Sunday, July 1, 2018

အာဖဂန်အစိုးရကသတ်မှတ်သည့် အပစ်ရပ်ကာလပြီးဆုံး လုံခြုံရေးတပ်ဖွဲ့များက ထိုးစစ်များ ပြန်လည်စတင်

Image may contain: 3 people, people smiling, people standing and outdoor
ကဘူး ဇွန် ၃ဝ
တာလီဘန်စစ်သွေးကြွများအပေါ် အာဖဂန်နစ္စတန် အစိုးရက တစ်ဖက်သတ် သတ်မှတ်ထားခဲ့သည့် အပစ်အခတ် ရပ်စဲရေးကာလသည် ဇွန် ၃ဝ ရက်တွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အာရှက်ဖ်ဂါနီက ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီးနောက် အာဖဂန် နစ္စတန်အစိုးရ လုံခြုံရေးတပ်ဖွဲ့များက တာလီဘန်တို့အား ထိုးစစ်ဆင်မှုများ ပြန်လည်စတင်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။
အာဖဂန်နစ္စတန်အစိုးရက သတ်မှတ် ခဲ့သော အပစ်အခတ်ရပ်စဲရေးကာလ သည် ၁၈ ရက်မျှ ကြာမြင့်ခဲ့ပြီး တာလီဘန်အဖွဲ့ အိ(ဒ်)ကာလအတွင်း သုံးရက်တာ အပစ်အခတ် ရပ်စဲရေး အပေါ် ထပ်ဆောင်းသတ်မှတ်ကာ တစ်ကြိမ်သက်တမ်းတိုးခဲ့ကြောင်း၊ ယင်းလုပ်ဆောင်ချက်မှာ ၉၈ ရာခိုင် နှုန်းခန့် အောင်မြင်မှုရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်သမ္မတ အာရှက်ဖ်ဂါနီ က ပြောကြားသည်။
ယခုအခါတွင် သတ်မှတ်ထားသည့် အပစ်အခတ်ရပ်မှုပြီးဆုံးသွားပြီဖြစ်ရာ အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် ¤င်းတို့၏ စစ်ဆင်ရေးများ ပြန်လည်စတင်ရန်ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သမ္မတက ပြောကြားသည်။
တာလီဘန်တို့က တစ်ဖက်သတ် သတ်မှတ်သော အပစ်အခတ်ရပ်စဲရေး ကာလဖြစ်သည့် သုံးရက်အတွင်း ၁၇ နှစ်နီးပါးကြာမျှ စစ်ပွဲဖြင့် ပင်ပန်း နွမ်းနယ်နေသည့် အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်းလုံးတွင် မကြုံစဖူး ထူးကဲစွာ တိုက်ခိုက်မှုများ လုံးဝ ဖြစ်ပွားခြင်း မရှိခဲ့ပေ။
အေအက်ဖ်ပီ

နယ်လှည့်ခိုးနေသော အဖွဲ့ဝင်သုံးဦးအား ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းမိ

Image may contain: one or more people

မုံရွာ ဇွန် ၃ဝ
နယ်တကာပွဲဈေးနှင့် လမ်းဘေးဈေးဆိုင်များကို ပစ်မှတ်ထား၍ ကားဖြင့် နယ်လှည့်ခိုးနေသော အဖွဲ့ဝင်သုံးဦးကို ခိုးရာပါပစ္စည်းများနှင့်အတူ မုံရွာမြို့နယ် ကျောက်ကာရွှေဂူနီဘုရား ဈေးတန်းအနီး၌ ဇွန် ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ဆန်းလင်းထံမှ သိရသည်။
''နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်တင့်လွင်ဦးနဲ့အဖွဲ့က နယ်မြေ သတင်းစုံစမ်းနေတဲ့အချိန် ကျောက်ကာရွှေဂူနီဘုရားအနီး ကျောက်ကာလမ်း ဘေးမှာ အမိုးချထားတဲ့ မသင်္ကာစရာ လိုက်ထရပ်အဖြူရောင်ယာဉ်တစ်စီးကို တွေ့တယ်၊ ကားနောက်ခန်းမှာ အဝတ်အစားအစုံနဲ့အတူ ပုဆိုးတွေ၊ ဘက်ထရီ အိုးတွေ တွေ့ပါတယ်၊ ကားပေါ်မှာရှိနေတဲ့ ကံမမြို့နယ် ဖလံခုံကျေးရွာက ကိုဇော်နိုင်၊ ကိုမိုးဆွေနဲ့ မသီတာအေးတို့ကို စစ်ဆေးမေးမြန်းတော့ အထောက် အထားခိုင်လုံစွာ မပြောနိုင်တဲ့အတွက် ရှာဖွေပုံစံနဲ့ ပစ္စည်းတွေကို သိမ်းဆည်း ခဲ့တယ်၊ အနီးစပ်ဆုံးသံသယရှိတဲ့ ကျောက်ကာ အမှတ်တရအင်္ကျီအဖြူတွေ တွေ့တော့ ကျောက်ကာရွာကိုသွားစုံစမ်းလိုက်တာ အင်္ကျီတွေပျောက်သွားတယ်၊ CCTV မှတ်တမ်းပြန်ကြည့်တော့ ကားနဲ့လာပြီး ခိုးသွားတယ်ဆိုတာ တွေ့ရ တယ်၊ သူတို့သုံးဦးနဲ့အတူ ပါဝင်တဲ့အမျိုးသမီးသုံးဦးက ထွက်ပြေးသွားတဲ့ အတွက် ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်''ဟု ရဲအုပ်ဆန်းလင်းက ရှင်းပြသည်။ နယ်လှည့်ခိုးနေသောအဖွဲ့တွင် ဖမ်းမိသော ကံမမြို့နယ် ဖလံခုံကျေးရွာမှ ကိုဇော်နိုင်၊ ကိုမိုးဆွေနှင့် မသီတာအေးတို့ကို စစ်ဆေးဖော်ထုတ် ချက်အရ ¤င်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသမီးသုံးဦး စုစုပေါင်းခြောက်ဦးတို့သည် နယ်လှည့်ကာ ဘုရားပွဲဈေးဆိုင်များနှင့် လမ်းဘေး ဈေးဆိုင်များကို ပစ်မှတ်ထားခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူသုံးဦးနှင့်အတူ ဘက်ထရီအိုးအသစ်လေးလုံး၊ ဆိတ်ခွန်လုံချည် အထည်၂ဝ ခန့်၊ အမျိုးသားဝတ်ဘောင်းဘီတို၊ အမျိုးသမီးဝတ်ဇာအင်္ကျီ၊ ချည်သားလုံချည်၊ ကလေးဝတ်အင်္ကျီ၊ စွပ်ကျယ်၊ ကျောင်းစိမ်းလုံချည်၊ စင်ကြယ် ဖိနပ်၊ မီးကွေးများ၊ ပလတ်စတစ်လက်ဆွဲခြင်း၊ ပစ်တိုင်းထောင်ရုပ်များ စသည့် ပစ္စည်းတို့နှင့်အတူ လက်ကိုင်ဖုန်းလေးလုံး၊ လက်ကိုင်အိတ်သုံးလုံး အတွင်းမှာ ငွေကျပ် တစ်သိန်းသုံးသောင်းကျော်နှင့် လိုက်ထရပ်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်မေးကာ ထွက်ပြေးလွတ်မြောက်နေသော အမျိုးသမီးသုံးဦးကို အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဗီယက်နမ်တွင်ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက်ညီလာခံ တက်ရောက်


Image may contain: 3 people, people standing and crowd
နေပြည်တော် ဇွန် ၃ဝ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ဇွန် ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံအစည်းအဝေး [Sixth Assembly of the Global Environment Facility(GEF)]သို့ တက်ရောက်သည်။
ညီလာခံအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ Ariyana Convention Center ၌ ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်H.E. Nguyen Xuân Phúc က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက်GEF CEO ဖြစ်သည့်Naoko Ishii က အဖွင့်အမှာစကားနှင့်အတူ (၆)ကြိမ်မြောက်GEF ညီလာခံအစည်းအဝေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြား သည်။
အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံ၏ ခေါင်းဆောင်အသီးသီးက Country Statement ကို ဖတ်ကြားကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ အချိန်ကာလအတွင်း လူသားတို့၏ ဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများစွာရှိနေပြီး လူသားတို့တောင်းဆိုမှုများသည် ကမ္ဘာမြေကြီး ၏ ဖြည့်ဆည်းပေးနိုင်သည့် စွမ်းဆောင်ရည်ထက် ပိုမိုကျော်လွန်နေပြီဖြစ် ပါကြောင်း၊ ထိုသို့သောအခြေအနေတွင် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် သဘောတူညီချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ပတ် ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF) အထောက်အပံ့သည် လွန်စွာအရေးကြီး ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် များစွာသော အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်များတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့သော်မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်ခုဖြစ်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့၏ အထောက်အပံ့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် ပတ်ဝန်းကျင်ကို ပိုမိုထည့်သွင်းစဉ်းစားရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြန်မာနိုင်ငံ ၏ ကတိကဝတ်များကို ဖြည့်ဆည်းရာတွင် များစွာအထောက်အကူပြုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်GEF -7 Replenishment ကာလတွင်GEF- 5 GEF-6ကာလများမှ ရရှိခဲ့သည့် အတွေ့အကြုံများကိုအခြေခံကာ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမိုထိရောက်စွာဖြေရှင်း နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊GEF က ခွဲဝေပေးသော ရန်ပုံငွေ အား နိုင်ငံအသီးသီး၏ လိုအပ်ချက်နှင့်အညီ ထိရောက်စွာ အသုံးချနိုင်ရန် အတွက် GEF Agency များနှင့် နိုင်ငံများအကြား ပွင့်လင်းမြင်သာသည့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်GEF-6 ကာလအတွင်းGEF အတွင်းရေးမှူးရုံးနှင့်GEF ကောင်စီတို့၏ ကြိုးပမ်း အားထုတ်ဆောင်ရွက်ခဲ့သည်များကို အသိအမှတ်ပြုပါကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာများကို ဖြေရှင်းရာတွင်GEF အတွင်းရေးမှူးရုံးနှင့်GEF ကောင်စီတို့၏ ဆောင်ရွက်ချက်များသည် များစွာ အရေးကြီးပါကြောင်း၊GEF က ဆောင်ရွက်လျက်ရှိသောSmall Grant Programme သည် ထိရောက်သော အစီအစဉ်တစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း သက်ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ လျှောက် ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်နှင့် အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ကတိကဝတ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ရန်ပုံငွေ ထောက်ပံ့မှုပေးသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့နှင့် ငွေကြေးထည့်ဝင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများကို အသိအမှတ်ပြုပါကြောင်း၊GEF CEO ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေ အဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံအစည်းအဝေးတွင် Plenary Sessions များနှင့် အဆင့်မြင့်အရာရှိကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်သည့် အစားအစာ၊ မြေအသုံးချမှုနှင့် မြေယာထိန်းသိမ်းရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေး ပွဲ၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲတို့ကိုလည်း ပါဝင်တက်ရောက်ဆွေးနွေးသည်။
အဆိုပါညီလာခံအစည်းအဝေး၌GEF -7 Replenishment ကာလဖြစ် သည့် ၂ဝ၁၈ ခုနှစ် ဇူလိုင်လမှ ၂ဝ၂၂ ခုနှစ် ဇွန်လအထိ ကမ္ဘာလုံးဆိုင်ရာ အများနှင့်ဆိုင်သော ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ မြေအတန်းအစား ကျဆင်းခြင်း၊ ရာသီဥတုပြောင်းလဲမှုတို့နှင့်သက်ဆိုင်သည့် နယ်ပယ်များ၌ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ထည့်ဝင်သုံးစွဲနိုင်ရန် သဘော တူညီခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၇ ရက်တွင်International Union for Conservation of Nature (IUCN)၏အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Aban Marker Kabraji နှင့် အဖွဲ့ကိုလည်းကောင်း၊Food and Agriculture Organization of the United Nations (FAO)မှ သဘာဝသယံဇာတဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်Mrs Maria Semedo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ Conservation International(CI)နှင့်Fauna and Flora International (FFI) မှ Ms. Srabani Royနှင့် အဖွဲ့ကိုလည်းကောင်း၊GEF Satoyama Initiatives မှ ဒေါက်တာYoji Natori နှင့်အဖွဲ့ကိုလည်းကောင်း၊ ဇွန် ၂၈ ရက်တွင်European Investment Bank(EIB) မှ ညွှန်ကြားရေးမှူး Ms. Maria Shaw-Barragan နှင့် အဖွဲ့ကိုလည်းကောင်း၊World Wildlife Fund WWF–USမှ ဥက္ကဋ္ဌMr. Carter Roberts ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ကမ္ဘာ့ဘဏ် (World Bank) မှSenior Director Ms.Karin Kemper နှင့်အဖွဲ့ကိုလည်းကောင်း လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံနှင့် အဆိုပါအဖွဲ့ အစည်းအသီးသီးများအကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် သစ်တောပြန်လည်ထူထောင်ရေးနှင့် သစ်တောထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းရေး၊ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် လူမှုနှင့်ပတ်ဝန်းကျင် ဆိုင်ရာ လုံခြုံရေးအစီအမံများ ထည့်သွင်းနိုင်ရေး၊ သဘာဝသယံဇာတများကို ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်GEF -7 Replenishment ကာလတွင် အဆိုပြုဆောင်ရွက်သွားမည့် စီမံကိန်းအဆိုပြုလွှာများအကြောင်း ဆွေးနွေးခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၉ ရက်တွင် ဗီယက်နမ်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF)တို့ ပူးပေါင်းစီစဉ် သော ဗီယက်နမ်နိုင်ငံQuang Nam ပြည်နယ် ဒါနန်းမြို့တော်Hao Khanh Eco Park စက်မှုဥယျာဉ်သို့ သွားရောက်ကာ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်သည့်DIC Da Nang ကုမ္ပဏီ၏ အမိုးပြားထုတ်လုပ်ပုံအဆင့်ဆင့်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းတို့အား လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 6 people, indoor

ရန်ကုန် ဇွန် ၃ဝ
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗိုလ်ချုပ်နှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများ၊ သမိုင်းအထောက်အထားများ၊ သမိုင်း အချက်အလက်များ၊ အသုံးအဆောင် ပစ္စည်းများ ပြည့်ပြည့်စုံစုံ ၉ဝ ရာခိုင်နှုန်းနီးပါး ရရှိနေပြီဖြစ်ကြောင်း၊ ဇာတ်ညွှန်းအနေဖြင့် ဇူလိုင်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ဇာတ်ညွှန်း ရလျှင် ဇာတ်ညွှန်းပေါ်မူတည်ပြီး ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်မှုများ စတင်နိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းသည် ပြည်သူများ၏ နှလုံးသားတွင် ထာဝရရှင်သန်နေသည့် အာဇာနည်ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ပြည်သူများ မျှော်လင့်သည့်အတိုင်း အောင်မြင်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ပေါ်ထွန်းလာနိုင်ရန် အားလုံးက တက်ညီလက်ညီ ကြိုးစား သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးလုပ်ငန်းကော်မတီ အတွင်းရေး မှူး ဦးထွန်းအုံက လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်း ရေးမှူး(၂) ဦးလူမင်းနှင့် ဇာတ်ညွှန်း ရေးသားသူ ဒါရိုက်တာ ဦးမင်းထင် ကိုကိုကြီးတို့က ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူး ရေးနှင့်စပ်လျဉ်းပြီး လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ နှင့် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ သမိုင်းပညာရှင်များနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များက ဗိုလ်ချုပ်ရုပ်ရှင်တွင်အသုံးပြု မည့် ခေတ်အဆက်ဆက်က အသုံး အဆောင်ပစ္စည်းများ၊ သမိုင်းမှတ်တမ်း အထောက်အထားများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးအတွက် ချယ်ရီဦးနာရီဆိုင်က အလှူငွေကျပ် ၁ဝ သိန်းကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - လှမိုး

ဈေးကွက်ဝန်ဆောင်မှုနှင့် အရည်အသွေးမြှင့်


Image may contain: text
စတုတ္ထအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ (MSMEs)၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ (၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၉ ရက် နံနက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက်ပြီး စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုများအား ခေတ်နှင့်လျော်ညီစွာ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့် အညီ ထုတ်ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး ထွက်ကုန် ထုတ်ကုန်များသာ အများစုဖြစ်သည်။ ထုတ်ကုန်များကို ဒေသတွင်းအတွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ဝန်ဆောင်မှုနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်MSMEs လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုံမှန်အားဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဖြန့်ကြက်လုပ်ကိုင်လျက်ရှိသော်လည်း ဈေးကွက်ဝင် တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးဘက်တွင် လိုအပ်ချက်များ ရှိနေသေးသောကြောင့် နိုင်ငံတော်က ပါဝင်ကူညီ ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများမှာ ၉၉ ရာခိုင်နှုန်းရှိနေသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်အားပေးခြင်းဖြင့် နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထုတ်ကုန်ပစ္စည်း များ ပြပွဲ၊ ပြိုင်ပွဲများကို အလှည့်ကျ ကျင်းပပေးခြင်းသည် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်နိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရေးအတွက် အထောက်အပံ့ကောင်းများ တိုးတက်ရရှိ လာနိုင်သည်။ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် ထုတ်ကုန် ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခြင်းသည် အခြားဒေသများနှင့်မတူ တစ်မူထူးကဲသည်ဟု ဆိုနိုင်သည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် သည် ခေတ်မီထုတ်ကုန်ပစ္စည်းများ အများဆုံးထုတ်လုပ်တင်သွင်းလျက် ရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိသောကြောင့် ပို့ကုန်၊ သွင်းကုန် ယှဉ်ပြိုင်မြှင့်တင်ဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများ တိုက်ရိုက် ထိတွေ့ရရှိနိုင်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာ၌ မိမိတို့၏ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက အာဆီယံဒေသတွင်း ဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်အောင် တဖြည်းဖြည်း တိုးချဲ့သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်လာရန် အတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုများဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်စရိတ် လျှော့ချရာ၌ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေ သည့် ပြည်နယ်များသည် အားသာချက်များရှိသဖြင့် အဆင့်အတန်း မြင့်မားသည့် ဈေးကွက်အရည်အသွေး၊ ခေတ်မီထုပ်ပိုးမှုပုံစံများဖြင့် ဒေသတွင်းနှင့် နိုင်ငံများကြိုက်နှစ်သက်သည့် ထုံးစံများနှင့်အညီ တီထွင် ကြံဆ ထုတ်လုပ်သွားသင့်ပေသည်။
သို့ဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေးကို အားစိုက်အကောင် အထည်ဖော်လျက်ရှိနေချိန်တွင် ငြိမ်းချမ်းရေးနှင့် ယှဉ်တွဲဖြစ်ထွန်းစေမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံလုပ်ငန်းများဖြစ်သည့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် အောင်မြင်ဖြစ်ထွန်းလာအောင် ဝန်ဆောင်မှုနှင့် အရည် အသွေးမြင့်မားမှုကို ရှေးရှုဖော်ဆောင်ရမည်ဖြစ်ပါကြောင်း။ ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂ဝ၁၈ ခုနှစ်အတွက် သုံးသန်းမြောက် ကံထူးရှင်ခရီးသည် ရောက်ရှိ

Image may contain: 1 person, standing
ရန်ကုန် ဇွန် ၃ဝ
တစ်နှစ်လျှင် ခရီးသည်သန်း ၂ဝ အထိဝန်ဆောင်မှုပေးနိုင်သည့် မြန်မာနိုင်ငံ၏အကြီးဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂ဝ၁၈ ခုနှစ်အတွက် သုံးသန်းမြောက် ကံထူးရှင်ခရီးသည်အဖြစ် ဇွန် ၂၉ ရက်တွင် စင်ကာပူနိုင်ငံမှ တစ်ဆင့် ရောက်ရှိလာသည့် ဘရာဇီးနိုင်ငံသား Mr.Jefferson Oliveri Costa အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခမ်းအနားဖြင့်ကြိုဆို ခဲ့ကြောင်း သိရသည်။
သုံးသန်းမြောက်ခရီးသည်အဖြစ် ရောက်ရှိလာသည့် ဘရာဇီးနိုင်ငံသား အား ကြိုဆိုဂုဏ်ပြုခြင်းအထိမ်းအမှတ်အနေဖြင့်Mr. Costa အား မြန်မာ ငွေကျပ်တစ်သန်းနှင့် အခြားမြန်မာငွေကျပ် တစ်သန်းတန်ဖိုးရှိ ခရီးသွားအသုံး အဆောင်ပစ္စည်းများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ သည်။ ခရီးသွားအသုံးအဆောင်ပစ္စည်းများတွင် နေပြည်တော်ရှိ Horizon Lakeview Hotel and Resort တွင် နှစ်ညတာ အခမဲ့အနားယူခွင့်အပါအဝင် ခရီးသွားအသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ထိုသို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးချိန် တွင် Mr. Costa က ''ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ သုံးသန်းမြောက်ခရီးသည် ဒီနေ့မှာ ပြည့်သွား တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်၊ အခုလို ကံထူးရှင်ခရီးသည်အဖြစ် ရွေးချယ်ခံရတဲ့အတွက် ရင်ခုန်စရာကောင်းပြီး ဝမ်းသာမိပါတယ်၊ မြန်မာနိုင်ငံရဲ့ ဧည့်ဝတ်ပျူငှာမှုက မြန်မာနိုင်ငံကို ခရီးသွားတွေ ပိုမို လာရောက်လည်ပတ်ကြမယ်လို့ မျှော်လင့်ပါတယ်'' ဟု ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သုံးသန်း မြောက် ခရီးသည်အဖြစ် ရောက်ရှိလာခဲ့သည့် ဘရာဇီး နိုင်ငံသား Mr. Costa သည်Jetstar Asia လေကြောင်း လိုင်းဖြင့် ဇွန် ၂၉ ရက် နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုသို့Jetstar Asia လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ခြင်းကြောင့်ဲJetstar Asia လေကြောင်းမှ အမှုဆောင်အရာရှိချုပ် Mr.Bara Pasupathiက ''ကျွန်တော်တို့အနေနဲ့ ၂ဝ၁၅ ခုနှစ်ကတည်းကစပြီး စင်ကာပူနဲ့ ရန်ကုန်ကို ပြေးဆွဲ ပျံသန်းပေးနေတဲ့ စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့အတွက် ဒီမြို့နှစ်မြို့ကို ကူးသန်းသွားလာနေတဲ့ ခရီးသွားသည်တွေ၊ မိသားစုနဲ့ ဆွေမျိုးတွေဆီကို လာရောက်လည်ပတ်ကြသူတွေအတွက် ပိုမိုအဆင်ပြေ ချောမွေ့စေရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိပါ တယ်၊ စင်ကာပူနဲ့ ရန်ကုန်ကို ပျံသန်းသွားလာကြတဲ့ ခရီးသွားပေါင်း ၁ ဒသမ ၅ သန်းနီးပါးကို ဝန်ဆောင်မှု ပေးခဲ့ပြီးတာနဲ့အညီ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရီးသွား တွေအပါအဝင် ခရီးသည်အများအပြားဟာ မြန်မာနိုင်ငံကို စင်ကာပူကနေတစ်ဆင့် ပိုမိုပျံသန်းသွားလာနေကြတာကို တွေ့ရပါတယ်''ဟု ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သည် ပြည်တွင်းလေကြောင်းလိုင်းရှစ်လိုင်းနှင့် အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၄၅ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကာ ၂ဝ၁၇ ခုနှစ် တွင် ခရီးသည်ပေါင်း ၅ ဒသမ ၉၂ သန်းကို ဝန်ဆောင်မှု ပေးခဲ့ခြင်းကြောင့် ၈ ဒသမ ၄၈ ရာခိုင်နှုန်း တိုးမြှင့် ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝန်ဆောင်မှု ကောင်းမွန်မှုကြောင့် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားကြောင်း သိရသည်။
ကြေးမုံ

(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပမည့် အာဇာနည်ဗိမာန်မွမ်းမံပြင်ဆင်နေမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ကြည့်ရှုစစ်ဆေး

Image may contain: 11 people, people smiling, people sitting, people standing and indoor

ရန်ကုန် ဇွန် ၃ဝ
၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန် အစည်းအဝေးခန်းမ၌ ယနေ့ညနေ ၄ နာရီတွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျင်းပရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်နေမှုများကို အသေးစိတ်ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဇာနည်ဗိမာန်သို့သွားရောက်၍ အာဇာနည်ဗိမာန် မွမ်းမံ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ရောက်ရှိရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို အများပြည်သူများကြည့်ရှုနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့်
ု ခင်းကျင်းပြသထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ပြတိုက် ခင်းကျင်းပြသမှုအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ရေး၊ လုံခြုံရေးကျိုးပေါက်မှု မရှိစေ ရေးတို့အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများနှင့် ပေါင်းစပ် ဆောင်ရွက်ရေး၊ ယခင်နှစ်က ကြုံတွေ့ခဲ့သော အားနည်းချက်များအား ပြုပြင် ဆောင်ရွက်ရေးနှင့် လုပ်ငန်းအားလုံး လစ်ဟာမှုမရှိစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း(တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်မှလွဲ၍ ကျန်နေ့ရက်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပုံမှန် ဖွင့်လှစ်ပြသလျက်ရှိသည်။
၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသွားရန် စီစဉ် လျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အထူးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းနှင့်အဖွဲ့က ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၏ ကြံ့ခိုင်မှုကိုစစ်ဆေးခဲ့ရာ အဆိုပါအဆောက်အအုံမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနေထိုင်ရန်သာ ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ခြင်း၊ သက်တမ်းအားဖြင့် ၉၇ နှစ် ရှိပြီဖြစ်ခြင်း၊ ပထမ ထပ်မှာ ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့် ဘေးအန္တရာယ်ရှိနိုင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ၂ဝ၁၇ ခုနှစ် နှစ် (၇ဝ)ပြည့် အာဇာနည်နေ့ တစ်ရက်တည်းတွင် လေ့လာကြည့်ရှုသူပြည်သူ ၃၂၂၆၈ ဦးရှိခဲ့သဖြင့် ယခုနှစ်အတွက် အဆောက်အအုံ၏ ခံနိုင်ဝန်နှင့် ကြံ့ခိုင်မှုအရ ဘေးအန္တရာယ်ရှိနိုင်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အကြံပြုချက်အရ ၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ အဆိုပါပြတိုက် မြေညီထပ်ကိုသာ အများပြည်သူများ ဝင်၊ ထွက် ကြည့်ရှုစေပြီး ပထမထပ်ရှိ ပြခန်းများခင်းကျင်းထားရှိမှုကိုနီ သြမေိ ဖြင့် ခြံဝင်းအတွင်း၌ ပြသရန်စီစဉ်ထားရှိကြောင်းနှင့် ဇူလိုင် ၂၂ ရက်မှစ၍ တနင်္လာနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ ကျန်နေ့များတွင် သတ်မှတ်အချိန်အတိုင်း ပြတိုက်၏ မြေညီထပ် နှင့် အပေါ်ထပ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ပြသသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်