ပြည်ထောင်စုလွှတ်တော်အစည်းအဝေးလွှတ်တော်လေးနှစ်သက်တမ်းကာလအတွင်း ဥပဒေပေါင်း (၁၃၃) ခု အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့
နေပြည်တော် ဇန်နဝါရီ ၃ဝ
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး
နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် နာယကက ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော် (၄) နှစ်မြောက်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင်
ယခုလေးနှစ်သက်တမ်းကာလအတွင်း လွှတ်တော်များ၏ ပုံမှန်အစည်းအဝေး(၁၁)
ကြိမ်မြောက်နှင့် အထူးအစည်းအဝေးတစ်ကြိမ်ကို အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယင်းကာလအတွင်း ဥပဒေပေါင်း (၁၃၃) ခုကို
အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပါကြောင်း၊ လွှတ်တော်များ၏ အဓိကတာဝန်ဖြစ်သည့်
ဥပဒေပြုရေးနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရေးတာဝန်များနှင့်
ပတ်သက်ပြီး လေးနှစ်တာကာလအတွင်း မည်မျှတာဝန်ထမ်းဆောင်နိုင်ခဲ့သည်ကို
ပြန်လည်သုံးသပ်ရာတွင် ပြည်တွင်းသာမက ပြည်ပတွင်ပါ အသိအမှတ်ပြုခြင်းကို
ခံယူရရှိသည့်အဆင့်သို့ ရောက်ရှိခဲ့ပါကြောင်း။
လွှတ်တော်များ
စတင်ပေါ်ပေါက်ခဲ့ သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၏ ပထမပုံမှန်အစည်း
အဝေးတွင် အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍများတွင် နိုင်ငံ တော်သမ္မတ၊
ဒုတိယသမ္မတများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်း ပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေး
ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည် ထောင်စုစာရင်းစစ်ချုပ်တို့ကို ခန့်အပ်
တာဝန်ပေးနိုင်ရေးအတွက် လွှတ် တော်၏ သဘောတူညီချက်ရယူပေး နိုင်ခဲ့ပြီး ၂ဝ၁၁
ခုနှစ် တစ်နှစ်တာ ကာလအတွင်း ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့်
ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်
ခွင့်ဆိုင်ရာ ဥပဒေများအပါအဝင် ဥပဒေပေါင်း ၁၅ ခုကို စတင်ပြဋ္ဌာန်း
ပေးနိုင်ခဲ့ပါကြောင်း။
၂ဝ၁၂ ခုနှစ် တစ်နှစ်တာကာလ အတွင်း
ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော်၌
ဆွေးနွေးဆုံးဖြတ်ရမည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေ၊
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ တို့ကို စတင်ဆွေးနွေး အတည်ပြုပြဋ္ဌာန်း
ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊
နိုင်ငံခြားသုံးငွေ စီမံ ခန့်ခွဲမှုဥပဒေနှင့် လယ်ယာမြေဥပဒေ စသည့်
ဥပဒေများအပါအဝင် ဥပဒေ ပေါင်း ၂၄ ခုကို ဆက်လက်ပြဋ္ဌာန်း ပေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့
ဝန်ထမ်းများ ကိုယ့်ဂုဏ် ကိုယ့်သိက္ခာ နှင့်အညီ နေထိုင်စားသောက်နိုင်ရေး
နှင့် အဂတိတရားကင်းရှင်းနိုင်ရေး အတွက် ဝန်ထမ်းများလစာကို အနည်းဆုံး
၁၉၅၆-၁၉၆ဝ ခုနှစ်က ရရှိထားသည့် စရိတ်များ၏ တန်ဖိုး အတိုင်း
ရရှိစေရေးကိုလည်းကောင်း၊ ဥစ္စာဓနဆုံးရှုံးလျှင် ဘာမှမဆုံး ရှုံးဟုမှတ်ပါ
(When Wealth is lost, Nothing is lost)၊ ကျန်းမာရေးဆုံးရှုံး ပြီဆိုလျှင်
တစ်စုံတစ်ရာ ဆုံးရှုံးပြီဟု မှတ်ပါ (When Health is lost, Something is
lost)၊ ကိုယ်ကျင့် တရား ဆုံးရှုံးပြီဆိုလျှင် အားလုံးဆုံးရှုံး ပြီဟုမှတ်ပါ
(When Character is lost, Everything is lost) စသည့်
အကျိုးအကြောင်းများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်၏ တတိယ
ပုံမှန်အစည်းအဝေးတွင် လွှတ်တော် သို့ တင်ပြခဲ့ပြီး ဝန်ထမ်းတိုင်းကို
လစဉ်ထောက်ပံ့ငွေ သုံးသောင်းကျပ်စီ တိုးမြှင့်ခံစားနိုင်ရေးကို စတင်ဆောင်
ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ၂ဝ၁၃ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်များတွင်
လစဉ်ကျပ်နှစ်သောင်းစီ လစာ ဆက်လက်တိုးမြှင့်ရရှိရေး ဆောင်ရွက်
နိုင်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် လွှတ် တော်များနှင့်
ပြည်ထောင်စုလွှတ်တော် အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင် ရွက်ရေးအတွက်
မြန်မာနိုင်ငံလွှတ် တော်ဆိုင်ရာအဖွဲ့(Myanmar Par-liamentary Union)
ဖွဲ့စည်းဆောင် ရွက်ခြင်း၊ လယ်ယာမြေနှင့် အခြား
မြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက်
စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း ဆောင်ရွက်ခြင်းများကိုလည်း စတင်
ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် လွှတ်တော်၏ မူဝါဒဖြစ်သည့် ပြည်သူ့အသံ
လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်
လွှတ်တော်က ဖော် ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ ဆောင်ပုဒ်ကိုလည်း ချမှတ်အကောင်
အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
၂ဝ၁၃ တစ်နှစ်တာ
ကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုဥပဒေ အပါအဝင် ဥပဒေပေါင်း ၃၇ ခုကို အတည်ပြု
ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးတစ်ရပ်ကို
ခေါ်ယူ ကျင်းပပြီး မိတ္ထီလာမြို့တွင် အရေး ပေါ်အမိန့်
ထုတ်ပြန်ဆောင်ရွက်နိုင်ရန် အတည်ပြုခြင်းနှင့် ပြည်ထောင်စုလွှတ် တော်
အလုပ်သမား၊ အလုပ်ရှင်အခွင့် အရေး လေ့လာပူးပေါင်းကော်မရှင်
ဖွဲ့စည်းခြင်းကိုလည်း အတည်ပြုပေး နိုင်ခဲ့ပါကြောင်း။
ထို့ပြင်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ များနှင့်အညီ
ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့ကို တိုးချဲ့
ဖွဲ့စည်းနိုင်ခဲ့ပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို
ပိုမိုထိရောက်မြန်ဆန် စွာအကောင်အထည်ဖော် ဆောင်ရွက် လာနိုင်ခဲ့ပါကြောင်း၊
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေတ်ကာလနှင့်အညီ ပြင်ဆင်နိုင်ရေးအတွက်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်ရေး ကော်မတီကို
ဖွဲ့စည်း၍ စတင်ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
၂ဝ၁၄ ခုနှစ်
ကာလအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စု
လွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ် ရမည့် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို
စတင်ဆွေးနွေး အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့သည့် အတွက် နိုင်ငံတော်အတွင်း
အခွန် အကောက်ဆိုင်ရာကိစ္စများနှင့် ပတ် သက်ပြီး ခေတ်နှင့်အညီပြုပြင်
ပြောင်းလဲ နိုင်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊
မြန်မာအထူးစီးပွားရေး ဇုန်ဥပဒေအပါအဝင် ဥပဒေပေါင်း ၅၇ ခုကိုလည်း
ပြဋ္ဌာန်းပေးနိုင်ခဲ့ပါ ကြောင်း၊ ခေတ်စနစ်နှင့်လျော်ညီသည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းတစ်ရပ်ရေးဆွဲရေး အတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီကို
ဆက်လက် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါ ကြောင်း။
နိုင်ငံတကာဆက်ဆံရေးနှင့် ပတ် သက်ပြီး ၂ဝ၁၁ ခုနှစ်တွင် အာဆီယံ ပါလီမန်များ
ညီလာခံ (AIPA)၊ ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတကာပါလီမန် များအဖွဲ့(IPU) နှင့်
အာရှ-ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း(ASEP) အဖွဲ့များသို့
အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့ အစည်းများနှင့်
ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာပါလီမန် များ အပါအဝင်
လွှတ်တော်လုပ်ငန်း များနှင့် ဆက်စပ်ဆက်နွှယ်သော ချစ်ကြည်ရေး၊ လေ့လာရေးနှင့်
ဆွေး နွေးပွဲများသို့လည်း အကြိမ် ၉၄ ကြိမ်၊ ကိုယ်စားလှယ် ၂၅၄ ဦး
သွားရောက် နိုင်ခဲ့သည့်အတွက် ကိုယ်စားလှယ်များ ၏ အတွေ့အကြုံ၊
ဗဟုသုတမြင့်မား လာသကဲ့သို့ ထိုက်သင့်သော အရည် အချင်းများ
တိုးတက်ရရှိခဲ့ပါကြောင်း၊ ပြည်တွင်းသင်တန်းများနှင့် အလုပ်ရုံ
ဆွေးနွေးပွဲများကိုလည်း ကျင်းပနိုင်ခဲ့ သည့်အတွက် လွှတ်တော်ကိုယ်စား
လှယ်များနှင့် ဝန်ထမ်းများ၏ အရည် အသွေးမြှင့်တင်ရေးကို များစွာ
အထောက်အကူပြု ပေးနိုင်ခဲ့ပါ ကြောင်း။
ယင်းသို့သော
အတွေ့အကြုံများနှင့် သင်ခန်းစာများကိုရယူပြီး နိုင်ငံတော် နှင့် နိုင်ငံသား
အကျိုးစီးပွားအတွက် စေတနာထား ဆောင်ရွက်သည့်အခါ မိမိတို့၏ တာဝန်၊
လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို တာဝန်ခံတာဝန် ယူပြီး ဥပဒေနှင့်အညီ
ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
ဆက်လက်ပြီး ၂ဝ၁၅ ခုနှစ်တွင်
စတင်ကျင်းပလျက်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် နိုင်ငံ့ဝန်ထမ်း
များအတွက် ထိုက်သင့်သည့် လစာ စရိတ်များ ဆက်လက်တိုးမြှင့်ပေး နိုင်ရေး၊
အလုပ်သမားများနှင့် တောင် သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့်
အကျိုးစီးပွားမြှင့်တင် နိုင်ရေး၊ ပြဋ္ဌာန်းထားပြီးသော ဥပဒေ များ
အသက်ဝင်ကျင့်သုံးနိုင်ရေး အတွက် လိုအပ်သည့် နည်းဥပဒေ၊
စည်းမျဉ်းစည်းကမ်းဥပဒေများ ဆော လျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေး၊ လွှတ်တော်
အသီးသီးတွင် ကျန်ရှိနေ သည့် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများမှ
ဦးစားပေးပြဋ္ဌာန်းသင့်သည့် ဥပဒေ ကြမ်းများ အတည်ပြုပြဋ္ဌာန်းနိုင်ရေးနှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင် ရေး စသည့် နိုင်ငံတော်နှင့် နိုင်ငံသား
များ အကျိုးစီးပွားအတွက် အရေးကြီး သည့် လုပ်ငန်းများကို ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ပထမအကြိမ်
လွှတ်တော်သက် တမ်းကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏
အကျိုးစီးပွားအတွက် ဆောင်ရွက်ချိန် အချိန်ကာလ တစ်နှစ် ခန့်သာ
ကျန်ရှိတော့သည့်အတွက် ဆောင်ရွက်ရန် လုပ်ငန်းများကို တတ်နိုင်သမျှ
အောင်မြင်ပြီးစီးစေ ရေးကို မိမိတို့၏ အတွေ့အကြုံ၊ ဉာဏ် ပညာ
အမြော်အမြင်ရှိမှုများဖြင့် ထိရောက်စွာ စီမံအသုံးချဆောင်ရွက်
သွားရမည်ဖြစ်ပါကြောင်းဖြင့် ပြော ကြားသည်။
ထို့နောက် ၂ဝ၁၅-၂ဝ၁၆ ခု
ဘဏ္ဍာ ရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် ၂ဝ၁၅ခုနှစ် ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့နှင့် စပ်လျဉ်း၍ပြည်ထောင်စု အဆင့်
အဖွဲ့အစည်းဝင်များက ရှင်းလင်းခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဘဏ္ဍာငွေ
ခွင့်ပြုလျာထားမှုအခြေ အနေများ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်မည့်
စီမံကိန်း လုပ်ငန်းများ၊ ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာ
ကဏ္ဍနှင့် အခြားကဏ္ဍများတွင် နှစ် အလိုက် ဘဏ္ဍာငွေသုံးစွဲမှု အခြေ အနေများနှင့်
စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဦးသန်းထွန်းအောင်က ဓာတ် သတ္တု ထုတ်လုပ်မှုဆိုင်ရာမူဝါဒ၊ ၂ဝ၁၅-၂ဝ၁၆
ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်း ဆောင်ရွက် မှု၊ ထုတ်လုပ်မှုနှင့်
လျာထားချက်၊ ၂ဝ၁၄-၂ဝ၁၅ ခုနှင့် ၂ဝ၁၅-၂ဝ၁၆ခု ဘဏ္ဍာနှစ် သာမန်ရငွေနှင့် အသုံး
စရိတ်နှိုင်းယှဉ်ချက်များ၊ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေနှင့် လုပ်ငန်းသုံးရင်း
နှီးငွေ နှိုင်းယှဉ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှု
(ငွေလုံးငွေရင်း)အသုံးစရိတ် လျာထား ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း
တင်ပြသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က မြန်မာ
နိုင်ငံတစ်ဝန်းဖြစ်ပွားသည့် ဘေးအန္တရာယ် အမျိုးမျိုးကြောင့်
ထိခိုက်ပျက်စီးမှု များကိုလျော့နည်းစေရန်နှင့် ဘေးသင့် ပြည်သူများ
မူလလူနေမှုဘဝ အခြေအနေထက် ပိုမိုကောင်းမွန် သော အခြေအနေသို့ ရောက်ရှိစေရန်
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် ထားရှိမှုများ၊ လူမှုကာကွယ်စောင့်
ရှောက်ရေး နည်းလမ်းများနှင့်အညီ ထောက်ပံ့ဆောင်ရွက်ပေးမှုများနှင့်
ဘဏ္ဍာငွေသတ်မှတ် သုံးစွဲမှုအခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် သာမန် ရငွေ၊ လျာထားချက်များနှင့် ငွေလုံးငွေ
ရင်းအသုံးစရိတ်ဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်သည့် အဆောက်အအုံ၊ စက် ကိရိယာများ
ဖြည့်ဆည်းဆောင်ရွက် ချက်များ၊ ဥပဒေပညာရှင်များနှင့်
ဥပဒေအရာရှိကောင်းများ ဖြစ်ပေါ် လာစေရေးအတွက် ဆောင်ရွက်ထားရှိ မှုများ၊
လုပ်ငန်းစီမံကိန်းသစ်များ အတွက် လိုအပ်သည့်အခြေ အနေများနှင့်
စပ်လျဉ်း၍ ရှင်းလင်း သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ
ပေးပို့သော လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အတွက် ဂျပန်နိုင်ငံအပြည်ပြည်
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန် ယန်း ၂၄ ဒသမ ၆၇၈
ဘီလီယံချေးယူခွင့်နှင့် စပ်လျဉ်း ၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူ
အတည်ပြုခဲ့သည်။
ယင်းနောက် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ
ပေးပို့သော ''၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လ နိုင်ငံတော်၏
အရအသုံးစာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ် ဆေးတွေ့ရှိချက်များ၊
စာရင်းစစ်ကန့် ကွက်ချက်များ၊ အရေးယူ ဆောင်ရွက် ပြီးစီးမှု အခြေအနေများ''
နှင့်စပ်လျဉ်း ၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက်အစီရင်
ခံစာ(၁/၂ဝ၁၅) ကို ကော်မတီအတွင်း ရေးမှူး ဦးမောင်တိုးက ဖတ်ကြား
ရှင်းလင်းခြင်းနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ ပေးပို့သော
''၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ
နှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာ''အပေါ် ပြည်သူ့ ငွေစာရင်း
ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာ (၂/၂ဝ၁၅)ကို
ကော်မတီဝင် ဦးမိုးဇော်ဟိန်းက ဖတ်ကြား ရှင်းလင်းခြင်းတို့ကို
ဆောင်ရွက်ခဲ့ ကြသည်။
ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ် မြောက်
ပုံမှန်အစည်းအဝေး ဒသမ နေ့ကို ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင်
ပြန်လည်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)