Saturday, February 28, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




 နေပြည်တော် ဖေဖော်ဝါရီ ၂၇

သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်း ၆ဝ ကျော်ကောင်းမွန် သော သံတမန်ဆက်ဆံရေးရှိခဲ့သည့်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော် အနေဖြင့် အလေးထားပါကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စစ်ဘက်သာမက နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများ လည်း ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်အား လက်ခံတွေ့ဆုံရာတွင် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျ နိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်နှင့် စစ်သံမှူး Captain Jonathan Dudley တို့ တက်ရောက်ကြသည်။
ဧည့်သည်တော်သံအမတ်ကြီးက မိမိတို့နှစ်နိုင်ငံသည် နွေးထွေးသည့် ဆက်ဆံရေးရှိသည်သာမက နှစ်နိုင်ငံလုံးမှာ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်လိုကြပါကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတိုးမြှင့်ရန်လည်း စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များအား အပြည့်အဝ ထောက်ခံပါကြောင်း၊ ကိုးကန့်ဒေသတွင် နိုင်ငံတော်အတွက် အသက် စွန့်သွားရသော တပ်မတော်သားများအတွက်လည်း ဝမ်းနည်းပါကြောင်း၊ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ပြီး တစ်နိုင်ငံလုံးတည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများ နိုင်ငံတော် ကာကွယ်ရေးတွင် လိုအပ်လျှင် အသက်စွန့်လွှတ်ရပါကြောင်း၊ လျှောက်လှမ်း နေသည့် ဒီမိုကရေစီလမ်းကြောင်းကို မထိခိုက်စေရန် ကာကွယ်ခြင်းဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ဟု ခံယူထားပါကြောင်း၊ ကိုးကန့်သောင်းကျန်း သူများက ¤င်းတို့သည် အစိုးရကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တပ်မတော်ကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေသော်လည်း ကိုးကန့်ဒေသသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်၍ နိုင်ငံတော်အစိုးရ၏ တစ်စိတ်တစ်ဒေသပင် ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် အစိုးရရုံးဌာန အဆောက်အအုံ၊ လူပုဂ္ဂိုလ်၊ တပ်ဌာနချုပ် များကို တိုက်ခိုက်ခြင်းဖြစ်၍ တပ်မတော်အနေဖြင့် မဖြစ်မနေ ကာကွယ်ရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တည်ငြိမ်မှုအမြန်ဆုံးရရှိနိုင်မည့် လမ်းကြောင်းမှာ စစ်အုပ်ချုပ်ရေးသာဖြစ်၍ ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ၏ အပြုသဘောဆောင်သည့် ကူညီလုပ်ဆောင်လိုမှုများ ကိုလည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
အလားတူ မြန်မာ-လာအိုနှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ရှည်လျား သော သမိုင်းကြောင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့၍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင်ညဇန်အား လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင်ညဇန်နှင့်အတူ စစ်သံမှူး Colonel Daokai Lertlivanh နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်နိမိတ်ဆက်စပ်ရာ ရွှေတြိဂံနယ်မြေအတွင်း မူးယစ် ဆေးဝါးပြဿနာအချို့ရှိသဖြင့် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းတားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသား ဓလေ့စရိုက်တူညီမှုများ ရှိသဖြင့် ပြည်သူများ အပြန်အလှန်လည်ပတ်နိုင်ရေး လမ်းဖွင့်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုလိုပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ဧည့်သည်တော်သံအမတ်ကြီးက မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၆ဝ ပြည့်အထိမ်းအမှတ်အဖြစ် တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ဘောလုံး အားကစားအဖွဲ့များကို စေလွှတ်သွားလိုပါကြောင်း၊ ရွှေတြိဂံဒေသ မူးယစ် ဆေးဝါးပြဿနာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသောကိစ္စဖြစ်၍ ပူးပေါင်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် ဆက်ဆံရေး တိုးတက်မှုသာမက နှစ်နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန် စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ်လုံခြုံရေးနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်တွင် သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့တွင် လာအိုနိုင်ငံသံရုံးကို ၁၉၅၆ ခုနှစ်၊ သြဂုတ် ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ မြန်မာသံရုံးကို လာအို နိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉၆၇ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)

FED မှ မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးများနှင့်အမေရိကန်ကျောင်းမှ ကျောင်းသားများအတွေ့အကြုံဖလှယ်



ဖန်င ဖေဖော်ဝါရီ ၂၇

ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးများ ကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးများနှင့်နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့ရှိ အမေရိကန်ကျောင်းမှ ကျောင်းသား ကျောင်းသူကလေးများ၏အတွေ့အကြုံ ဆွေးနွေးဖလှယ်ခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၆ ရက်ထိ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED (ULC)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED မှ သိရသည်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အမေရိကန်ကျောင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FEDမှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးထိန်းကျောင်းအား ကူညီထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၏အတွေ့အကြုံဖလှယ် ဆွေးနွေးအစီအစဉ်၌ အဆိုပါ နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့ရှိ အမေရိကန် ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၉ ဦးအပါအဝင် ဆရာမသုံးဦးတို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ခေါင်လတ်ကမ်းခြေရှိ တည်းခိုခန်း၌ တည်းခိုနေထိုင်ကာ ၄င်းတို့၏ အတွေ့အကြုံများ အတွက် လာရောက်ဆွေးနွေးဖလှယ်ရယူကြခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FEDမှ ဒါရိုက်တာ ဦးထူးချစ်က ''ကမ္ဘာ့အဆင့်မီ ကျောင်းတစ်ကျောင်းက ကျောင်းသား ကျောင်းသူများနဲ့အခုလို ရင်းနှီးတွေ့ဆုံခွင့်ရတာက ကျွန်တော်တို့ မြန်မာရွှေ့ပြောင်းကလေးတွေအတွက် အများကြီးဗဟုသုတရစေပါတယ်။

 သူတို့အနေနဲ့ကတော့ ကျွန်တော်တို့အလုပ်သမား တွေရဲ့အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေတွေ မေးခဲ့ပါတယ်။အဓိကကတော့ သူတို့နိုင်ငံရဲ့ နိုင်ငံရေး၊ပညာရေးစနစ်တွေနဲ့ တခြားအထွေထွေကိစ္စတွေကို ရှင်းပြသွားတာပေါ့နော်။ ကျွန်တော်တို့ ကလေးတွေကလည်း သိချင်တာရှိတာတွေမေးတာပေါ့။ American School of the Hagueက ကျောင်းသား ကျောင်းသူများနဲ့ အခုလိုအတွေ့အကြုံဖလှယ်ပွဲလုပ်တာ အခုဆိုရင် တစ်နှစ်တစ်ကြိမ်နှုန်းနဲ့ ငါးနှစ်ဆက်တိုက်ရှိပါပြီ။သူတို့နိုင်ငံခြားက ကျောင်းသား ကျောင်းသူများအနေနဲ့လည်း ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကိုလည်း လေ့လာခွင့်ရခဲ့ကြတာပေါ့'' ဟု ပြောသည်။
စိုးဝင်း (SP)

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော် ဖေဖော်ဝါရီ ၂၇

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင် ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေဇင်မြို့သစ် ရပ်ကွက်(၃) အဝိုင်း၌ မသင်္ကာဖွယ် ရာ အရပ်သားသုံးဦးကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာ နေ လီဆင်းဝ(၂၆ နှစ်) (ဘ) ဦးလီ ဖျင်ချန်၊ ချိန်ရီ (၂၇ နှစ်)(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင်(၂၄ နှစ်) (ဘ) ဦးဝူလျှောက်ဝါ တို့အား အိုက်စ်အမှုန့် ၃၅ဝ ဂရမ်၊ အက်ဖီ တမင်းအဖြူမှုန့် ၄၅ဝဝ ဂရမ်ပါ တစ် ထုပ်၊ ၁ ကီလိုဂရမ်ပါ တစ်ထုပ်၊ ၃ ဂရမ်ပါ တစ်ထုပ်နှင့် WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅ဝ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၃၂ သိန်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် တပ်မတော် စစ်ကြောင်းများက အဆောက်အအုံ တစ်လုံးအား ဝင်ရောက်ရှင်းလင်းခဲ့ရာ ၄င်းအဆောက်အအုံအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝ ကာလတန်ဖိုး ငွေကျပ် ၁၈ သိန်းခန့်အား ပိုင်ရှင်မဲ့သိမ်းဆည်းရ မိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသော တရားခံများနှင့်မူးယစ်ဆေးဝါးများအား လောက်ကိုင်မြို့ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ စနစ် တကျအပ်နှံ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

ခိုလုံလီရှောတိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် ကျင်းပ



နမ့်ခမ်း ဖေဖော်ဝါရီ ၂၇

ခိုလုံလီရှောတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၏ နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ လီရှောတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်ရုံးရှိ ကွင်းပြင်၌ကျင်းပသည်။

အခမ်းအနားတွင် ယဉ်ကျေးမှုဥက္ကဋ္ဌ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားသည်။ ယင်းနောက် နမ့်ခမ်းမြို့နယ် လီရှောတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာအဆိုအကများ၊ ဖိတ်ကြားထားသောရှမ်း၊ ကချင် စသည့်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။

 ယခုကျင်းပသော ခိုလုံလီရှောနှစ်သစ်ကူးပွဲတော်မှာ (၂၅) နှစ်မြောက်ငွေရတုပွဲတော်ဖြစ်ပြီး တောင်ပေါ်ကျေးရွာဒေသများမှ ခိုလုံလီရှောတိုင်းရင်းသားများ စုပေါင်းဆင်နွှဲကာ အခမ်းအနားစတင်ကျင်းပသည့်နေ့မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရိုးရာဝတ်စုံကို ဝတ်ဆင်ကြရာ ရိုးရာအကကို စုပေါင်းဝိုင်းဖွဲ့၍ကကြကြောင်း သိရသည်။ ဥာဏ်မင်း(နမ့်ခမ်း)

ကံ့ကော် တစ်ထောင်နှစ် (၁၀၀) ပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ



ဘိုကလေး ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဘို ကလေးမြို့နယ် ပေချောင်းကြီးရွာ ကံ့ကော်တစ်ထောင်တွင် ကံ့ကော် တစ်ထောင် သာသနာပြုဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေလာသ ဆရာတော်ဦးစီး၍ ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၄ ရက် အထိ အနေကဇာတင်ပွဲကြီးကို ၁၅ ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။

နေ့စဉ်ပူဇော်ပွဲအဖြစ် တရားပွဲ၊ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော် ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ များကျင်းပပြီး ဖေဖော်ဝါရီ ၂၇ ရက် တွင် သက်ကြီးပူဇော်ပွဲ (အဘိုး)၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်ကြီး ပူဇော်ပွဲ(အဘွား)၊ မတ် ၁ ရက်တွင် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ၊ မတ် ၂ ရက် နှင့် ၃ ရက်တွင် ဒုလ္လဘရဟန်းခံပွဲ၊ ရှင် ၁ဝဝ ပြုပွဲ၊ သီလရှင်ဝတ်ပွဲ၊ မတ် ၄ ရက်တွင် ပင့်သံဃာ ၁ဝဝ တို့အား ရှင်ပြုရဟန်းခံ သိက္ခာထပ်ရေစက်ချပွဲများကျင်းပပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲ ဖျော်ဖြေပွဲများဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးများကြောင့် စည်ကားလျက် ရှိကြောင်း သိရသည်။
(မြန်မာ့အလင်း)

စပါးက စာချုပ်လိုတဲ့ မိုနာကို နောက်ခံလူ အဒမ်နိုယာ



မိုနာကိုအသင်းရဲ့ ခံစစ်မှူး အဒမ် နိုယာဟာ ယခုနှစ်ရာသီမှာ နေရာမရ ဖြစ်နေပါတယ်။ ပြင်သစ်ပထမတန်း ကလပ် မိုနာကိုနောက်ခံလူ အဒမ်နို ယာကို စိတ်ဝင်စားနေတဲ့ ကလပ်တွေ ထဲမှာ စပါးလည်းပါဝင်ပါတယ်။ စပါး အသင်းဟာ နောက်တန်းခံစစ်အား ကောင်းဖို့ ကစားသမားကောင်း တစ်ဦး အလိုရှိနေပါတယ်။
စပါးကတော့ အဒမ်နိုယာကို ခေါ်ယူဖို့ အတော်စိတ်ဝင်စားနေတယ် လို့ ဆိုပါတယ်။ တူနီးရှားနိုင်ငံသား အဒမ်နိုယာကို ပေါင် ၅သန်းနဲ့ ခေါ်ယူ ဖို့ နွေရာသီက ကမ်းလှမ်းဆက်သွယ် မှုတွေ ပြုလုပ်ထားတယ်လို့ ဆိုပါ တယ်။ အသက် ၂၅ နှစ်ရှိတဲ့ အဒမ် နိုယာဟာ ခံစစ်မှူးကောင်းတစ်ဦးဖြစ် တဲ့အတွက် စပါးက နွေရာသီမှာ အရ ခေါ်ယူမယ့် အနေအထားရှိပါတယ်။ စပါးကခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် မိုနာကိုမှာပဲ ပျော်ပါတယ်လို့ သူကဆို ပါတယ်။

မိုနာကိုမှာ နေရာမရဖြစ် နေမယ်ဆိုရင်တော့ စပါးကိုပြောင်း ဖို့စဉ်းစားရပါလိမ့်မယ်လို့ သူကဆို ပါတယ်။ အဒမ်နိုယာဟာ ယခုနှစ် ရာသီအတွင်း မိုနာကိုအသင်းအတွက် ချန်ပီယံလိဂ် ဂိုးတစ်ဂိုးသွင်းယူထား ပါတယ်။ ဒါပေမယ့် ပုံမှန်ပွဲထွက်ကစား ခွင့်မရခဲ့ပါဘူး။ ယခုနှစ် ရာသီ အတွင်း ပြင်သစ်လိဂ်မှာ ကိုးပွဲသာ ကစားခဲ့ ရတယ်လို့ ဆိုပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

မြန်မာ့စိန်တလုံးသရက် နိုင်ငံတကာတင်ပို့နိုင်ရေး မူပိုင်အမှတ်တံဆိပ်ပြုလုပ်

 



မြန်မာနိုင်ငံမှထွက်ရှိသော စိန် တလုံး သရက်သီးကို ပြည်တွင်းစားသုံး သူများသာမက နိုင်ငံခြားတိုင်းပြည် များကပင် ကြိုက်နှစ်သက်ကြသည်။ အရသာမှာ အခြားသော သရက်သီး များနှင့် မတူသောအရသာကို ပေး စွမ်းသောကြောင့်ဖြစ်သည်ဟု ဆို သည်။

နှစ်စဉ်လည်း နိုင်ငံခြားတိုင်းပြည် အချို့သို့ တင်ပို့မှုဖြင့် နိုင်ငံခြားဝင်ငွေ ရရှိသော်လည်း အချို့သောတိုင်းပြည် တို့မှာ အရည်အသွေးစိစစ်မှု စည်းကမ်း တင်းကျပ်လျက်ရှိနေသည်ဟု မြန်မာ နိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရ သည်။
ယင်းအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်း မင်းဒင်က ''အခြားနိုင်ငံတွေထက် ဂျပန်နိုင်ငံက သီးထိုးယင်ပိုးနဲ့ အစေ့ထိုး ပိုးကို အရမ်းကြောက်တယ်။ သူတို့နိုင်ငံ ထဲကို လုံးဝအဝင်မခံဘူး'' ဟု ဆိုသည်။

ထို့ကြောင့် စိန်တလုံးအဓိက ထွက်ရှိရာ မန္တလေးတိုင်းဒေသကြီး ဟန်မြင့်မိုရ် သရက်စိုက်တောင်သူများ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကိုရီးယားနိုင်ငံ Kippo အဖွဲ့တို့က ပူးပေါင်း၍ အရည် အသွေးပြည့်မီသော မြန်မာ့စိန်တလုံး သရက်သီးများကို နိုင်ငံတကာသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေး အတွက် အာမခံချက်ရှိသော စိန်တလုံး အမှတ်တံဆိပ် (One Diamond Brand Identification Standards) ကို ရေးဆွဲတည်ဆောက်ခဲ့သည်။

တင်ပို့သော ထုတ်ပိုးမှုပေါ်တွင် ယင်းအမှတ်တံဆိပ် ပါရှိမည်ဖြစ်ပြီး သရက်သီးအလုံးတိုင်းတွင်လည်း ကပ် ထားပေးမည်ဖြစ်ကြောင်း သိရသည့် အပြင် ထုပ်ပိုးမှုကိုလည်း နိုင်ငံခြား နည်းပညာအသုံးပြု၍ စနစ်တကျ ထုပ်ပိုးသွားမည်ဟု ဆိုသည်။
နိုင်ငံခြားသို့ ပို့သည့်အခါတွင် လည်း စိန်တလုံး၏ အရည်အသွေးနှင့် ပိုးမွှားကင်းစင်မှုကို သစ်သီးဝလံ အသင်းမှပင် ကြီးကြပ်စစ်ဆေးပြီး အာမခံချက်ဖြင့် တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အနေဖြင့် မြန်မာ့စိုက်ပျိုးရေး ပိုးမွှားများ ကာကွယ်ရေးဌာန ဂျပန်နိုင်ငံ JICA အဖွဲ့တို့ကပူးပေါင်း၍ သီးထိုးယင်ပိုး ကာကွယ်နှိမ်နင်းရေးအတွက် မြန်မာ နိုင်ငံ စိုက်ပျိုးရေးသုတေသနဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိနေ ကြောင်း အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်း ဒင်က ပြောပြသည်။
နိုင်ငံတကာဈေးကွက်သို့ ဖြန့်ခင်း ရာတွင် တင်ပို့သော အသီးအနှံများ၌ ပိုးမွှားအန္တရာယ် ကင်းစင်မှသာလျှင် ကျယ်ကျယ်ပြန့်ပြန့် ပိုမို၍ထိုးဖောက် ဝင်ရောက်နိုင်မည်ဖြစ်သည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)