Sunday, December 30, 2018

ဒီမိုကရေစီအနှစ်သာရဖြင့် ပြည်သူ့အကျိုးကို သယ်ပိုး

Image may contain: text
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံတော် ပေါ်ထွက်လာသည့်အချိန်မှစ၍ အခြေခံဥပဒေအသက် ဝင်ပြီး ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်နှင့် အချုပ်အခြာအာဏာသည် ပြည်သူတို့၌ တည်လေသည်။ ပြည်သူတို့၌ တည်သည်ဆိုရာ၌ ပြည်သူတို့က ရွေးချယ်တင်မြှောက်ပေး လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံ့အရေးအရာကိစ္စရပ်များကို ပြည်သူတို့ကို ကိုယ်စားပြု၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကာလမှစ၍ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည်ဆိုသော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံတွင် တစ်ခန်းရပ်သွားခဲ့ရသည်။ ယင်းအချက်သည်ပင် မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် နောက်ကျကျန်ရစ် ခဲ့ရသည့် အကြောင်းတစ်ချက်ဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံနှင့် ပြည်သူကိုအကျိုးပြုမည့် ဒီမိုကရေစီစနစ်ကို စတင်ပုံဖော်ထုဆစ်လျက် ရှိသည်။ ဒီမိုကရေစီစနစ်ကို စတင်တက်လှမ်းစ ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေးမဏ္ဍိုင်သည် ဒီမိုကရေစီစနစ်ကို စတင်ပုံဖော်ကြရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလက နိုင်ငံ လွတ်လပ်ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံအုပ်ချုပ်ရေးတို့အတွက် ဥပဒေပြုရေးကိစ္စအဝဝတို့ကို မြန်မာ အမျိုးသား ကိုယ်စားလှယ်များပါဝင်သည့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်ကို အသက်သွင်းပြီး ပြည်သူ့အခွင့်အရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခဲ့သည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အခြေခံအုတ်မြစ်ဖြစ်သည့် လွှတ်တော် များ ခိုင်မာအားကောင်းစေရန် လိုအပ်သည်။ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း အရည်အချင်းပြည့်ဝနေရန် လိုအပ်သည်။ လွှတ် တော်ကိုယ်စားလှယ်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆက်ဆံ ဆောင်ရွက်ကြရန် လိုအပ်သည်။ လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြရာတွင် ဒေသစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲမထားဘဲ အများပြည်သူ အကျိုး၊ ပြည်ထောင်စုအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ကြမည် ဟု ခံယူထားရမည် ဖြစ်သည်။
နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် မေးခွန်း များ၊ အဆိုများ၊ ဥပဒေပြုရေး၊ ပြင်ဆင်ရေးကိစ္စများကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကမဆို ဆောင်ရွက်ရာတွင် ကြိုဆိုရမည်ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးကြရမည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် လိုအပ်သည့်ဥပဒေများ နှင့် ပြင်ဆင်သင့်သည့်ဥပဒေများကို ပြင်ဆင်အတည်ပြုပြဋ္ဌာန်းနိုင်ရေး သည် ပြည်သူ့အကျိုးကိုရှေးရှုဆောင်ရွက်သည့် ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ပင် ဖြစ်သည်။
ကျင်းပပြီးသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆွေးနွေးခဲ့သည့် ဥပဒေကြမ်း ၂၆ ခုရှိပြီး ကိုးခုကို အတည်ပြုနိုင်ခဲ့သည်။ လွှတ်တော်များတွင် ဆောင်ရွက်ရန် ဥပဒေကြမ်းစုစုပေါင်း ၃ဝ ရှိသေးသည်။ ပြည်ထောင်စု လွှတ်တော်တွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ အပါအဝင် ဥပဒေလေးခု ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ အခြားဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများစွာတို့ကို ဆွေးနွေးညှိနှိုင်း ဖော်ဆောင်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ အဓိကအသက်သွေးကြော ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင်မှ ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံနှင့် ပြည်သူအကျိုးရှိမည့် ဥပဒေများ၊ အရေးကိစ္စများကိုဆွေးနွေးညှိနှိုင်း အတည်ပြုကြရာတွင် တရားဥပဒေ၏ အခြေခံသဘောတရားဖြစ်သည့် တရားမျှတမှု၊ သာတူညီမျှရှိမှုနှင့် မွန်မြတ်သည့်စိတ်ထားများ ထားရှိ ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ၏ တန်ဖိုးနှင့် အနှစ် သာရများနှင့် ဆီလျော်ကိုက်ညီသည်ဟု ယုံကြည်ပါသည်။ ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲသို့ တက်ရောက်

Image may contain: 6 people, people standing and indoor

နေပြည်တော်   ဒီဇင်ဘာ   ၂၉
ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏နေအိမ်၌   ကျင်းပပြုလုပ်ရာ  နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်နှင့်   ဇနီး  ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ကြသည်။
နေ့လယ်စာစားပွဲသို့  တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ဒုတိယ သမ္မတ  ဦးမြင့်ဆွေနှင့်  ဇနီး  ဒေါ်ခင်သက်ဌေး၊  ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အမျိုးသားလွှတ်တော်  ဒုတိယဥက္ကဋ္ဌနှင့်  ဇနီး၊ ပြည်ထောင်စု လွှတ်တော်   ဥပဒေရေးရာနှင့်   အထူးကိစ္စရပ်များ   လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊  ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုစာရင်းစစ်ချုပ်၊   ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ပြည်ထောင်စု      တရားလွှတ်တော်ချုပ် တရားသူကြီးများ၊    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ   ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့  အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင် များနှင့် ¤င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊   ဌာနဆိုင်ရာအကြီးအကဲများ၊    သိက္ခာတော်ရဆရာတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး   ဒေါ်ရင်မေနှင့်  မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ဆုတောင်းမေတ္တာပို့သ
နေ့လယ်စာစားပွဲတွင် နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ          သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေးက ခရစ္စမတ် ဆုမွန်ကောင်းတောင်း             ဖွင့်လှစ်၍ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ဘုရားသခင်  ကောင်းချီးမင်္ဂလာရရှိစေရန် ဆုတောင်း မေတ္တာ ပို့သသည်။
ခရစ္စမတ်အထိမ်းအမှတ်ကိတ် အတူတကွလှီးဖြတ်ပေး
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ခရစ္စမတ်အထိမ်းအမှတ်ကိတ်ကို  အတူတကွ လှီးဖြတ်ပေးကြသည်။
ယင်းနောက်  နေ့လယ်စာစားပွဲသို့   တက်ရောက်လာကြသူများက  ခရစ္စမတ် တေးသီချင်းကို သီဆိုကြသည်။
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးချမ်းခေါက ကျေးဇူးတော်ချီးမွမ်း၍ ဆုတောင်းမေတ္တာ ပို့သသည်။
ယင်းနောက်  နိုင်ငံတော်သမ္မတနှင့်  ဇနီး၊  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်

Saturday, December 29, 2018

(၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာက္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၊ တိပိဋ က ဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များ၊ စာပြန် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ပရိတ်တရားတော်ကို နာယူ
ရှေးဦးစွာ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် အဘိ ဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တပညိဿရာဘိဝံသ ထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပရိသတ် တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ချီးမြှင့် တော်မူသော ပရိတ်တရားတော်ကို နာယူ ကြသည်။
အမြင့်မားဆုံးစာမေးပွဲဖြစ်
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မ္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သာရဏီယသြဝါဒကထာြ>ွမက်ကြားရာ တွင် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသည် ၁၃၁ဝ ပြည့် နှစ်မှစ၍ ကျင်းပခဲ့သော စာမေးပွဲကြီးဖြစ် သည့်အပြင် မြန်မာပြည်တွင် ကျင်းပ လျက်ရှိသော စာမေးပွဲများအနက် ရက် အရှည်ကြာဆုံး၊ အခက်အခဲဆုံးသော စာမေးပွဲကြီးဖြစ်သကဲ့သို့ မြန်မာမှာ သာမက က္ဘာကပင် အံ့သြရလောက် အောင် အမြင့်မားဆုံးစာမေးပွဲဖြစ်သည် ကို အရှင်မြတ်တို့ သိရှိကြပြီးဖြစ်ပါ ကြောင်း၊ အရှင်မြတ်တို့သည် မြတ်စွာ ဘုရား၏ ပရိယတ္တိသာသနာတော်ကို ဓမ္မာနုဂ္ဂဟဓမ္မပူဇာဖြင့် သဒ္ဓါဗလဝ ပူဇော် ချီးမြှောက်ကြ၍ အခက်အခဲအနက်နည်း ဆုံးသော စာမေးပွဲကြီးကို ဝင်ရောက် ပြန်ဆို ဖြေဆိုခွင့်ရတော်မူကြသော ကြောင့် ပုညဝ္တခေါ် ဘုန်းကံပါရမီထူး ပုဂ္ဂိုလ်တို့ဖြစ်ကြောင်း ကောင်းစွာထင်ရှား လှပါကြောင်း။
ပီတိသောမနဿဖြစ်ရ
အရှင်မြတ်တို့သည် မြတ်စွာဘုရား ရှင်၏ ပရိယတ္တိသာသနာတော်ကို နေဝါ လဝန်းထွန်းလင်းသည့် အရောင်တောက် ပြောင်သည်ထက် တောက်ပြောင်အောင် ဆောင်ရွက်ရေးအတွက် ထူးကဲသော ဆန္ဒ၊ ပြင်းပြသော ဝီရိယ၊ ထက်သန်သော စိတ္တ၊ တောက်ပသော ပညာလေးဖြာ သော အဓိပတိတို့ အပြည့်အဝကိုယ်စီ ကိုယ်ငထားရှိကြကုန်လျက် ဤတိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသို့ ဝင်ရောက်ပြန်ဆိုရေးဖြေ ကြသည်ကို ဖူးမြင်ကြုံတွေ့ရသဖြင့် အနာဂတ် သာသနာရေးအတွက် အားတက်ဝမ်းသာ ပီတိသောမနဿ အဖြာဖြာဖြစ်ရပါကြောင်း။
သြဝါဒကထာကို မြွက်ကြား
စာပြန် စာဖြေအရှင်မြတ်တို့သည် နိုင်ငံတော်တစ်ဝန်းလုံးရှိ သံဃာတော်များ အနက်မှ ထူးကဲစွာ နိကာယ်ငါးရပ် ပိဋ ကတ်ပါဠိတော်တို့ကို သင့်၊ အံ၊ ကြံ၊ ကြည့် လျက်ကြိုးစားအားထုတ်မှုဖြင့် ပရိယတ္တိ သာသနာတော်အကျိုးကို ဆောင်ရွက်ခွင့် ရကြသည့် ဘုန်းကံပါရမီထူးသော အရှင် မြတ်တို့ဖြစ်ကြသည်မှာ ငြင်းဖွယ်ရာ မရှိဖြစ်ပါကြောင်း။ ပညာရည်မွန် ကံထူး ချွန်သော ပုဂ္ဂိုလ်များပီပီ ပိဋကတ်တော် များကို ကျက်၊ အံ၊ ကြံ၊ ကြည့်ပရိယတ္တိ အလုပ်ကို အားထုတ်ရာ၌လည်း စာသင် နည်းသုံးနည်းရှိသည့်အနက် မိမိတို့ရယူ နိုင်သော အလဂဒ္ဒူပမ စာသင်နည်း၊ နိဿရဏတ္ထစာသင်နည်းနှစ်မျိုးတို့တွင် မြတ်စွာဘုရားရှင် ချီးမွမ်းတော်မူအပ်သော သီလအကြောင်း ဟောတော်မူသည့် ပိဋကတ်ကို သင်အံလေ့လာရပါလျှင် ထိုပိဋကတ်တော်လာ သီလတရားတော် များသည် ငါ၏သ္တာန်၌ဖြစ်စေရမည်၊ သမာဓိအကြောင်း ဟောကြားတော်မူ သည့် ပိဋကတ်များကို သင်အံလေ့လာ ရပါလျှင် ထိုပိဋကတ်တော်လာ သမာဓိ တရားများသည် ငါ၏ သ္တာန်မှာဖြစ်စေရ မည်၊ ပညာအကြောင်း ဟောတော်မူသည့် ပိဋကတ်ကို သင်အံလေ့လာရပါလျှင် ထိုပိဋကတ်တော် ပညာတရားများသည် ငါ၏သ္တာန်မှာ ဖြစ်စေရမည်ဟူသော နှလုံးသွင်းဖြင့် သံသရာဝဋ်မှ ထွက်မြောက် ရာ ထွက်မြောက်ကြောင်း နိဿရဏတ္ထ စာသင်နည်းမျိုးဖြင့် သင်ကြားလေ့လာ ဆည်းပူးတော်မူကြကာ သာသနာ့အကျိုး ကို သယ်ပိုးဆောင်ရွက်နိုင်သည့်သာသနာ တော်ဦးဆောင်ရှေ့သွား ပုဗ္ဗင်္ဂမပုဂ္ဂိုလ်များ ဧကန်စင်စစ် ဖြစ်တော်မူကြစေသတည်း ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအရှည်ခံ့ ၍ တည်တံ့နိုင်ပါစေသတည်းဟု နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့၏ သာရ ဏီယသြဝါဒကထာကိုြ>ွမက်ကြားသည်။
လက်ဆင့်ကမ်းသယ်ဆောင်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာ များကိုလျှောက်ထားရာတွင် ဗုဒ္ဓဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဟောကြားထား ရှိတော်မူခဲ့သော တရားတော်များသည် ဘုရားရှင်မဟာပရိနိဗ္ဗာန် ဝင်စြံ<ွကသွား တော်မူပြီးနောက်တွင် ဘုရားရှင်၏ ကိုယ်စားတော်အဖြစ်ြ<ွကင်းကျန်တည်ရှိ ခဲ့ပြီး ထိုတရားတော်တို့သည်ပင် ပရိယတ္တိ သာသနာတော်အဖြစ် အရင်းမူလတည်ရှိ နေပါကြောင်း။ မြတ်စွာဘုရားရှင် ထားရှိ တော်မူခဲ့သည့် ပရိယတ္တိသာသနာတော် ကြီးကို ပထမသင်္ဂါယနာတင် ရဟ္တာ အရှင်မြတ်ကြီးများမှစ၍ နှုတ်ငုံဆောင် တော်မူခဲ့ကြပြီး အစဉ်အဆက်သင်ကြား ပို့ချတော်မူကြလျက် လက်ဆင့်ကမ်း သယ်ဆောင်တော်မူခဲ့ကြပါကြောင်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ထွန်းခဲ့၍ လွတ်လပ်ရေး၏ ဖွားဖက် တော်သဖွယ်မှတ်ယူနိုင်ခဲ့သော စာမေးပွဲ ကြီးဖြစ်ပြီး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၏ ရှေ့ပြေးနိမိတ် အရုဏ်ဦးအလင်းရောင်ဖြစ် ခဲ့ပါကြောင်း။ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို နိုင်ငံတော်ဗုဒ္ဓသာသနာ အဖွဲ့ကြီးက ကြီးမှူး၍ အတည်တကျ ဆက်လက် ကျင်းပနိုင်ရေးအတွက် ၁၉၆ဝ ပြည့်နှစ် တွင် မြန်မာနိုင်ငံအစိုးရက တိပိဋကဓရ ရွေးချယ်ရေးအက်ဥပဒေ (ဥပဒေအမှတ်- ၂၈) ကို ထုတ်ပြန်ပေးခဲ့ပါကြောင်း။ ၁၉၆၅ ခုနှစ်တွင် အခြားအခြားသော ဥပဒေတချို့ ဖျက်သိမ်းရာတွင် ပါဝင်ခဲ့သော်လည်း တိပိဋကဓရ ရွေးချယ်ရေး အက်ဥပဒေမှာ မူ ပါဝင်ခြင်းမရှိဘဲ ထိုအက်ဥပဒေကို ပြဋ္ဌာန်းချက်ယူလျက် ယခင်သာသနာရေး ဝန်ကြီးဌာနက ကြီးမှူး၍ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး ဆက်လက် ကျင်းပနိုင်ခဲ့ပါကြောင်း။
ဆက်ကပ်လှူဒါန်းလျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် တိပိ ဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ဝင်ရောက်ပြန်ဆိုဖြေဆို အောင်မြင်၍ ပေါ်ပေါက်လာသည့် သာသနာ့အာဇာနည်အရှင်မြတ်တို့အား သာသနာတော်ကြီး အရှည်တည်တံ့ ပြန့်ပွားရန်ရည်သန်လျက် ဆွမ်းဆန်တော် များ၊ ကုန်း၊ ရေ၊ လေ အခမဲ့ ခရီးသွား လက်မှတ်များကို ရာသက်ပန်ဆက်ကပ် လှူဒါန်းလျက် ရှိပါကြောင်း။ တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး၍ ငါးနှစ် ပြည့်သောအခါ ''တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက''ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူ ဒါန်းသည့်အပြင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ် လှူဒါန်းလျက်ရှိပါကြောင်း။
(၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိ ဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး၌ ဝင်ရောက်ပြန်ဆို ဖြေဆိုတော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များ သည် ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ဝင်ရောက်ပြန်ဆို ဖြေဆိုအောင်မြင်တော် မူကြပြီး ၂ဝ၁၉ ခုနှစ် မေလတွင် ကျင်းပ မည့် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကြီးသို့ တက်ရောက်၍ အောင်လက်မှတ်ဘွဲ့ တံဆိပ်တော်များကို ခံယူနိုင်သည့် သာသနာ့အာဇာနည်များ ဖြစ်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ ကြောင်း လျှောက်ထားသည်။
ယင်းနောက် အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းစုစုပေါင်း ကျပ် ၃၃၉ သိန်းကျော်ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင် တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်တို့က အနုမောဒနာတရား နာကြားကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
( ၇၁ ) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကို မွန်းလွဲ ၁ နာရီတွင် ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး အတွင်း၌ ကျင်းပရာ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များကြီးကြပ်၍ စာဖြေသံဃာ တော်များ ပိဋကတ်သုံးပုံအာဂုံပြန်ဆိုနေ သည်ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက လှည့်လည်ကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ဗုဒ္ဓသာသနာဝင် သမိုင်းတစ် လျှောက် သင်္ဂါယနာ ၆ တန်တင်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ပဉမသင်္ဂါယနာနှင့် ဆဋ္ဌသင်္ဂါယနာ နှစ်ကြိမ်တိုင် ဆင်နွှဲခွင့်ရခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင် သည့်အခါ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည် အရှင်မြတ်များ ရရှိ ရေးအတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှာ ပင်တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီးကို ပထမအကြိမ် စတင် ကျင်းပခဲ့ခြင်းဖြစ်၍ ဤတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကြီး ကျင်းပသည့် သက်တမ်းနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးသက်တမ်း တို့သည် အကြိမ်အရေအတွက် အတူတူ ဖြစ်ကြသည်။
အောင်မြင်စွာကျင်းပပြီးစီး
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး (၆) ကြိမ် မြောက် ၁၉၅၄ ခုနှစ်တွင် ဆဋ္ဌသဂ¯ယနာ တင်ပွဲကြီး စတင်ကျင်းပသည့်နှစ်ဖြစ်၍ ထိုနှစ်တွင် စစ်ကိုင်းတောင်ရိုးမင်းကွန်း ဓမ္မနာဒကျောင်းတိုက်မှ အရှင်ဝိစိတ္တသာ ရာဘိဝံသအရှင်မြတ်သည် တိပိဋကဓရ တိပိဋကကောဝိဒစာမေးပွဲကြီး အာဂုံပြန် ရေးဖြေနှစ်မျိုးစလုံး၌ ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတိပိဋကဓရ မဟာ တိပိဋကကောဝိဒတစ်ပါး စတင်ပေါ်ထွန်း ခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနား ကြီးတွင် မ္တလေးမြို့ ညောင်ရမ်းဆရာ တော် ဘုရားကြီးက သံဃာ့ဦးသျှောင် မထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး မဟာစည် ဆရာတော် အရှင်သာသနက အမေးပ္ဆုက ဆရာတော်အဖြစ် လည်း ကောင်း၊ အရှင်ဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်က တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဖြေဝိဿဇ္ဇက ဆရာ တော်အဖြစ်လည်းကောင်း ဆောင်ရွက် တော်မူကြလျက် ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကြီးကို အောင်မြင်စွာ ကျင်းပပြီးစီး အောင်မြင်ခဲ့သည်။
သာသနာ့အာဇာနည်
အရှင်မြတ် ၁၄ ပါး ပေါ်ထွန်းခဲ့
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ စတင် ကျင်းပခဲ့သည်မှစ၍ တစ်ကြိမ်မျှပျက်ကွက် မှုမရှိခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ (၇၁) ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်သည်။ စာမေး ပွဲကြီးတွင် အာဂုံပြန်နှင့် သဘောရေးဖြေ နှစ်မျိုး ခွဲခြားဖြေဆိုရပြီး ပိဋကတ်သုံးပုံလုံး စာမျက်နှာပေါင်း ၈ဝ၂၆ မျက်နှာကို ပြီးမြောက်အောင် အာဂုံပြန်ဆိုခြင်းပြု နိုင်ပါမှ တိပိဋကဓရဘွဲ့နှင့် သဘော ရေးဖြေအောင်မြင်ပါမှ တိပိဋကကောဝိဒ ဘွဲ့ကို ဆက်ကပ်ခံရမည်ဖြစ်သည်။ တိပိဋ ကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးသည် မြန်မာနိုင်ငံ ပရိယတ္တိ စာမေးပွဲလောကတွင် အဆင့်အမြင့်ဆုံး စာမေးပွဲကြီးဖြစ်၍ စာမေးပွဲကြီး ပထမ အကြိမ်မှ (၇ဝ) ကြိမ်အထိ ပထမဆုံး အောင်မြင်တော်မူသည့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အပါအဝင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရှိရသည်။
(၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ကြီးကို ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီးအတွင်း၌ ယနေ့မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး စာမေး ပွဲတွင် အဘိဓမ္မာ (နောက်ပိုင်း) တစ်ပါး၊ အဘိဓမ္မာ(ရှေ့ပိုင်း) တစ်ပါး၊ ဒိဃနိကာယ် ၃ ကျမ်း ၁ဝ ပါး၊ ဝိနည်း(ဒုတိယပိုင်း) ၃ ကျမ်း ၉၃ ပါး၊ ဝိနည်း(ပထမပိုင်း) ၂ ကျမ်း ၁၁၅ ပါး စုစုပေါင်းသံဃာအပါး ၂၂ဝ အာဂုံပြန်ဆိုကြမည်ဖြစ်ရာ အများပြည်သူ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ကြည်ညို နိုင်ကြောင်း သိရှိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဝန်ထမ်းများနှင့် တွေ့ဆုံ

Image may contain: 3 people, table, wedding and indoor

နေပြည်တော် ‘ဒီဇင်ဘာ   ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကုန်းလမ်းပို့ဆောင်ရေးမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဝန်ထမ်းများအနေဖြင့် ဌာနတိုးတက်ရေးအတွက်      ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီးပွား ရေးသဘောအရ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းအဖြစ် လုပ်ထုံးလုပ်နည်းများနှင့် အညီ   ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း  ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်òန်ကြားရေးမှူး     (ပူးတွဲ) ဦးမင်းချစ်ဦးနှင့်    အထွေထွေမန်နေဂျာ ဦးတင်မောင်ထွန်းတို့က    ဌာနအသွင် ကူးပြောင်းရေးအတွက်  ဆောင်ရွက်မည့် နည်းလမ်းများနှင့်     အကြံပြုချက်များကို တင်ပြကြရာ       ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။   
သတင်းစဉ်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့ ထိုင်းနိုင်ငံသို့ သာသနာပြုခရီးထွက်ခွာ


Image may contain: 5 people, people standing

ရန်ကုန် ‘ဒီဇင်ဘာ ၂၈
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပမည့် နှစ်သစ်ကူး အကြိုည တရားဒေသနာတော်များ ရွက်ဖတ်ဆုတောင်းပွဲနှင့် ဝိပဿနာရှုမှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာသွားသည်။
အဆိုပါ အဖွဲ့အား သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

သတင်းစဉ်

နိုင်ငံရေးစားပွဲဝိုင်းများနှင့် လွတ်လပ်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်


မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရခါနီး နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ နောက်ဆုံး အချိန်များဟာ တော်လှန်ရေးတိုက်ပွဲဝင် ရဲဘော်ရဲဘက်များအကြား ဆုံးဖြတ်စရာများ၊ အငြင်းပွားစရာများအစုံစုံဖြင့် ရွေးချယ်စရာ လမ်းဆုံ လမ်းခွများနှင့် ကြုံကြရသည်။
လွန်ခဲ့သော အနှစ် ခုနစ်ဆယ်ကျော်ကာလ။
ဝင်ရိုးတန်းနိုင်ငံများဖြစ်သော ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့ကို မဟာ မိတ်တို့က နိုင်ခဲ့သည့် က္ဘာ့အခြေအနေတွင်းကာလ။ မြန်မာနိုင်ငံမှာလည်း မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဂျပန်တို့ကို တိုက်ထုတ်ခဲ့သည့် ဖက်ဆစ် တော်လှန်ရေးကို နိုင်ခဲ့ပြီ။
ဗြိတိသျှနယ်ချဲ့တို့နှင့် လွတ်လပ်ရေးကိစ္စက ရေရေရာရာ မဖြစ်သေး။ သို့သော်လည်း လက်တွေ့အားဖြင့်မူ က္ဘာ့နိုင်ငံရေး ရေစီးကြောင်းက ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးမှ ရတော့မည်ဆိုသည်ကို ဗြိတိသျှ တို့က နားလည်ပြီးဖြစ်နေပြီ။ အင်္ဂလိပ်ပါလီမန်ထဲတွင် ¤င်းတို့၏ လက်အောက်ခံ ကိုလိုနီနိုင်ငံများကို မည်သို့လွတ်လပ်ရေးပေးရမည် ဆိုသည်ကို ဆွေးနွေးနေရပြီ။ လွတ်လပ်ရေး မပေးချင်ကြသည့် နိုင်ငံရေး ခေါင်းဆောင်များရှိသော်လည်း လွတ်လပ်ရေးပေးမှဖြစ်တော့မည် ဆိုတာကို နားလည်သော နိုင်ငံရေးခေါင်းဆောင်များက အသာစီးရနေသည့် အချိန်။ သို့သော်လည်း လွတ်လပ်ရေးကို ပေးကိုပေးမည် ဟူ၍တော့ မဖြစ်သေး။
သည်လို အခြေအနေက ဗြိတိသျှနိုင်ငံတွင်းမှာ ဖြစ်နေသကဲ့သို့ မြန်မာ နိုင်ငံတွင်းမှာလည်း ဓနသဟာယနိုင်ငံအဖြစ် ဆက်လက်နေမည်လော၊ လုံးဝလွတ်လပ်ရေး ရယူကြမည်လောဟူသည့် သဘောထားကိုလည်း ဆွေးနွေးနေကြသည့်အချိန်။
ဗိုလ်ချုပ်အောင်ဆန်းတို့ကို လန်ဒန်ဆွေးနွေးပွဲအတွက် ဖိတ်ခေါ် ထားပြီးဖြစ်သည်။ လွတ်လပ်ရေးအတွက် ဆွေးနွေးကြမည်။ စစ်တိုက်စရာ မလိုတော့ဘဲ စားပွဲဝိုင်းပေါ်မှာ ပြောဆိုဆွေးနွေး ညှိနှိုင်းကြပြီး လွတ်လပ်ရေးရယူနိုင်တော့မည်လား ဆိုသည့်အချိန်။
နိုင်ငံရေးအခြေအနေက ဗြိတိသျှတို့အနေဖြင့် ဖက်ဆစ်တော်လှန်ရေး တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့်မြန်မာနိုင်ငံကို အသိအမှတ်ပြုရန် ရှိသလို က္ဘာ့နိုင်ငံရေးအရ လွတ်လပ်ရေးပေးရမည်ကဲ့သို့ ရှိသည်ဆိုသော်လည်း မြန်မာနိုင်ငံသားတို့အတွက်မူ မည်သည်ကမှ သေချာသည် မဟုတ်သေး။ ကာယကံရှင်များက ဘာကိုမှ လွယ်လွယ်ရလိမ့်မည်ဟုတော့ ယတိပြတ် သဘောမထားနိုင်သေး။
နယ်ချဲ့အရင်းရှင်စနစ်ကို ဆုပ်ကိုင်ထားသော အင်အားကြီးနိုင်ငံ တစ်ခုက မြန်မာနိုင်ငံကို အလွယ်တကူ လက်လျှော့ကာ လွတ်လပ်ရေး ပေးပါမည်တဲ့လား၊ လွတ်လပ်ရေး ပေးသည်ဆိုသော်လည်း နိုင်ငံတွင်းက အရေးပါသော သယံဇာတများနှင့် စီးပွားရေးလွတ်လပ်ခွင့်တို့ကို ဆက်လက်ချုပ်ကိုင်ထားလေမည်လား အစရှိသည့် ဆွေးနွေးစရာများ အငြင်းပွားစရာများက နိုင်ငံရေးခေါင်းဆောင်များကြားတွင် ခေါင်းစဉ် အမျိုးမျိုးနှင့် ရှိနေကြသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သည်ပင်လျှင် 'လမ်းဆုံလမ်းခွ ရောက်နေသည့် မြန်မာပြည် ဘယ်လမ်းလိုက်မည်မသိ။ လုံးဝ လွတ်လပ်ရေး ကို တစ်နည်းနည်းနဲ့ ရအောင်ယူမည်ဟု ကြေညာပြီး ကျုပ်တို့ဟာ လုံးဝ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းနှင့် ရအောင်ကြိုးစားနေကြတယ်၊ လန်ဒန်ဆွေးနွေးပွဲမှာ မပြီးပြတ်ရင် ရှေ့အဖို့ ကျုပ်တို့ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး' ဟူ၍ လန်ဒန်အသွား ပြောဆိုခဲ့ဖူးသည်။ အေးအေး ချမ်းချမ်းနည်းနဲ့ မရရင်တော့ လွတ်လပ်ရေးကို မရရအောင် လုပ်ရလိမ့်မည် ဟုလည်း သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ပြော၏။
သည်လိုနှင့် လွတ်လပ်ရေးဆွေးနွေးမှုကို ဆက်လက်ညှိနှိုင်းပြီး လွတ်လပ်ရေးအတွက် အတော်ပင် သေချာသွားသည့် အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်များသည် နိုင်ငံရေး နည်းလမ်းကို အသေအချာဆုပ်ကိုင်ပြီး လိုအပ်ပါက တစ်ပြည်လုံး ပုန်ကန် ထကြွရန်လည်း ပြင်ဆင်ခဲ့ကြသည်။ သည်လိုနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှာ အနှစ်ခုနစ်ဆယ်ကျော်ခဲ့ပါပြီ။
နယ်ချဲ့အရင်းရှင်စနစ်ကြီးနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြရာတွင်ပင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြသည်။ တိုင်းရင်းသားညီနောင်များ ကြားတွင် စစ်ရေးနည်းသက်သက်ကိုသာ အားကိုးကြခြင်း မဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရင်း အဖြေရှာနိုင်ကြမည်ဟူသော ယုံကြည် စိတ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးပန်းတိုင်သို့ ချီတက်နိုင်ကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ ။

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Image may contain: one or more people

နေပြည်တော် ဒီဇင်ဘာ ၂၈


(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ( MICC-II )၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြ သော ဦးလှကျော်နှင့် ဒေါက်တာဒေါ်မြလေးစိန်၊ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ မှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျန်းမာရေးပိုမိုစောင့်ရှောက်
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို ၂ဝဝဝ ပြည့်နှစ်ကစတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၉)ကြိမ်မြောက်ရှိပြီ ဖြစ်ပါ ကြောင်း၊ ယခု ညီလာခံကို တိုင်းရင်းဆေးလောက ဘက်စုံအဆင့် အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည် အသွေးတိုးတက်ရေး၊ တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ် သိက္ခာမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူများ၏ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်း ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေးဝါးများ ပိုမို ကောင်းမွန်လာစေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာရပ်များသည် သမိုင်းအထောက် အထားများအရ မြန်မာနိုင်ငံ၏ သမိုင်းအစဟု ဆိုရမည့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံမြို့ပြနိုင်ငံများ၏ ခေတ်ကာလ များကတည်းက ရှိခဲ့သည်ကို တွေ့ရပါကြောင်း။
ရိုးရာဆေးပညာရပ်တစ်ခု
မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် တိုင်းရင်းဆေးသမား တော်ကြီးများ၊ မှူးမတ်ပညာရှိကြီးများနှင့် ကျမ်းပြုသုတေသီ ရဟန်းပညာရှင်များ၏ ပြုစုပျိုးထောင်ပေးခဲ့မှု အကျိုးကျေးဇူးများ ကြောင့် ယနေ့ထက်တိုင် တစ်မျိုးသားလုံး ဂုဏ်ယူလေးစား အားထားရသည့် ရိုးရာဆေးပညာရပ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ကောင်းမြတ်သည့်ဂုဏ်များနှင့် ပြည့်စုံသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် ပညာရပ်တစ်ခုအဖြစ်နှင့်သော်လည်းကောင်း၊ ခေတ်အဆက် ဆက်တွင် အစွမ်းထက်သည့် ရိုးရာဆေးပညာရပ်တစ်ခုအဖြစ်နှင့် သော်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ရင်း အစွမ်းထက် တိုင်းရင်းဆေးဝါးများ ဖြစ်ပေါ်လာစေရန်နှင့် ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရကလည်း အားပေးမြှင့်တင်လျက်ရှိသကဲ့သို့ တိုင်းရင်းဆေးသမားတော်ကြီးများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အစဉ်အလာကောင်းများ
နိုင်ငံတော်အတွင်း နယ်မြေဒေသအသီးသီးတွင် ပျံ့နှံ့ ရောက်ရှိနေသည့် တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဒေသ အလိုက် သမားစဉ်အလိုက် အသင်းအဖွဲ့အလိုက် ပြန့်ကျဲတည်ရှိ နေသည့် ဆေးပညာရပ်အသွယ်သွယ်၊ ကုထုံးကုနည်းအမျိုးမျိုး၊ အစွမ်းထက်သည့် ဆေးဝါးအဖုံဖုံများနှင့် တိမ်မြုပ်ပျောက်ကွယ် နေသည့် ဆေးပညာရပ်ဆိုင်ရာ ပေပုရပိုက်နှင့် ဆေးကျမ်းများကို ပြန်လည်ဖော်ထုတ်စုစည်းနိုင်စေရန် နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံ တော်အဆင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ်မပျက်ကျင်းပပြီး အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းဆေးသမားတော်ကြီးများကို နှစ်စဉ်စုစည်း တွေ့ဆုံကာ တိုင်းရင်းဆေးပညာများ နှီးနှောဖလှယ်ကြသည့် အစဉ်အလာကောင်းများသည် ယနေ့အထိ ခိုင်ခိုင်မြဲမြဲ ဖြစ်ထွန်း လာခဲ့ခြင်း ဖြစ်ပါကြောင်း။
မူဝါဒများကိုလည်း လိုက်နာကျင့်သုံး
တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်းရောဂါဘယ ကင်းရှင်းရေးတို့အပြင် ကျေးလက်ဒေသအဆင့်အထိ ကျန်းမာ ရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးရေးနှင့် ရောဂါ ဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှုပေးခြင်း စသည့် မူဝါဒများ ကိုလည်း လိုက်နာကျင့်သုံးလျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်သူ လူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေး ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂ဝဝ၁ ခုနှစ်ကစပြီး တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ကာ အရည် အချင်းပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ် ပေးခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် သင်ကြားပေးလျက် ရှိသည့် သင်ရိုးòန်းတမ်းများကို ခေတ်နှင့်လျော်ညီစွာ ပြန်လည် ရေးဆွဲခြင်း၊ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့များ နှင့် ပူးပေါင်းကာ မြန်မာတိုင်းရင်းဆေးကဏ္ဍ တိုးတက်မြင့်မား လာအောင် ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း။
အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်း
တိုင်းရင်းဆေးပညာကုသမှုစနစ်များ၊ သုတေသနဆိုင်ရာ များနှင့် တိုင်းရင်းဆေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ပြီး ASEAN Task Force on Traditional Medicine (ATFTM) ကို ဆောင်ရွက်လျက်ရှိသကဲ့သို့ BIMSTEC နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ တိုင်းရင်းဆေးအဖွဲ့တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးဝါးများ စံချိန်စံòန်းသတ်မှတ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ထုံးလုပ်နည်း များကိုလည်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ကာ ASEAN Traditional Medicine Health Suppliment Product Working Group ( TMHS PWG ) အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား စသည့် နိုင်ငံများနှင့်လည်း တိုင်းရင်းဆေးနှင့် နှီးနွှယ်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နယကြီး (၄)ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံး နည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် နိုင်ရန် အသိÓဏ်မူပိုင်ခွင့်ကိစ္စများအတွက် Intellectual Property Right ( IPR ) ဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း။
သမိုင်းအစဉ်အဆက် ပေါ်ထွန်းလာခဲ့သည့် အစွမ်းအာနိသင် ထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များကို နောင်လာ နောက်သားများအား လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများက စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လည်း မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း။
တိုင်းရင်းဆေးသုတေသနလုပ်ငန်းများတိုးမြှင့်
မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး ညီလာခံ ကြီးတွင် ညီညီညွတ်ညွတ်နှင့် လက်တွဲပူးပေါင်းပြီး နှီးနှောဖလှယ် ပွဲ၏ ရည်ရွယ်ချက်များဖြစ်သည့် ''ပြည်တွင်းတွင် ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည် အသွေး ပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်၊ တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်း အသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေး သုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန်၊ ဆေးပညာ ရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု၊ သမားယောင်များပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်''ဆိုသည့်အချက်များကို ရှေ့လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ထံမှ (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံ အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် တိုင်းရင်း ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဦးဆောင်၍ အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့သည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်