစ်အကဲဖြတ်မူဘောင်ရေးဆွဲရန်နိုင်ငံတကာကျွမ်းကျင်သူပညာရှင် များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၂၉

အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတက်ရောက်အမှာစကား ပြောကြားသည်။ 

အစည်းအဝေးတွင် အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားရာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ မြေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲအသုံးချရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှု ရှိစေရန်ရည်ရွယ်ပြီး အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟို ကော်မတီကို လုပ်ငန်းတာဝန်(၁၇)ရပ် သတ်မှတ်ကာ ဖွဲ့စည်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း။ 

အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ရှေ့လုပ်ငန်းစဉ် (၃)ရပ်အနက် ပထမ လုပ်ငန်းစဉ်ဖြစ်သည့် ရေရှည်တည်တံ့ သော အနာဂတ်အခြေခံအုတ်မြစ် ဖြစ်တည်စေမည့် မြေအရင်းအမြစ် စီမံခန့်ခွဲမှုမူဝါဒဆိုင်ရာ အခြေခံမူများ ကို အများပါဝင်မှုဖြင့် ချမှတ်နိုင်ရန် အတွက် မြေအသုံးချမှု မူဝါဒသုံးသပ် ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ပြီး မူဝါဒရေးဆွဲခြင်းလုပ်ငန်းကို ဆောင် ရွက်ခဲ့ပါကြောင်း၊ မူဝါဒ(မူကြမ်း)ကို ပြည်သူအားလုံး ပါဝင်ဆွေးနွေး အကြံပြုနိုင်စေရန် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အကြံပြု ဆွေးနွေးပွဲ (၁၇)ကြိမ် ကျင်းပခြင်း၊ ရရှိလာသည့် ပြည်သူများ၏ အကြံပြု ချက်များကို မူဝါဒတွင် ထည့်သွင်း ရေးဆွဲနိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင်များပါဝင်သည့် စားပွဲဝိုင်း ဆွေးနွေးပွဲများကျင်းပ၍ မူဝါဒ မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲ ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။ 

ဒုတိယလုပ်ငန်းစဉ်အဖြစ် မြေစီမံ ခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်နေသော အစိုးရဌာန အဖွဲ့အစည်းများမှ ပြဋ္ဌာန်းကျင့်သုံးနေသော ဥပဒေများ သည် အမျိုးမျိုးအဖုံဖုံ ကွဲပြားနေ သဖြင့် မြေနှင့်ဆက်စပ်သည့်ဥပဒေ များ သဟဇာတဖြစ်စေရန် အမျိုးသား မြေအရင်းအမြစ် ဥပဒေရေးဆွဲပြုစု ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ပြီး မြေနှင့် ဆက်စပ်နေသော လက်ရှိ ဥပဒေများအတွက် ထီးရိပ်ဥပဒေ အဖြစ် အမျိုးသားမြေအရင်းအမြစ် ဥပဒေရေးဆွဲခြင်းလုပ်ငန်းကို ဆောင် ရွက်လျက်ရှိပါကြောင်း။ 

တတိယ လုပ်ငန်းစဉ်ဖြစ်သည့် ပြည်သူကိုဗဟိုပြု ဖွံ့ဖြိုးမှုရလဒ်များ ဖော်ဆောင်ရေးကို ရှေးရှုသော စမ်းသပ်စီမံချက်များ ချမှတ်အကောင် အထည်ဖော်ခြင်းလုပ်ငန်းစဉ်အတွက် မြေအရင်းအမြစ်စီမံကိန်းနှင့် စီမံချက် များ ညှိနှိုင်းအကောင်အထည်ဖော် ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်၍ ညှိနှိုင်းအစည်းအဝေးပွဲများ ကျင်းပ ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ် သည့်USAID၊ EU၊ ဆွစ်ဇာလန် နိုင်ငံမှSDC အဖွဲ့တို့နှင့် ညှိနှိုင်း ဆွေးနွေးပြီး Landuse Classifi-cation Map ထုတ်လုပ်ခြင်းနှင့် One Map Myanmar Project ရှေ့ပြေး စမ်းသပ်စီမံကိန်းများကို အကောင် အထည်ဖော်လျက်ရှိပါကြောင်း။

မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် သက်တမ်းကာလအတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် ခေတ်စနစ်နှင့်အညီ နိုင်ငံ တော်နှင့် ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ( Reform Strategy)များ ရေးဆွဲအကောင်အထည်ဖော် ခဲ့ရာ မြေယာကဏ္ဍပြုပြင်ပြောင်းလဲ ရေး (Land Reform)လည်း အပါ အဝင်ဖြစ်ပါကြောင်း။ 

ကောင်းမွန်သည့် မြေစီမံခန့်ခွဲမှု စနစ်တစ်ရပ် အကောင်အထည်ဖော် ရန် မြေအသုံးပြုသူများ၏ လိုအင်ဆန္ဒ များကို ဆန်းစစ်ခြင်း၊ အုပ်ချုပ်မှုအဖွဲ့ အစည်းနှင့် ဥပဒေရေးရာ မူဘောင် Institution and Legal Frame-work များ အားကောင်းစေခြင်း၊ မြေအသုံးပြုခွင့်ဆိုင်ရာ အခွင့်အရေး နှင့် လုပ်ပိုင်ခွင့်များအား ပွင့်လင်း မြင်သာစွာ စီရင်ဆုံးဖြတ်ခြင်း၊ မြေစီမံ ခန့်ခွဲမှုအတွက် သတင်းအချက် အလက်နှင့် မြေပုံနယ်နိမိတ်များ တိကျခိုင်မာစေခြင်း၊ အခွန်နှင့် ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ စနစ်တကျသတ်မှတ်ခြင်း၊ ပြည်သူ လူထုအတွင်း မြေအသုံးချမှု၊ စီမံခန့်ခွဲ မှုဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။

ကော်မတီအနေဖြင့် လက်ရှိ မြေယာ စီမံအုပ်ချုပ်မှုအခြေအနေ များ လေ့လာသုံးသပ်နိုင်ရန် ကမ္ဘာ့ ဘဏ်အဖွဲ့၏အကူအညီဖြင့် မြေယာ စီမံအုပ်ချုပ်မှု ဆန်းစစ်အကဲဖြတ် မူဘောင် (Land Governance Assessment Framework) -LGAF ရေးဆွဲရန် နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ LGAF ဆိုသည်မှာ မြေယာစီမံ အုပ်ချုပ်မှု အခြေအနေများကို ဒေသဆိုင်ရာ အချက်အလက်များ နှင့် ကျွမ်းကျင်မှုနယ်ပယ်အလိုက် ကိုယ်စားပြုမှုနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် လေ့လာဆန်းစစ် ခြင်းဖြစ်ပါကြောင်း။

LGAF သည် မြေယာစီမံ အုပ်ချုပ်မှု ဆန်းစစ်အကဲဖြတ်ရာမှာ အများလက်ခံသည့် နိုင်ငံတကာ ကျင့်ထုံးနည်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ မြေယာစီမံအုပ်ချုပ်မှု ဆန်းစစ်ရာမှာ မြေယာအခွင့်အရေးနှင့် မြေအသုံးချမှု တို့ကို အသိအမှတ်ပြုခြင်း၊ အများပိုင် မြေမှ ပုဂ္ဂလိကပိုင်မြေအဖြစ်သို့ လွှဲပြောင်းခွင့် နည်းလမ်းများ နှင့် မြေသတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ မြေတန်ဖိုးသတ်မှတ် ခြင်းနှင့် အခွန်အခစည်းကြပ်ခြင်း၊ မြေယာအငြင်းပွားမှုများ ဖြေရှင်းခြင်း၊ မူဝါဒနှင့် ဌာနအဖွဲ့အစည်းများအား သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် စီမံကိန်းမှာပါဝင် ဆောင်ရွက်မည့်ဌာန၊ အဖွဲ့အစည်း များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
ထို့အပြင် မြေအသုံးချမှု မူဝါဒ သုံးသပ်ရေး လုပ်ငန်းကော်မတီမှ ရေးဆွဲပြုစုထားသည့် အမျိုးသား မြေအသုံးချမှုမူဝါဒ (အပြီးသတ် မူကြမ်း)ကို ယခုအစည်းအဝေးမှ အတည်ပြုပေးရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ 

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အစီရင်ခံစာများ ပြုစုထားမှုအခြေ အနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝင်းထွန်းနှင့် ဗဟိုကော်မတီဝင် များက မြေအမျိုးအစားခွဲခြားမှု၊ လယ်ယာမြေ မြေလွတ်မြေရိုင်း စီမံ ခန့်ခွဲမှု၊ မြေအရင်းအမြစ် အသုံးချ ရေးဆိုင်ရာကိစ္စရပ်များ၊ အနာဂတ် မြေအသုံးပြုရေးဆိုင်ရာ ကိစ္စများ၊ အမျိုးသားမြေအရင်းအမြစ် ဥပဒေ ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ One Map Myanmar Project ရှေ့ပြေး စမ်းသပ် စီမံကိန်းဆောင်ရွက်နေမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ် ဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက် များကို မှာကြားသည်။
(သတင်းစဉ်)

နှစ်ဦးမှာ ခြေကုန်ဖွင့်ကြရမယ့် ပရီမီယာလိဂ်ပွဲစဉ်(၂၀)

 

မိုးမြင့်လင်းလက်

၂ဝ၁၆ ခုနှစ်ကို ကြိုဆိုမယ့် ပရီ မီယာလိဂ်ပွဲစဉ်(၂ဝ)ကတော့ ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ ယှဉ်ပြိုင်ဖို့ အသင့်အနေအထားရှိနေပြီ ဖြစ်ပါ တယ်။ ဒီပွဲစဉ်မှာ ရှုံးပွဲတွေဆက်တိုက် ဖြစ်ပေါ်နေတာကို ရပ်တန့်ဖို့ကြိုးစား တော့မယ့် မန်ယူရဲ့ ခြေစွမ်းကိုတော့ ရင်ခုန်လှိုက်မောစွာနဲ့ စောင့်ကြည့် အားပေးရမှာဖြစ်ပါတယ်။ ကျန်တဲ့ ထိပ်တန်းအသင်းတွေကတော့ ပြိုင် ဘက်တွေကို ကျော်ဖြတ်ပြီး အမှတ် ပြည့်ရယူဖို့ အခြေအနေကောင်းနဲ့ ကြုံတွေ့ဖို့များနေတာတော့ အမှန်ပါပဲ။

မန်ယူနှင့် ဆွမ်ဆီး
မန်ယူကို အိမ်ကွင်း၊ အဝေးကွင်း တွေမှာ နိုင်ပွဲတွေရအောင် စွမ်း ဆောင်နိုင်တဲ့ ဆွမ်ဆီးဟာ အခုပွဲမှာ လည်း အောင်ပွဲခံဖို့ အားထုတ်လာမှာ ဖြစ်ပါတယ်။ ဆွမ်ဆီးဟာ မန်ယူကို ဘယ်လိုကစားရမယ်ဆိုတာ သိရှိနေ ပြီး လောလောဆယ် ခြေစွမ်းယိုင်နေ တဲ့ မန်ယူအပေါ် အခွင့်အရေးရ အောင် ယူပါလိမ့်မယ်။ တန်းဆင်းဇုန် ထဲမကျဆင်းအောင် ခြေကုန်ထုတ် လာမယ့် ဆွမ်ဆီးကို အိမ်ကွင်းမှာ မန်ယူတို့ အပြင်းအထန်ခုခံရမယ့် အနေအထားရှိနေပါတယ်။ ဒီပွဲမှာ မန်ယူတို့ တစ်မှတ်ရအောင် ရုန်းကန် ရမယ့်အနေအထားပါပဲ။

ဝက်စ်ဟမ်းနှင့် လီဗာပူး
ဒီပွဲမှာ လီဗာပူးတို့ အဝေးကွင်း ဆိုပေမယ့် အမှတ်အပြည့်ရအောင် စွမ်းဆောင်ပါလိမ့်မယ်။ ပုံမှန်ခြေစွမ်း ပြန်ရပြီး နိုင်ပွဲတွေပြန်လည်ထုဆစ် လာနိုင်တဲ့ လီဗာပူးတို့ဟာ အခုပွဲကို လူစုံထုတ်ကစားမှာ သေချာပါတယ်။ ရှုံးပွဲတွေဆက်တိုက်ကြုံတွေ့နေရတဲ့ ဝက်စ်ဟမ်းတို့အတွက်ကတော့ အိမ် ကွင်းဆိုပေမယ့် လက်ရှိကစားအားနဲ့ လီဗာပူးတို့ကို ဖိအားပေးဖို့ မလွယ်ပါ ဘူး။ ဝက်စ်ဟမ်းတို့ မျှော်လင့်ချက် ထားလို့မရတဲ့ပွဲပါ။

ဝက်ဖို့ဒ်နှင့် မန်စီးတီး
မန်စီးတီးဟာ နိုင်ပွဲတွေပြန်ရနေ တာမို့ တန်းစီဇယားစိုးမိုးရေးကို ပြန် လည်အားထုတ်နေပြီ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်းအားထုတ်မှုက ကောင်းနေပြီး ပြိုင်ဘက်တိုင်းကို အခက်တွေ့အောင် ကစားနိုင်ပါတယ်။ မန်စီးတီးတို့ ဒဏ်ရာရရှိနေတဲ့ ကစား သမားတွေ ပြန်လည်ပါဝင်နိုင်ပြီဖြစ် တာမို့ အင်အားတောင့်တင်းခိုင်မာ နေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဆန်းဒါး လန်းကို လေးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲပြန် ရခဲ့တဲ့ မန်စီးတီးရဲ့ ခြေစွမ်းက လီဗာ ပူး၊ ချယ်လ်ဆီးတို့ကို ရှုံးပွဲမရှိအောင် ကစားထားတဲ့ ဝက်ဖို့ဒ်ကို ကျော်ဖြတ် ဖို့ ခက်ခဲတာမှန်ပေမယ့် အနိမ့်ဆုံး တစ်မှတ်တော့ ရနိုင်တဲ့ပွဲပါ။

နော့ဝှစ်ခ်ျနှင့် ဆောက်သမ်တန်
ခြေစွမ်း အတက်အကျရှိနေတဲ့ နော့ဝှစ်ခ်ျတို့ဟာ မန်ယူကိုအနိုင်ကစား နိုင်ပေမယ့် စပါးကိုရှုံးခဲ့တာမို့ ခြေစွမ်း က စိတ်ချရတဲ့အနေအထားတော့ မဟုတ်ပါဘူး။ လောလောဆယ် နောက်ဆုံးငါးပွဲကစားခဲ့တဲ့ နော့ဝှစ်ခ်ျ ရဲ့ ပွဲရလဒ်တွေကိုကြည့်ရင် နိုင်ပွဲ တစ်ပွဲသာ ရရှိခဲ့ပါတယ်။ ဆောက် သမ်တန်တို့ကလည်း အာဆင်နယ် ကို လေးဂိုးပြတ်နဲ့ အနိုင်ယူပြီး အံအား သင့်စရာခြေစွမ်းပြနိုင်ခဲ့တာမို့ ဒီပွဲမှာ အဲဒီခြေစွမ်းပြန်ရရင် နော့ဝှစ်ခ်ျတို့ မလွယ်ပါဘူး။ အကြိုက်က ဆောက် သမ်တန်တို့ပါပဲ။

ဆန်းဒါးလန်းနှင့် ဗီလာ
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ဒီနှစ်သင်း ရဲ့ ရလဒ်က နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့လို့ ဒီပွဲမှာတော့ အပြိုင်အဆိုင်အားထုတ် ကြတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် လေးပွဲဆက်ရှုံးပွဲကြုံနေတဲ့ ဆန်းဒါး လန်းနဲ့ ငါးပွဲဆက်တိုက်နိုင်ပွဲပျောက် ဆုံးနေတဲ့ ဗီလာတို့ရဲ့ ဒီပွဲကတော့ နှစ်သင်းစလုံးရမှတ်ကောင်းကို အပြိုင် ရှာဖွေပါလိမ့်မယ်။ ဒီပွဲမှာ အနိုင်ပွဲကို အပြိုင်ပုံဖော်ကြမှာမို့ သရေပွဲနဲ့ အဆုံး သတ်ဖို့တော့ များနေပါတယ်။

ဝက်စ်ဘရွန်းနှင့် စတုတ်
နိုင်ပွဲတွေပျောက်ဆုံးနေတဲ့ ဝက်စ် ဘရွန်းတို့လည်း လက်ရှိ အကျပ် အတည်းက လွတ်မြောက်ဖို့ ဒီပွဲမှာ ရုန်းကန်တော့မှာဖြစ်ပါတယ်။ စတုတ် တို့ကလည်း မန်ယူကို နှစ်ဂိုးပြတ်နဲ့ နိုင်ပွဲရအောင် ကစားနိုင်ခဲ့လို့ ကစား သမားတွေ စိတ်ဓာတ်တက်ကြွနေပါ တယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ ခဲ့တဲ့ ရလဒ်ကိုကြည့်ရင် ဝက်စ်ဘရွန်း က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် အခုပွဲမှာ ခြေတက်နေတဲ့ ဧည့်သည် ကိုပဲ ပိုပြီးယုံကြည်မှုပေးရမှာ ဖြစ်ပါ တယ်။ ။

MFF U-14 ပြိုင်ပွဲ ဆီမီးပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်





မန္တလေး ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကကြီးမှူး ကျင်းပနေ သည့် MFF U-14 100 Plus Super Cup ပြိုင်ပွဲ ဆီမီးပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ကစားကြသည်။
ဆီမီးပွဲစဉ်များတွင် မန္တလေးအကယ်ဒမီ(က)အသင်း က ဧရာဝတီအကယ်ဒမီအသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဇွဲကပင် အကယ်ဒမီ(က)အသင်းက ရတနာပုံအကယ်ဒမီအသင်းကို သုံးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စုပွဲစဉ်များ တွင် ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့သည့် မန္တလေးအကယ်ဒမီ(က)အသင်းနှင့် ဇွဲကပင်အကယ်ဒမီ(က)အသင်းတို့မှာ ယနေ့ ဆီမီးပွဲတွင်လည်း ခြေစွမ်းပြပြီးဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ယူ-၁၄ ပြိုင်ပွဲကို ပရိသတ်အားပေးမှုများပြား လျက်ရှိကြောင်းသိရသည်။

တတိယနေရာလုပွဲအဖြစ် ဧရာဝတီအကယ်ဒမီ အသင်းနှင့် ရတနာပုံအကယ်ဒမီအသင်း၊ ဗိုလ်လုပွဲအဖြစ် မန္တလေး အကယ်ဒမီ(က)အသင်းနှင့် ဇွဲကပင်အကယ်ဒမီ (က)အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။


သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်

လာမယ့်စူပါဂျူနီယာရဲ့ ဖျော်ဖြေပွဲမှာ မယ်စကြဝဠာကို လာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်တဲ့ ချာဆီဝမ်



The Mirror Daily's photo.

၂ဝ၁၅ခုနှစ် မယ်ဝကြဝဠာအဖြစ် အရွေးချယ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်အလှမယ် ပီယာ အလိုဂျိုဝက်ဇ်ဘာ့ခ်ျဟာ သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြ ရေးသားထားတဲ့ အချက်အလက်တွေအရ သူဟာ တောင်ကိုရီးယားနာမည်ကျော် အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စူပါဂျူနီယာရဲ့ အမာခံပရိသတ် တစ်ဦးဆိုတာ သိခဲ့ရပါတယ်။

ယင်းကိုရှာဖွေတွေ့ရှိသွားတဲ့ တောင်ကိုရီးယားမီဒီယာတွေက ပီယာဟာ စူပါဂျုနီယာရဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီးနောက် အားလုံးက အဆိုပါသတင်းအပေါ် စူပါဂျုနီယာအဖွဲ့ရဲ့ တုံ့ပြန်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြရာ ပြီးခဲ့တဲ့ရက်ပိုင်းက စူပါဂျူနီယာအဖွဲ့ခေါင်းဆောင် ချာဆီဝမ်က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာ ကနေတစ်ဆင့် မယ်စကြဝဠာကို သူ့ရဲ့ လာမယ့်တေးဂီတဖျော်ဖြေပွဲကို လာရောက် အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ချာဆီဝမ်က ဒဒ၂ဝ၁၅ ခုနှစ်ရဲ့ မယ်စကြဝဠာဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူ ပါတယ်။ ကျေးဇူးပြုပြီး လာမယ့်စူပါဂျူနီယာရဲ့ နယ်လှည့်ဖျော်ဖြေပွဲမှာ မင်းကို စူပါဂျူနီယာရဲ့ပရိသတ်တစ်ဦးအဖြစ် မြင်တွေ့ခွင့်ရပါရစေ။ ကမ္ဘာကြီးကို တောက်ပသွားစေတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းနဲ့တွေ့ဆုံခွင့် ရဖို့ စောင့်မျှော်နေပါတယ်ဒဒလို့ ပီယာကို ရည်ညွှန်းရေးသားဖော်ပြခဲ့ပါ တယ်။
မယ်စကြဝဠာဆုရှင် ပီယာကလည်း "အခုလိုဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဖိတ်ခေါ်မှုကို တကယ်လည်း လိုလားနှစ်သက်မိပါ တယ်"လို့ ယင်းဖော်ပြမှုတွင် ပြန်လည်ရေးသားခဲ့ကာ တောင်ကိုရီးယားဘာသာနဲ့ ဒဒမင်္ဂလာပါဒဒ လို့လည်း ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။
အေးပြည့် - စုစည်းသည်

'Motorhead'တေးဂီတအဖွဲ့ဝင် လန်မိုင်ကေးလ်မိုက်စ်တာ ကွယ်လွန်



The Mirror Daily's photo.
ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''Motorhead''မှ အဆိုတော် တစ်ဦးဖြစ်သူ လန်မိုင်ကေးလ်မိုက်စ်တာသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်(တနင်္လာနေ့)က အဆိုပါတေးဂီတအဖွဲ့၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ကြောင်း အေ့စ်ရှိုး ဘေ့စ်ဒေါ့ကွန်းတွင် ဖော်ပြခဲ့သည်။
ကေးလ်မိုက်စ်တာသည် ကွယ်လွန်ချိန်တွင် အသက်(၇ဝ)ရှိပြီဖြစ်ကာ ကင်ဆာရောဂါမှာ သူ၏ခန္ဓာကိုယ်အတွင်း အလွန်ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
သူသည် မသေဆုံးမီနှစ်ရက်ခန့်အလို ဒီဇင်ဘာ ၂၆ ရက်တွင် အဆိုပါကင်ဆာရောဂါခံစားနေခဲ့ရသည်ကိုသိရှိခဲ့သည်။ ကေးလ်မိုက်စ်တာခံစားခဲ့ရသော ကင်ဆာရောဂါအမျိုးအစားကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
ကေးလ်မိုက်စ်တာသည် ဗြိတိန်ရော့ခ်တေးဂီတလောကရှိ ကျော်ကြားခဲ့ သော ရော့ခ်တေးသံရှင်များအနက် တစ်ဦးဖြစ်ပြီး သူမကွယ်လွန်မီအထိ ''Motorhead'' တေးဂီတအဖွဲ့တွင် ပါဝင်ဖျော်ဖြေခဲ့သည်။
အဆိုပါတေးဂီတအဖွဲ့ ''Motorhead ''မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒရမ်တီးသူဖြစ်သည့် ပေးလ်တေလာသည်လည်း လွန်ခဲ့သည့် လအတွင်းက ကွယ်လွန်သွားခဲ့သည်။
အေးပြည့် - စုစည်းသည်

အာဆင်နယ်ကွင်းလယ်ကစားသမား ဝီရှိုင်းယား ဖေဖော်ဝါရီလအထိ အနားယူရမည်




The Mirror Daily's photo.


အာဆင်နယ် ကွင်းလယ်ကစားသမား ဝီရှိုင်းယားသည် ဒဏ်ရာပြဿနာကြောင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ အနားယူ ရမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်နှင့် အင်္ဂလန်ကွင်းလယ် ကစားသမား ဝီရှိုင်းယားသည် ရာသီအကြို ပွဲစဉ်များ ယှဉ်ပြိုင်ကစားစဉ် ခြေထောက် ဒဏ်ရာပြဿနာကြုံခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီတစ်ခုလုံး အာဆင်နယ်အသင်း တွင် ပွဲထွက်မကစားနိုင်ခဲ့ပေ။ သို့ရာတွင် အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်ကမူ လာမည့်နွေရာသီကာလအတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင်မူ အသင်း နှင့်အတူ ပြန်လည်ပါဝင်လာရန်မျှော်လင့်ထား ကြောင်းသိရသည်။

ကွင်းလယ်ကစားသမား ဝီရှိုင်းယားသည် ကစားသမားဘဝတစ်လျှောက်တွင် ဒဏ်ရာ ပြဿနာအတော်များများ ကြုံတွေ့ခဲ့ရပြီး ၂ဝဝ၉ ခုနှစ် အောက်တိုဘာက ခြေချင်းဝတ် ဒဏ်ရာကြောင့် သီတင်းငါးပတ်၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလက တံကောက်ကြောဒဏ်ရာ ကြောင့် သီတင်းငါးပတ်၊ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာက နောက်ကြောဒဏ်ရာကြောင့် သီတင်းနှစ်ပတ်၊ ၂ဝ၁၃ ခုနှစ် မတ်လက ခြေချင်းဝတ်ဒဏ်ရာကြောင့် သီတင်းလေးပတ်၊ ၂ဝ၁၃ ခုနှစ် မေလက ခြေချင်းဝတ်ဒဏ်ရာခွဲစိတ်ရခြင်းကြောင့် သီတင်းခုနစ်ပတ်၊ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ၊ မတ်လ၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် စုစုပေါင်း ရှစ်လကြာ အနားယူခဲ့ရကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင်လည်း ခြေချင်းဝတ်ဒဏ်ရာထပ်မံရရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ အနားယူနေရသူဖြစ်သည်။
(ငွေကြယ်)