Tuesday, March 31, 2015

မိုးလုံလေလုံအားကစားရုံနှင့် မိုးလုံလေလုံ ရေကူးကန် အဆောက်အအုံ တည်ဆောက်မှုပြီးစီး

'မိုးလုံလေလုံအားကစားရုံနှင့်  မိုးလုံလေလုံ ရေကူးကန် အဆောက်အအုံ တည်ဆောက်မှုပြီးစီး
===========================================

ရန်ကုန် မတ် ၃ဝ

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ သီဟဒီပအားကစားကွင်း၌ မိုးလုံလေလုံ အားကစားရုံအဆောက်အအုံ တည်ဆောက်မှုပြီးစီးနေပြီဖြစ်ပြီး အတွင်းပိုင်း လျှပ်စစ်မီးနှင့် ရေပိုင်းဆိုင်ရာများပြီးစီးပါက ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ သီဟဒီပအားကစားကွင်း၌ တော်ဝင်ကမ္ဘာဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော အလျား ၁၂ဝ ပေ၊ အနံ ၆၆ ပေရှိ မိုးလုံလေလုံ အားကစားရုံနှင့် အလျား ၁၉ဝ ပေ၊ အနံ ၆၁ ပေရှိ မိုးလုံလေလုံ ရေကူးကန်တို့အား ၂ဝ၁၃ ခုနှစ် အောက်တိုဘာတွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ၌ အဆောက်အအုံဆောက်လုပ်မှုပြီးစီးခဲ့ကြောင်း သိရသည်။ 

သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်းသည် ယခင် မိုးလုံလေလုံ အားကစားရုံတစ်ရုံသာရှိခဲ့ပြီး ယခု မိုးလုံလေလုံ အားကစားရုံနှင့် မိုးလုံလေလုံ ရေကူးကန်အသစ် ထပ်မံတိုးချဲ့ တည်ဆောက်ပေးခဲ့ခြင်းကြောင့် မိုးလုံလေလုံ အားကစားရုံနှစ်ရုံ၊ မိုးလုံလေလုံ ရေကူးကန်တစ်ရုံ စုစုပေါင်း သုံးရုံရှိပြီဖြစ်ကြောင်း သိရသည်။

သက်ခိုင်(သန်လျင်)'

သက်ခိုင်(သန်လျင်)

ခြံဝန်းအတွင်းမြေတူးစဉ်ရှေးဟောင်းစေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိ

'ခြံဝန်းအတွင်းမြေတူးစဉ်ရှေးဟောင်းစေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိ
==========================================

နတ်တလင်း မတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သရက်တစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် ခုံးတံတားဆောက် လုပ်ရေးအတွက် အုတ်ဖုတ်ရန် ၎င်း၏ ခြံဝန်းအတွင်း မြေတူးစဉ် ရှေးဟောင်း
စေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိသဖြင့် သက်ဆိုင်ရာများကို အသိပေးအကြောင်းကြား တင်ပြခဲ့သည်။

ယင်း၏ တင်ပြချက်အား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပြည်မြို့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်၊ ရှေးဟောင်းသုတေသန သင်တန်းကျောင်း ဦးစီးအရာရှိ ဦးထွန်းထွန်းအေး၊ နည်းပြ ဦးမာန်သစ်ငြိမ်းတို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စေတီမှာ ၁၉ ရာစု ကိုလိုနီခေတ်က ဖြစ်ပြီးနှစ် ပေါင်း ၂ဝဝ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်းသိရပြီး ယင်းစေတီမှာကိုးတောင်းပြည့်စေတီဖြစ်၍ နဂါး
ရုပ်ထုမှာ အုတ်အလွှာ ၁၆ လွှာနှင့်အုတ်တစ်တန်းအထူ မှာ (ဝ ဒသမ ၈ဝ မီလီမီတာ) ရှိပြီး အုတ်ပေါက်တြိဂံပုံ မှာ (ဝ ဒသမ ၅ဝ မီလီမီတာ)ရှိသည်။

မြေပြင်မှစေတီပစ္စယံမှာ (၁ ဒသမ၂ မီလီမီတာ) နဂါးကိုယ်ထည်မှ မြေပြင်အထိ (၁ ဒသမ ၇ မီလီမီတာ)ကွာပြီး အုတ်ချပ်မှာ အလျား ၁၁ လက်မ၊ အနံ ၅ ဒသမ ၂ လက်မ၊ ထု ၁ ဒသမ ၇ လက်မ ရှိသည်။

မတ်၂၈ ရက်တွင် ၎င်းစေတီ ပတ်လည်ကို ဆက်လက်တူး ဖော်ရာငွေဖြင့် သွန်းလောင်းပြုလုပ်ထားသော ဘုရားဆင်းတုတော်နှစ်ဆူ၊ ခေါင်းလောင်း တစ်ခု၊ သစ်မြစ်မှ လက်ဝါးပုံသဏ္ဌာန်ဖြစ်ပေါ်နေသော ပစ္စည်းတစ်ခု ခြသေ့င်္ရုပ်တစ်ခု၊ နဂါးအုတ်ရိုးနှစ်ခုတို့အား ထပ်မံတွေ့ရှိရ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ၊ လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။

ဝ၇၁'

နတ်တလင်း မတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သရက်တစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် ခုံးတံတားဆောက် လုပ်ရေးအတွက် အုတ်ဖုတ်ရန် ၎င်း၏ ခြံဝန်းအတွင်း မြေတူးစဉ် ရှေးဟောင်း စေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိသဖြင့် သက်ဆိုင်ရာများကို အသိပေးအကြောင်းကြား တင်ပြခဲ့သည်။

ယင်း၏ တင်ပြချက်အား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပြည်မြို့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်၊ ရှေးဟောင်းသုတေသန သင်တန်းကျောင်း ဦးစီးအရာရှိ ဦးထွန်းထွန်းအေး၊ နည်းပြ ဦးမာန်သစ်ငြိမ်းတို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စေတီမှာ ၁၉ ရာစု ကိုလိုနီခေတ်က ဖြစ်ပြီးနှစ် ပေါင်း ၂ဝဝ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်းသိရပြီး ယင်းစေတီမှာကိုးတောင်းပြည့်စေတီဖြစ်၍ နဂါး ရုပ်ထုမှာ အုတ်အလွှာ ၁၆ လွှာနှင့်အုတ်တစ်တန်းအထူ မှာ (ဝ ဒသမ ၈ဝ မီလီမီတာ) ရှိပြီး အုတ်ပေါက်တြိဂံပုံ မှာ (ဝ ဒသမ ၅ဝ မီလီမီတာ)ရှိသည်။

မြေပြင်မှစေတီပစ္စယံမှာ (၁ ဒသမ၂ မီလီမီတာ) နဂါးကိုယ်ထည်မှ မြေပြင်အထိ (၁ ဒသမ ၇ မီလီမီတာ)ကွာပြီး အုတ်ချပ်မှာ အလျား ၁၁ လက်မ၊ အနံ ၅ ဒသမ ၂ လက်မ၊ ထု ၁ ဒသမ ၇ လက်မ ရှိသည်။

မတ်၂၈ ရက်တွင် ၎င်းစေတီ ပတ်လည်ကို ဆက်လက်တူး ဖော်ရာငွေဖြင့် သွန်းလောင်းပြုလုပ်ထားသော ဘုရားဆင်းတုတော်နှစ်ဆူ၊ ခေါင်းလောင်း တစ်ခု၊ သစ်မြစ်မှ လက်ဝါးပုံသဏ္ဌာန်ဖြစ်ပေါ်နေသော ပစ္စည်းတစ်ခု ခြသေ့င်္ရုပ်တစ်ခု၊ နဂါးအုတ်ရိုးနှစ်ခုတို့အား ထပ်မံတွေ့ရှိရ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ၊ လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။
ဝ၇၁

ရတနာပုံမန္တလေးရွှေမြို့တော်ကြီး သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့ပြီ

'ရတနာပုံမန္တလေးရွှေမြို့တော်ကြီး သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့ပြီ
===============================================

ဘဝရှင်မင်းတုန်းမင်းတရားကြီး    နှင့်  မြောက်နန်းစံမိဖုရားကြီးတို့ ၁၂၂၁ ခုနှစ်   ကဆုန်လပြည့်ကျော် ၆ ရက်တွင်  တည်ဆောက်လှူဒါန်းခဲ့ သည့်   မန္တလေးမြို့တည်နန်းတည် သတ္တဌာန(၇)ဌာနဖြစ်သော (၁)မဟာ လောကမာရဇိန်ကုသိုလ်တော်ဘုရားကြီး၊ (၂)မဟာအတုလဝေယံ အတုမရှိ ကျောင်းတော်ကြီး၊  (၃)မဟာပဋ္ဌာန်း ဟောရွှေသိမ်တော်ကြီး၊  (၄)သုဓမ္မာ ရွှေဇရပ်တော်ကြီး၊ (၅)ပိဋကတ်တိုက် တော်ကြီး၊  (၆)ရွှေမြို့ရိုးတော်ကြီး (မြို့ရိုးနှင့်ပြာသာဒ်များ)၊ (၇)ကျုံးတော် ကြီး(မြို့ရိုးတော်ကြီး   လေးဖက်လုံး)
တို့အား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပန္နက်တင်အုတ်မြစ်စီ မဟာမင်္ဂလာ အခမ်းအနားပြုလုပ်ပြီး ၁၂၂၁ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၃ ရက်နေ့တွင် တည်ဆောက်လှူဒါန်းခဲ့ပါသည်။

သို့သော် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဗုံးဒဏ်များကြောင့် အတုမရှိကျောင်းတော်ကြီး၊ ပိဋကတ်တိုက်တော်ကြီး၊ မဟာ ပဋ္ဌာန်းဟောရွှေသိမ်တော်ကြီး၊  သုဓမ္မာရွှေဇရပ်တော်ကြီးတို့သည်  မီးလောင် ပျက်စီးခဲ့သည်။ အတုမရှိ ရွှေကျောင်းတော်ကြီးအား ၁၃၅၈ ခု နတ်တော်လဆန်း ၅ ရက် (၁၅-၁၂-၁၉၉၆ တနင်္ဂနွေနေ့)တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့မှ    အသစ်ပြုပြင်ပြန်လည်တည်ဆောက်ပြီးသော်လည်း သတ္တဌာန သုံးဌာနမှာ ပြန်လည်တည်ဆောက်ရန် ကျန်ရှိနေခဲ့သည်။

မန္တလေးရွှေမြို့တော်ကြီးသည်   ဘဝရှင်မင်းတရားကြီးနှင့်   ရတနာပုံ ဘိုးဘေး၊  မြို့တော်သူ၊  မြို့တော်သားအပေါင်းတို့  တည်ထောင်ခဲ့သော မြို့တော်ကြီးဖြစ်ပြီး ''ကုန်းဘောင်ကို ဆုံးအောင်လျှောက်ပါ''ဟု တဘောင်စာသား  လည်း ရှိခဲ့သောကြောင့် ပျောက်ကွယ်သွားသည့် သုဓမ္မာရွှေဇရပ်တော်ကြီး၊ ပိဋကတ်တိုက်တော်ကြီးနှင့် မဟာပဋ္ဌာန်းဟောရွှေသိမ်တော်ကြီးနှင့် သာသနာပိုင် ဆရာတော်ကြီးများ အဆက်ဆက်သီတင်းသုံးတော်မူသော သုဓမ္မာရွှေကျောင်း တော်ကြီးပေါင်း  လေးဌာနတို့ကို ၂၄-၆-၂ဝ၁၃ ရက် (တနင်္လာနေ့)တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဥရုတိုင်များ စိုက်ထူကာ စတင်ဆောက်လုပ်ခဲ့ပြီး ဆက်လက်လှူဒါန်းမှုများအနေဖြင့်  ရတနာပုံမြို့တည်နန်းတည် ကုသိုလ်ရှင် မင်းတုန်းမင်းတရားကြီးနှင့် မြောက်နန်းစံမိဖုရားကြီး စင်္ကြာဒေဝီတို့၏ ဗိမာန် တော်ကြီးနှင့် အဝင်မုခ်ဦး၊ မန္တလေးမြို့တည် နန်းတည်အထိမ်းအမှတ် ရတနာပုံ မုခ်ဦးကြီး၊ မန္တလေးမြို့တည်နန်းတည်ရတနာပုံကျောက်စာတိုင်နှင့် အဝင်မုခ်ဦး၊  ကျောက်တော်ကြီးဘုရား၏ ထောင့်သုံးထောင့်ရှိ ဗောဓိပင်နှင့် ရွှေပလ္လင်များ၊ မြို့တည်နန်းတည် အဆောက်အအုံများကို မုခ်ဦး၊ မုခ်တိုင်များ၊ သံပန်း သံတံခါး များ နှစ်ထပ်ကာရံလှူဒါန်းခြင်း၊ လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်းနှင့်လျှပ်စစ်မီး များ အလှဆင်ခြင်း၊ မြို့တည်နန်းတည်အဆောက်အအုံအားလုံးကို ပန်းဥယျာဉ် များ  စိုက်ပျိုးလှူဒါန်းခြင်း၊   မြို့တည်နန်းတည်   အဆောက်အအုံများတွင် သာသနာတော်စောင့်နတ်မင်းကြီးများနှင့်  ဂုမ္ဘဏ်၊  ယက္ခတို့ဖြင့်  ထားရှိ ပူဇော်ခြင်းများအတွက် လှူဒါန်းမှုအစုစုတို့ကို မတ် ၂၉ ရက်တွင် သမိုင်းဝင် သတ္တဌာန အဆောင်တော်များတည်ရှိရာ ရတနာပုံမုခ်ဦးကြီးနှင့် သာသနိက အဆောက်အအုံများ ဖွင့်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား ကို ကျင်းပခဲ့ရာ အလှူရှင်နှင့်တကွ မန္တလေးပြည်သူများ၏ ဂုဏ်ယူဝမ်းမြောက် ကြည်နူးမှုစကားသံများကို စုစည်းတင်ပြလိုက်ပါသည်။

''မြန်မာ့ထီးမွေ နန်းမွေပြန်လည်တည်ဆောက်ပြီးဖြစ်တဲ့အတွက် မြန်မာ တိုင်းရင်းသားအားလုံးတို့ရဲ့ ဒုတိယသမိုင်းစာမျက်နှာအသစ်ဖြစ်သလို မန္တလေး ရွှေမြို့တော်ကြီးရဲ့   ဒုတိယသမိုင်းစာမျက်နှာသစ်အဖြစ်   အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်''ဟု အလှူရှင် သုဓမ္မာ ဦးကျော်ဝင်းက ပြောကြားသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက ''ဒီသုဓမ္မာကျောင်း တော်ကြီးများ၊ သုဓမ္မာဇရပ်ကြီး၊ ပဋ္ဌာန်းဟောသိမ်တော်ကြီး၊ ပိဋကတ်တိုက် တော်ကြီး၊ မန္တလေးမြို့ကြီးကို တည်ထောင်သူ မင်းတုန်းမင်းကြီးက ပေးထား ခဲ့တဲ့ အမွေခံကောင်းပီပီ ဒီကနေ့ ဒို့တစ်တွေ အလှူရှင်နဲ့တကွ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့်တကွ ဝိုင်းဝန်းလုပ်ကြတယ်။ နိုင်ငံတော်အတွက်ရော၊ သာသနာအတွက်ပါ  အားလုံးတာဝန်ကျေတယ်လို့ ယူဆတယ်။ ဗမာလူမျိုး ဆိုတာ  ဘာလဲဆိုတာ ဒီလိုယဉ်ကျေးမှုအမွေအနှစ်တွေကို ပြတာ။ ဗမာ့ ဂုဏ်သိက္ခာဟာ ဘာလဲဆိုတာ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ပြတာ။ ဒီလို ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့   ဂုဏ်သိက္ခာကိုလည်း  ထိန်းသိမ်းစောင့်ရှောက်ရာရောက် တယ်''ဟု မိန့်ကြားခဲ့သည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များ ထွန်းကား ရာ  မြို့ဖြစ်သည်နှင့်အညီ  ယခုကဲ့သို့  ကွယ်ပျောက်သွားသည့်  သတ္တဌာန အလုံးစုံကို ပြည့်စုံအောင် ပြန်လည်ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းသည် မန္တလေးမြို့ ကြီး၏ ဒုတိယသမိုင်းစာမျက်နှာအသစ်အဖြစ် မန္တလေးမြို့တော်သူ မြို့တော် သားများအတွက် ဂုဏ်ယူစရာနေ့တစ်နေ့အဖြစ် ထင်ကျန်ရစ်နေပေတော့ မည်။      ။

မင်းထက်အောင်(မန်းကိုယ်ပွား)'

မင်းထက်အောင်(မန်းကိုယ်ပွား)

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်

 'ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်

နေပြည်တော်       မတ်      ၃ဝ

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေး အုပ်ချုပ်မှုအထောက်အကူပြုကော်မတီသို့ တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မတ် ၃ဝ ရက် မွန်းလွဲ ၁ နာရီက လားရှိုးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးအုပ်ချုပ်မှု အထောက် အကူပြုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး ချယ်ရီမေတ္တာဖောင်ဒေးရှင်း (မန္တလေး)မှ လှူဒါန်းငွေကျပ်သိန်း ၁၅ဝ နှင့် မန္တလေးမြို့နေ ဦးဝင်းထိုက်- ဒေါ်ကြည်ကြည်ခိုင်မိသားစုမှ လှူဒါန်းငွေကျပ် သိန်း ၁ဝဝ တို့ကို ကော်မတီ အတွင်းရေးမှူး ဦးဘုန်းဆွေက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

                      (သတင်းစဉ်)'

(သတင်းစဉ်)

မအူပင်မြို့နယ်၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများ ကျင်းပ

'မအူပင်မြို့နယ်၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများ ကျင်းပ
==========================================

နေပြည်တော်    မတ်   ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် မအူပင်မြို့နယ် ခနောင်ထော် ကျေးရွာအုပ်စုနှင့် ထန်းပင်ကွေ့အရှေ့ ကျေးရွာအုပ်စုများရှိ ခနောင်ထော် ကျေးရွာ၊   ပံတပွတ်အရှေ့ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့ အရှေ့ကျေးရွာနှင့်    သံဖြူစုကျေးရွာ များ၌  ကိုယ့်အားကိုယ်ကိုး လျှပ်စစ် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများကို မတ် ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပ သည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ၁၆ဝ ကေဗွီအေ ထရန်စဖော်မာမှ ခနောင်ထော်ကျေးရွာ၊     ပံတပွတ် အရှေ့ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့      အရှေ့ကျေးရွာနှင့်    သံဖြူစုကျေးရွာများအတွင်း နေအိမ် များသို့ သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်အား လိုင်းများအား   စက်ခလုတ် နှိပ်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်တော်များသည် ထန်းပင် ကွေ့အရှေ့ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းအတွင်း၌      ပြုလုပ်သော ခနောင်ထော်ကျေးရွာ၊ ပံတပွတ်အရှေ့ ကျေးရွာ၊    မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့အရှေ့ကျေးရွာနှင့် သံဖြူစု ကျေးရွာများတွင်  ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့ သည့်    လျှပ်စစ်မီးလင်းရေးဆိုင်ရာ စာရွက်စာတမ်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က   ယနေ့လျှပ်စစ်မီး ဖွင့်လှစ်ပေးခဲ့သည့် ကျေးရွာအုပ်စုများမှ ပြည်သူများအနေဖြင့်    လျှပ်စစ်မီးရရှိ ရေးကို နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရ ကြောင်း၊ ယနေ့မှစ၍ လျှပ်စစ်မီးကို အသုံးပြုနိုင်ပြီဖြစ်၍   ယခုရရှိသည့် လျှပ်စစ်မီးကို အကျိုးရှိစွာအသုံးပြု၍ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ   လုပ်ကိုင်    ဆောင်ရွက်သွားကြရန်၊ တစ်ဦးချင်းစီးပွားရေး တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်သွားကြရန်၊  ဒေသနေပြည်သူများ လျှပ်စစ်အန္တရာယ်    ကင်းရှင်းရေး   လျှပ်စစ်ဓာတ်အား     ဖြန့်ဖြူးရေးလုပ်ငန်းမှ   ညွှန်ကြားချက် များကို လိုက်နာကြရန်နှင့် သုံးခွကျွန်း ဒေသ လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီး  ယခုဆောက်လုပ်လျက် ရှိသည့် ပံတပွတ်တံတားကြီး ပြီးစီး သွားပါက သုံးခွကျွန်းဒေသကြီးတစ်ခု လုံး မြို့နှင့်မခြား   ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက် ပေးထားသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ရေရှည်တည်တံ့ကောင်းမွန် အောင်     ထိန်းသိမ်းစောင့်ရှောက် သွားကြရန် ရှင်းလင်းမှာကြားသည်။ 
ယနေ့ဖွင့်လှစ်သည့်  ခနောင်ထော် ကျေးရွာ၊  ပံတပွတ်အရှေ့ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊   ထန်းပင်ကွေ့ အရှေ့ကျေးရွာနှင့် သံဖြူစုကျေးရွာများ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေး အတွက် ၁၁ ကေဗွီအေလိုင်း( ၄ ဒသမ ၆ မိုင်)၊ သုည ဒသမ ၄ ကေဗွီလိုင်း(၈ ဒသမ ၆၃ မိုင်)၊ ၁၆ဝ ကေဗွီအေထရန် စဖော်မာ ငါးလုံးတို့တည်ဆောက်ခဲ့ပြီး စုစုပေါင်းအိမ်ခြေ ၅ဝဝ   ခန့်အား         လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိပြီး ဖြစ်သည့်   အိမ်ထောင်စုများကဲ့သို့ ကျန်ရှိနေသေးသည့် အိမ်ထောင်စုများ ကလည်း လျှပ်စစ်မီးသွယ်တန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ  သည်။     
  
(၁ဝ၇)'

(၁ဝ၇)

မော်ကျွန်း-မအူပင် ကတ္တရာလမ်းလုပ်ငန်း ၈ဝ ရာခိုင်နှုန်း ပြီးစီး

'မော်ကျွန်း-မအူပင် ကတ္တရာလမ်းလုပ်ငန်း ၈ဝ  ရာခိုင်နှုန်း ပြီးစီး

မော်လမြိုင်ကျွန်း မတ် ၃ဝ

မော်လမြိုင်ကျွန်း-မအူပင် အဝေးပြေးကားလမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုမှာ မတ် ၂၈ ရက် အထိ မော်လမြိုင်မြို့အဝင် တပင်
ရွှေထီးတံတားမှ  ရာဇူဒိုင်တံတား အမှတ်(၁)အထိ လည်းကောင်း၊ 
မအူပင်မြို့မှ လှိုင်းတာကျေးရွာအထိလည်းကောင်း ကတ္တရာလမ်းခင်း 
လုပ်ငန်းများ ၈ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ကျန်ရှိသော လမ်းအပိုင်း
များကိုလည်း လမ်းအထူးအဖွဲ့ အင်ဂျင်နီယာများနှင့် လမ်းလုပ်သားများ
က နေ့ရောညပါ ကတ္တရာလမ်းခင်း
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မော်လ
မြိုင်ကျွန်း- မအူပင်အဝေးပြေး မော်တော်ကားလမ်းအား ကတ္တရာလမ်း
ခင်းခြင်းလုပ်ငန်းကို မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်
ငန်း၊ လမ်းအထူးအဖွဲ့ (၄)နှင့် လမ်းအထူးအဖွဲ့ (၁၅) တို့က အပိုင်းအလိုက် 
တာဝန်ယူကာ ကားလမ်းအရှည် ၄၄ 
မိုင် ၆ ဖာလုံအား ကတ္တရာလမ်းခင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ယခင်ကတ္တရာလမ်း မခင်းမီက မော်လမြိုင်ကျွန်း-မအူပင် လမ်းခရီး
မှာ အဝေးပြေးမော်တော်ယာဉ်များဖြင့် ငါးနာရီကျော် ခုတ်မောင်းပြေးဆွဲ ခဲ့ရသော်လည်း ယခုကတ္တရာလမ်း ၈ဝ ရာခိုင်နှုန်းခင်းပြီးချိန်တွင် လေး 
နာရီခရီးဖြင့် ပြေးဆွဲမောင်းနှင်နိုင်ပြီဖြစ်သည်။

အဆိုပါ မော်လမြိုင်ကျွန်း- မအူပင် အဝေးပြေးမော်တော်ကား
လမ်းတစ်ခုလုံး ကတ္တရာလမ်းခင်းပြီးစီးသွားပါက မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်မြို့သို့ အချိန် သုံးနာရီခွဲဖြင့် အရောက် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။         မော်ကျွန်းမြင့်အောင်'

မော်လမြိုင်ကျွန်း မတ် ၃ဝ

မော်လမြိုင်ကျွန်း-မအူပင် အဝေးပြေးကားလမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုမှာ မတ် ၂၈ ရက် အထိ မော်လမြိုင်မြို့အဝင် တပင် ရွှေထီးတံတားမှ ရာဇူဒိုင်တံတား အမှတ်(၁)အထိ လည်းကောင်း၊
မအူပင်မြို့မှ လှိုင်းတာကျေးရွာအထိလည်းကောင်း ကတ္တရာလမ်းခင်း လုပ်ငန်းများ ၈ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ကျန်ရှိသော လမ်းအပိုင်းများကိုလည်း လမ်းအထူးအဖွဲ့ အင်ဂျင်နီယာများနှင့် လမ်းလုပ်သားများက နေ့ရောညပါ ကတ္တရာလမ်းခင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မော်လ မြိုင်ကျွန်း- မအူပင်အဝေးပြေး မော်တော်ကားလမ်းအား ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းကို မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ် ငန်း၊ လမ်းအထူးအဖွဲ့ (၄)နှင့် လမ်းအထူးအဖွဲ့ (၁၅) တို့က အပိုင်းအလိုက် တာဝန်ယူကာ ကားလမ်းအရှည် ၄၄ မိုင် ၆ ဖာလုံအား ကတ္တရာလမ်းခင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ယခင်ကတ္တရာလမ်း မခင်းမီက မော်လမြိုင်ကျွန်း-မအူပင် လမ်းခရီး မှာ အဝေးပြေးမော်တော်ယာဉ်များဖြင့် ငါးနာရီကျော် ခုတ်မောင်းပြေးဆွဲ ခဲ့ရသော်လည်း ယခုကတ္တရာလမ်း ၈ဝ ရာခိုင်နှုန်းခင်းပြီးချိန်တွင် လေး နာရီခရီးဖြင့် ပြေးဆွဲမောင်းနှင်နိုင်ပြီဖြစ်သည်။

အဆိုပါ မော်လမြိုင်ကျွန်း- မအူပင် အဝေးပြေးမော်တော်ကား လမ်းတစ်ခုလုံး ကတ္တရာလမ်းခင်းပြီးစီးသွားပါက မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်မြို့သို့ အချိန် သုံးနာရီခွဲဖြင့် အရောက် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

 မော်ကျွန်းမြင့်အောင်

ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းခိုးမှုများ ဖော်ထုတ်ဖမ်းဆီးရမိ

'ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းခိုးမှုများ ဖော်ထုတ်ဖမ်းဆီးရမိ
======================================

ရန်ကုန်  မတ်  ၃ဝ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ခိုးမှုကျူးလွန်သူများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ခိုးမှုများ ကျူးလွန်ထားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်နေ ချစ်စမ်းမောင်(၂၆)နှစ်၊ ဘိုဘိုထွန်း(၂၈)နှစ်၊ စောဘွဲ့ ထူး(၃၈)နှစ်၊  သန်းဝင်း(၃၄)နှစ်တို့ လေးဦးအား  မတ်  ၁၁  ရက်က လှိုင်သာယာ မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့လေးဦးအား စစ်ဆေးရာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လအတွင်းက လှိုင်သာယာ မြို့နယ်အတွင်းမှ ဆိုင်ကယ်ခုနစ်စီးနှင့် လှည်းကူးမြို့နယ်အတွင်းမှ ဆိုင်ကယ် သုံးစီးတို့အား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဆိုင်ကယ်များကို  ပြန်လည်သိမ်းဆည်းခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။ 

ထို့ပြင် မတ်  ၁၆  ရက်က ခိုးမှု ကျူးလွန်ထားကြောင်း သတင်းရရှိသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မြင့် နိုင်(၁၉)နှစ်အား မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းမှ  ဖမ်းဆီးရမိခဲ့၍ ၎င်းအား စစ်ဆေးရာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း  ညအိပ်ရပ်နားထားသော မော်တော်ယာဉ်များပေါ်တွင် အိပ်ပျော်နေသူ အမျိုးသားများထံမှ လက်ကိုင်ဖုန်း လေးလုံးကို  ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံလက်ကိုင်ဖုန်းများ ပြန်လည်သိမ်းဆည်းကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။           (ကြေးမုံ)'

ရန်ကုန် မတ် ၃ဝ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ခိုးမှုကျူးလွန်သူများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ခိုးမှုများ ကျူးလွန်ထားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်နေ ချစ်စမ်းမောင်(၂၆)နှစ်၊ ဘိုဘိုထွန်း(၂၈)နှစ်၊ စောဘွဲ့ ထူး(၃၈)နှစ်၊ သန်းဝင်း(၃၄)နှစ်တို့ လေးဦးအား မတ် ၁၁ ရက်က လှိုင်သာယာ မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့လေးဦးအား စစ်ဆေးရာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လအတွင်းက လှိုင်သာယာ မြို့နယ်အတွင်းမှ ဆိုင်ကယ်ခုနစ်စီးနှင့် လှည်းကူးမြို့နယ်အတွင်းမှ ဆိုင်ကယ် သုံးစီးတို့အား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။

ထို့ပြင် မတ် ၁၆ ရက်က ခိုးမှု ကျူးလွန်ထားကြောင်း သတင်းရရှိသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မြင့် နိုင်(၁၉)နှစ်အား မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့၍ ၎င်းအား စစ်ဆေးရာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ညအိပ်ရပ်နားထားသော မော်တော်ယာဉ်များပေါ်တွင် အိပ်ပျော်နေသူ အမျိုးသားများထံမှ လက်ကိုင်ဖုန်း လေးလုံးကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံလက်ကိုင်ဖုန်းများ ပြန်လည်သိမ်းဆည်းကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ (ကြေးမုံ)