Saturday, November 11, 2017

နိုင်ငံအတွင်း ညီညွတ်အေးချမ်းမှုများရရှိအောင်၊ အေးချမ်းဖွံ့ဖြိုးတိုးတက်သော လူသားများအဖြစ် ရှင်သန်နေထိုင်ခွင့်ရရှိအောင် ဘုရားတပည့်တော်များက ဓမ္မဝိနယနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးရန်တာဝန်ရှိ

Image may contain: 1 person, sitting and indoor
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုး ဇော်ရွှေ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးခင်မောင်ဝင်းနှင့် သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာဘိဝံသက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူရာတွင် သံဃာကွဲပြားနေလျှင် ငြင်းခုံမှုဝိဝါဒ၊ ဆန့်ကျင်မှုဝိဂ္ဂဟ၊ ကိုယ်နှုတ်ထိပါးခိုက်ရန် ပွားမှု ကလဟ စသည်တို့ဖြစ်ကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့ ဒုက္ခကြီးစွာ ရောက်ကြရမည်သာဖြစ်ပါကြောင်း၊ အကြင်မြို့၊ အကြင်ရွာ၊ အကြင်တိုင်းပြည်၊ အကြင်ကျောင်းတိုက်၊ အကြင်အသင်းအဖွဲ့၌ အချင်းချင်း စိတ်ဝမ်းကွဲပြားကြလျှင် ထိုမြို့၊ ထိုရွာ၊ ထိုတိုင်းပြည်၊ ထိုကျောင်းတိုက်၊ ထိုအသင်းအဖွဲ့သည် မချမ်းသာဘဲ ဆင်းရဲနေမည်သာဖြစ်ပါကြောင်း။

သံဃာညီညွတ်နေလျှင် ငြင်းခုံမှုဝိဝါဒ၊ ဆန့်ကျင်မှုဝိဂ္ဂဟ၊ ကိုယ်နှုတ်ထိပါး ခိုက်ရန်ပွားမှု ကလဟစသည်တို့ မဖြစ်ကြရသဖြင့် လူနတ်ဗြဟ္မာ သတ္တဝါတို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြရမည်သာ ဖြစ်ပါကြောင်း၊ အကြင်မြို့၊ အကြင်ရွာ၊ အကြင်တိုင်းပြည်၊ အကြင်ကျောင်းတိုက်၊ အကြင်အသင်းအဖွဲ့၏ အချင်းချင်း စိတ်ဝမ်းမကွဲ တစ်သားတည်း ညီညွတ်နေလျှင် ထိုမြို့၊ ထိုရွာ၊ ထိုတိုင်းပြည်၊ ထိုကျောင်းတိုက်၊ ထိုအသင်းအဖွဲ့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနေမည်သာ ဖြစ်ပါကြောင်း။

သံဃာညီညွတ်ရုံသာ ညီညွတ်၍ သမ္မပ္ပဓာန်လေးပါး အကျင့်တရားကို အားမထုတ်ဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေကြပါလျှင် ချမ်းသာသုခကို ရနိုင်ကြမည်မဟုတ်ပါကြောင်း၊ သမ္မပ္ပဓာန်လေးပါး အကျင့်တရားကို ပွားများ ကြိုးကုတ် အားထုတ်မှသာ ချမ်းသာသုခကို ရနိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ညီညွတ်သော သံဃာတော်၏ သမ္မပ္ပဓာန်လေးပါး အကျင့်တရားကို ပွားများကြိုးကုတ် အားထုတ်ခြင်းကို ''တပေါသုခ'' ဟုခေါ်ဆိုရပါကြောင်း။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ ကာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကအဖွဲ့များနှင့် ထက် အောက်ညှိနှိုင်းပွဲ၊ သံဃနာယကဝိနည်းဓိုရ်သင်တန်းများကဲ့သို့သော လုပ်ငန်းနှင့် သက်ဆိုင်သောကိစ္စရပ်များ ဆောင်ရွက်၍ မပြတ်ထိတွေ့ခဲ့ကြပါကြောင်း၊ အကျိုးရလဒ်မှာ အောက်အဖွဲ့အစည်းများ၏ လုပ်ငန်းအခက်အခဲများ သိရှိနိုင် ခြင်း၊ အထက်အဖွဲ့အစည်း၏ မူဝါဒနှင့် လုပ်ငန်းစဉ်ကို ချပြဆွေးနွေးနိုင်ခြင်း၊ ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိခြင်း စသည်တို့ဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ်မှ ယခုသတ္တမအကြိမ် သက်တမ်းပြည့်ရန် နီးကပ်နေသည့်ကာလအထိ သံဃ နာယက၊ သံဃာ့ဝန်ဆောင်နှင့် ဝိနည်းဓိုရ်သင်တန်း နှစ်ကြိမ်ပြုလုပ်ခဲ့သည်မှအပ ထက်အောက်ညှိနှိုင်းပွဲများ မပြုလုပ်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပုဂ္ဂိုလ်ချင်း တွေ့ထိ၍ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာကို ဖော်ကျူးနိုင်ရန်နှင့် လုပ်ငန်းဆိုင် ရာ စည်းကမ်းများ၊ လုပ်ထုံးများ၊ ဥပဒေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်၊ အတွေ့အကြုံများ၊ အမြင်များဖလှယ်နိုင်ရေး၊ သံဃသာမဂ္ဂီသုခ ရရှိရေး နိုင်ငံတော်သံဃမဟာနာယက တစ်ဖွဲ့တည်းသာမက အောက်အဖွဲ့များ နှင့်လည်း ညီညီညွတ်ညွတ်တိုင်တိုင်ပင်ပင် ဆောင်ရွက်နိုင်ရေး၊ အထက်အောက် ညှိနှိုင်းပွဲများပြုလုပ်နိုင်ရေး ဆောင်ရွက်တော်မူကြပါရန် လေးလေးနက်နက် တိုက်တွန်းလျှောက်ထားအပ်ပါကြောင်း။

အများစုကိုးကွယ်သော ဗုဒ္ဓဘာသာအဆုံးအမများ ချွတ်ယွင်းမှု၊ လိုအပ်မှု များ ပေါ်ပေါက်မည်ဆိုပါက မြန်မာနိုင်ငံတော်သည်လည်း တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးမှုများမရှိနိုင်ဟု ယူဆပါကြောင်း၊ ရဟန်းသံဃာတော်များ စုစည်းညီညွတ်လျက် သမ္မပ္ပဓာန်လုံ့လအားထုတ်မှုဖြင့် ဗုဒ္ဓသာသနာတော်အတွက် သာမက မြန်မာနိုင်ငံတော်တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး အတွက် သံဃာတော်အားလုံးကလည်း ဘုရားရှင်၏ လမ်းညွှန်ဒေသနာတော်များ နှင့်အညီ ပါဝင်ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူထားပါ ကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပေါ်တတ်သော မညီညွတ်မှု၊ မအေးချမ်းမှုများကို ညီညွတ်အေးချမ်းမှုများ ရရှိလာအောင် နိုင်ငံသူနိုင်ငံသားအားလုံး တစ်ဦး အပေါ်တစ်ဦး စာနာထောက်ထားပြီး အကျိုးလိုလားသော မေတ္တာ စေတနာများ ဖြင့် အချင်းချင်း ကူညီရိုင်းပင်းလျက် အေးချမ်းဖွံ့ဖြိုးတိုးတက်သော လူသားများ အဖြစ် ရှင်သန်နေထိုင်ခွင့်ရရှိအောင် ဘုရားတပည့်တော်များက ဓမ္မဝိနယ နှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူပါကြောင်း မြွက်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ ညီညွတ်ရေးအတွက် လည်းကောင်း၊ အောက်ခြေတွင် ဖြစ်ပျက်နေသော အခြေအနေမှန်များကို သိရှိပြီး လက်တွေ့ကျကျ ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း များ၊ ညွှန်ကြားလွှာများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးနိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကအဖွဲ့များ၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကအဖွဲ့နှင့် မြို့နယ်သံဃနာယကအဖွဲ့များ၊ မြို့နယ် သံဃနာယကအဖွဲ့များနှင့် ရပ်၊ ကျေး သံဃနာယကအဖွဲ့များအနေဖြင့် ခြောက်လတစ်ကြိမ်၊ သို့မဟုတ် တစ်နှစ် တစ်ကြိမ် သက်ဆိုင်ရာ နေရာဒေသအလိုက် အထက်အောက်ညှိနှိုင်းပွဲများ ကျင်းပသင့်ပါကြောင်း။

သံဃာ့အဖွဲ့အစည်းများ ကျစ်လျစ်သိပ်သည်းခိုင်မာပါမှ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဟူသော လုပ်ငန်းများဆောင်ရွက်ရာ၌ ထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် ချမှတ်ထားသော မူဝါဒများဖြစ်သော စုပေါင်းဆောင်ရွက်ခြင်း၊ စုပေါင်းဦးဆောင် ခြင်း၊ စုပေါင်းဆုံးဖြတ်ခြင်း၊ အများ၏သဘောထားနှင့်ဆန္ဒကို အများက လေးစား ခြင်း၊ အထက်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်တို့ကို အောက် အဖွဲ့အစည်းက လိုက်နာဆောင်ရွက်ခြင်း၊ အောက်အဖွဲ့အစည်း၏ တင်ပြချက် ကို အထက်အဖွဲ့အစည်းက အလေးဂရုပြု အရေးယူဆောင်ရွက်ခြင်းတို့ကို ဓမ္မဝိနယနှင့်အညီ ပြုလုပ်သွားမည်ဆိုပါက ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း ကြီး၏ မူလရည်ရွယ်ချက်ဖြစ်သော သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွား ရေးလုပ်ငန်းများ အစဉ်သဖြင့် အောင်မြင်ပြီးမြောက်လျက် ဆတက်ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပါကြောင်း လျှောက်ထားသည်။

ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယ အဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီ ရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက တင်သွင်းလျှောက်ထား သည်။

ထို့နောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီ ရင်ခံစာအကျဉ်းကို အဖွဲ့ဝင် ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်း လျှောက်ထားသည်။

ယင်းနောက် ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရပ်နားသည်။

သတင်းစဉ်

Friday, November 10, 2017

(၁ဝ)ကြိမ်မြောက် Health Cluster Meetingကျင်းပ

Image may contain: 1 person, sitting, crowd and indoor
နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံအတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် ဘေးအန္တရာယ်ကျရောက်ခဲ့ သော ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်းလုပ်ငန်းကိစ္စရပ် များနှင့် ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် လူထု အား ပြန်လည်လက်ခံခြင်းနှင့် နေရာ ချထားခြင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက် နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး ရန် (၁ဝ) ကြိမ်မြောက် Health Cluster Meeting ကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ အားလုံးနှင့် ပြန်လည်လက်ခံရေး စခန်းများတွင် ဆေးပညာကျင့်ဝတ် အရ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူ ထား၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စီမံချက်အသွင်ဖြင့် ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲ ပြီးဖြစ်၍ ဆောင်ရွက်ရန် အသင့်ဖြစ် ပါကြောင်း၊ လတ်တလောတွင် ရွေ့လျားဆေးခန်းများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းသည် အလွန် ကောင်းမွန်ပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းများ၊ သတင်းအချက်အလက် စီးဆင်းမှု၊ ကုန်ကျစရိတ်နှင့် သင့်တော်သော ရလဒ် ရရှိမှုအခြေအနေ စသည်တို့ အား မိမိတို့ကိုယ်တိုင် ပြန်လည် သုံးသပ်ဆန်းစစ်ခြင်း ဆောင်ရွက်၍ လုပ်ငန်းများကို ပိုမိုထိရောက်စေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ၂ဝ၁၈ ခုနှစ် အတွင်း ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းများကို တင်ပြ ဆွေးနွေးခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် (သဘာဝဘေးနှင့် အရေးပေါ်) က ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူတို့ ၏ ကျန်းမာရေးအဆင့်အတန်းကို ယခုထက် ပိုမိုမြင့်မားလာရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို တင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်

ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့များ ပေးအပ်ရန်စေတနာ့ဝန်ထမ်းလူငယ်များ စတင်ခရီးထွက်ခွာ

Image may contain: 1 person, outdoor
ရန်ကုန် နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းစဉ်များအနက်မှ လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ထိထိရောက်ရောက် ပေးအပ် ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံ လုံးရှိ စေတနာ့ဝန်ထမ်း လူငယ် များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ရခိုင်ဒေသသို့ မော်တော်ယာဉ်များဖြင့် စတင် ထွက်ခွာရာ လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်အဖွဲ့က လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

UEHRDစီမံကိန်းလုပ်ငန်းများအတွက်အလှူငွေများ ပေးအပ်လှူဒါန်း

Image may contain: 8 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နိုဝင်ဘာ ၆ ရက်တွင် သီလဝါပြည်တွင်းစက်မှုဇုန်ကော်မတီနှင့် လုပ်ငန်းရှင်များက ငွေကျပ် သိန်း ၂ဝ ကို လည်းကောင်း၊ ယနေ့တွင် Myanmar Educare Co., Ltd. International School of Myanmar (ISM)က ငွေကျပ် သိန်း ၁ဝဝ ကိုလည်းကောင်း လာရောက်ပေးအပ် လှူဒါန်းရာ့ နျွီံ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်

ရခိုင်ပြည်နယ်အတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Image may contain: sky, outdoor and nature
စစ်တွေ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသည့် ဒေသများ တွင် စက်မှုလယ်ယာဦးစီးဌာနမှ စပါး ရိတ်သိမ်းခြွေလှေ့စက်ကိရိယာများ အား အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မောင်တော မြို့နယ်အတွင်းရှိ ကံပူး၊ ကျောင်း တောင်၊ မြို့သူကြီး၊ အုန်းတော၊ အလယ်သံကျော်၊ နွားရုံတောင်၊ ဝါးချကျေးရွာများတွင် အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ စုစုပေါင်း ၉၃၄ ဧက ရိတ်သိမ်းပြီး ဖြစ်သည်။
ထို့အတူ စစ်တွေမြို့နယ်အတွင်းရှိ သင်္ဂနက်၊ ချောင်းနွယ်၊ ကြွီတေး၊ ကံ့ကော်ကျွန်း၊ ပါတလိပ်ကျေးရွာများ တွင် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ စုစုပေါင်း ၇၇ ဧက ရိတ်သိမ်းပြီးဖြစ်သည်။
အလားတူ မြောက်ဦးမြို့နယ် အတွင်းရှိ ပြလှ၊ ဆင်ရိုးရှည်ကျေးရွာ များတွင် အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ စုစုပေါင်း ၁၅ ဧက ရိတ်သိမ်းပြီးဖြစ်သည်။
မင်းပြားမြို့နယ် အတွင်းရှိ ထောင်ရှည်၊ ကင်းဆိပ်၊ မော်ရွာ၊ ဖားပျော်ကျေးရွာများတွင် နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိ စုစုပေါင်း ၁၁ ဧက ရိတ်သိမ်းပြီးဖြစ်သည်။
ကျောက်တော်မြို့နယ်အတွင်းရှိ လမ်းမတော်ကျေးရွာနှင့် အမ်းမြို့နယ် အတွင်းရှိ ပုဏ္ဏားကျွန်းကျေးရွာတို့ တွင် စုစုပေါင်း ငါးဧကစီ ရိတ်သိမ်းပြီး ဖြစ်သည်။
သတင်းစဉ်

မောင်တောမြို့နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ထုတ်ပေးပြီးသူ ၆၂၅ ဦးနှင့် သီးသန့်မှတ်တမ်းတင်ပြီးသူ ၇၇ ဦးရှိ

Image may contain: 11 people, people sitting
စစ်တွေ နိုဝင်ဘာ ၉
နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးရေးလုပ်ငန်းများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက မောင်တောမြို့နယ် ရွှေဇား ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း၌ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၈ ရက်တွင် ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းက ဒေသခံ ရွာသူရွာသားများအား NV Card နှင့်ပတ်သက်သည့် သိကောင်းစရာ များကို ရှင်းလင်းပြောကြားပြီး NV Card လာရောက်ဆောင်ရွက်သူများအား ခြင်ထောင်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယခင်က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာလျက်ရှိပြီး သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အောက်တိုဘာ ၁၂ ရက်မှစ၍ ရခိုင်ပြည်နယ်(မြောက်ပိုင်း) မောင်တောမြို့နယ် ရွှေဇားကျေးရွာ အုပ်စု၌ စတင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၈ ရက်အထိ National ID စနစ်အတွက် Biometric နည်းဖြင့် စိစစ်မှတ်တမ်းတင် ဆောင်ရွက်၍ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးပြီးသူမှာ အမျိုးသား ၃၄၆ ဦး၊ အမျိုးသမီး ၂၇၉ ဦး စုစုပေါင်း ၆၂၅ ဦးရှိပြီး National ID စနစ်အတွက် Biometric နည်းဖြင့် သီးသန့် မှတ်တမ်းတင်ပြီးသူ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၇၇ ဦး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

မောင်တောမြို့နယ်တွင် ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Image may contain: 1 person, smiling, sitting and standing
စစ်တွေ နိုဝင်ဘာ ၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် အတွင်း နေထိုင်သူများအားလုံး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားဆေးခန်း များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကျော်မောင်မောင်သိန်းနှင့်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် ကညင်တန်း အထက(၁) ကျောင်း၌ ဖွင့်လှစ်ထားသော ဟိန္ဒူကယ်ဆယ်ရေး စခန်း၌ ရွေ့လျားဆေးခန်း ဖွင့်လှစ်ခြင်းနှင့် ရာသီ တုပ်ကွေး H1N1ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မောင်တောမြို့နယ်၌ ရောက်ရှိနေသော မကွေးဆေးတက္ကသိုလ်မှ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၅၈ စု၊ လူဦးရေ စုစုပေါင်း ၉၉၂ ဦး ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်