Wednesday, May 31, 2017

မော်စကိုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၃ ဦးသေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာရ



Image may contain: car and outdoor
မော်စကို မေ ၃ဝ
ရုရှားနိုင်ငံ မော်စကိုမြို့တွင် တနင်္လာနေ့က မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောကြားသည်။
လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လျှပ်စီးလက် မိုးကြိုးပစ်ခြင်းများ မော်စကိုမြို့တွင် ဖြစ်ပွားခဲ့သည်။
မုန်တိုင်းကြောင့် သစ်ပင် ၄ဝဝ ခန့် ပြိုလဲခြင်း၊ အဆောက်အအုံ ခေါင်မိုး များလန်ခြင်းနှင့် လမ်းဘေးတွင် ထောင်ထားသည့် ဆိုင်းဘုတ်များ လဲပြိုခြင်းများ ဖြစ်ပွားခဲ့သည်။
လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်နေသည့်အတွက် လမ်းအတော်များများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ လေကြောင်းလိုင်းများ နှောင့်နှေးကြန့် ကြာခဲ့ရသကဲ့သို့ အခြားသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည်လည်း ရပ်ဆိုင်းသွားခဲ့ရသည်။
မော်စကိုမြို့သည် ယခုလ အစောပိုင်းတွင် အချိန်အခါမဟုတ် ဆီးနှင်းများကျရောက်ခဲ့ပြီး အချို့ရက်များတွင် အပူချိန်သည် ၂ဝ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လေ့ရှိသည်။ ဒေသဆိုင်ရာ မိုးလေဝသတာဝန်ရှိသူများက တည်ငြိမ်မှုမရှိသော ဆိုးရွားသည့်ရာသီ ဥတုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သတိပေးပြော ကြားထားသည်။
အင်န်အိတ်ခ်ျကေ။

ယီမင်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၄၇၁ ဦး သေဆုံး



Image may contain: 3 people, people sitting
ဆာနား မေ ၃ဝ

ပြည်တွင်းစစ် ဆိုးဆိုးရွားရွားဖြစ်ပွားနေ သည့် ယီမင်နိုင်ငံတွင် ကာလဝမ်း ရောဂါဖြစ်ပွားမှုကြောင့် ယခုလအတွင်း ၄၇၁ ဦး သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၂၇ ရက်အထိ သေဆုံးသူအရေအတွက်ကို နောက်ဆုံးထုတ်ပြန်ပေးထားသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုထားပြီး ဝမ်းရောဂါဖြစ်ပွားနေသည် ဟု သံသယရှိသူ ၅၂ဝဝဝ ကျော်ရှိကြောင်းလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားသည်။
ဆော်ဒီ ထောက်ခံအားပေးထားသော အစိုးရနှင့် သူပုန်တပ်ဖွဲ့များ ဖြစ်ပွားသည့် ပြည်တွင်းစစ်ပွဲတွင် ဆေးရုံများနှင့် ရေဖြန့်ဖြူးပေးဝေသော စနစ်များဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ယီမင်နိုင်ငံတွင် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများလည်း ဆိုးဆိုးရွားရွား ပြတ်တောက်လျက်ရှိသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက စစ်ပွဲတွင်ပါဝင် တိုက်ခိုက်နေသော အဖွဲ့အစည်းများအနေဖြင့် ဆေးရုံဆေးခန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန် တိုက်တွန်းထားသကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုပေးမည့် ပုဂ္ဂိုလ်များကိုလည်း ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေများသို့ ဝင်ရောက်ခွင့်ပေးရန်လည်း တောင်းဆိုထားသည်။
အင်န်အိတ်ခ်ျကေ။

တောင်ကိုရီးယား မိုဘိုင်းလောင်ချာများ ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်ခဲ့မှု စုံစမ်းစစ်ဆေးမည်



Image may contain: sky and outdoor
ဆိုးလ် မေ ၃ဝ
အမေရိကန် ဒုံးကျည်ကာကွယ်ရေးဒိုင်းလွှားစနစ်အတွက် မိုဘိုင်းလောင်ချာများကို ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတထံမှ ခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် သမ္မတ မွန်ဂျေအင်က ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်သည့် ဒုံးခွင်းဒုံး စနစ်အတွက် နောက်ထပ် မိုဘိုင်းလောင်ချာလေးခု ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတ၏ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိကြောင်း၊ မိုဘိုင်းလောင်ချာများကို သမ္မတ၏ခွင့်ပြုချက်မရှိဘဲ သယ်ယူပို့ဆောင်ခဲ့သည်ဟု သမ္မတကြားသိရသည့်အခါ ၎င်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း သမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ယွန်ယောင်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်သည့် တီအိပ်ခ်ျအေအေဒီ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် မိုဘိုင်းလောင်ချာနှစ်ခုကို တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ် မိုဘိုင်းလောင်ချာလေးခုကို ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတအား အသိပေးခြင်းမရှိဘဲ တိတ်တဆိတ် သယ်ယူပို့ဆောင်ခဲ့သည်ဟု သမ္မတ၏ လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ချန်အိန်ယောင်းက သမ္မတထံ သတင်းပို့ခဲ့ကြောင်း ယွန်ယောင်ချန်းက ပြောကြားသည်။
မိုဘိုင်းလောင်ချာများအား လျှို့ဝှက်စွာ ပို့ဆောင်ခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် လုံခြုံရေးအကြံပေးပုဂ္ဂိုလ်နှင့် သမ္မတရုံးဝန်ကြီးတို့အား သမ္မတက ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။
မေ ၉ ရက် သမ္မတရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တနှစ်ပတ်အလိုတွင် အမေရိကန် တီအိပ်ခ်ျအေ အေဒီ ဒုံးခွင်းဒုံးစနစ်အတွက် မိုဘိုင်းလောင်ချာ နှစ်ခုနှင့် ရေဒါတို့ကို မြောက်ပိုင်း ကွမ်ဆောင်းပြည်နယ် ဆောင်ဂျူ စီရင်စု ဆိုဆောင်းရီကျေးရွာရှိ ဂေါက်ကွင်းတစ်ကွင်းသို့ ညသန်းခေါင်ယံအချိန်တွင် ပို့ဆောင်ခဲ့သည်။
ရိုက်တာ။

သင်တန်းမှရရှိသည့်အတွေ့အကြုံများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးချ



ရန်ကုန် မေ ၃ဝ 
 
အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၊ ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင် စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ဝင်းသိမ်းက သင်တန်းဖွင့် မိန့်ခွန်းပြော ကြားရာ၌ နိုင်ငံတစ်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက မည်သည့်ကဏ္ဍတွင်မဆို စီမံ ခန့်ခွဲအုပ်ချုပ်မှု၊ ဝန်ဆောင်မှု၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စသည်တို့ကို စဉ်ဆက်မပြတ် အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိကြောင်း။
ဤသင်တန်းသို့ တက်ရောက်ကြ သည့် သင်တန်းသား သင်တန်းသူများ ကို ပညာဌာန ခုနစ်ခုဖြစ်သည့် စီမံခန့်ခွဲမှု ပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံ ရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံ ပညာဌာန၊ ဥပဒေပညာဌာန၊ အင်္ဂလိပ် ဘာသာပညာဌာနနှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဌာနများက ခေတ်စနစ်နှင့် လျော်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ အဆင့် အတန်းရှိရှိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးဇယားများကိုလည်း ပထမအကြိမ် သင်တန်းမှရရှိလာသည့် အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်များကို အခြေခံကာ တက္ကသိုလ်အကြံပေးအဖွဲ့ (Advisory Group)တက္ကသိုလ် ပညာရပ်အဖွဲ့(Board of Studies)နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ဖွဲ့စည်းထားသည်။ ပညာရပ်ဆိုင်ရာ ဗဟို အဖွဲ့ (Core Group)တို့၏ ဆွေးနွေး အကြံပြုချ က်များနှင့်အညီ ပိုမိုသင့်လျော် ကောင်းမွန်ပြီး ထိရောက်မှုရှိစေရန် ပြင်ဆင်မွမ်းမံ ရေးဆွဲထားသည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစား သင်ယူကြရန်လည်း တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ပြည်သူ နှင့်အတူလက်တွဲ၍ အကောင်အထည် ဖော်နိုင်ရန်အတွက် '' နိုင်ငံတော် တည် ထောင်မှု ပြည်သူနှင့်ဝန်ထမ်းလက်တွဲပြု'' ဆိုသည့် ဆောင်ပုဒ်အသစ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP)၏ ပူးပေါင်းပါဝင် ကူညီမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သဘော ထားအမြင်နှင့် အတွေ့အကြုံများကို လေ့လာသည့် စစ်တမ်း(Perception Survey)အရ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် (Civil Service Reform Strategic Action Plan)ကို ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ပြီး နယ်ပယ်လေးခုဖြစ်သည့် နိုင်ငံ့ ဝန်ထမ်းအုပ်ချုပ်ရေး၊ လုပ်ငန်းစဉ်သစ် (New Civil Service Govern -ance)၊ အရည်အချင်းနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကို အခြေခံသော အလေ့ အထနှင့် စနစ်များဆီသို့ ဦးတည်ရေး(Merit-based and Performance-driven culture and system)၊ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ် လာစေရန် ခေါင်းဆောင်မှုပေး နိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကိုမြှင့်တင်ခြင်း(People Centred Leadership of the Civil Service and Capacity Develop-ment)၊ နိုင်ငံ့ဝန်ထမ်းများ၏ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင် ပေးခြင်း (Transparency and Accountability in the Civil Service ) စသည့် နယ်ပယ် (၄)ရပ် အပေါ်အခြေခံပြီး CSR Logframe First Draft မှသည်Third Draft အထိ ပြင်ဆင်ရေးဆွဲကြေညာခဲ့ပြီး ရရှိ လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ များ၏ အကြံပြုချက်များနှင့် CSR Logframe Final Draft ကို ပြုစု ရေးဆွဲခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် Civil Service Reform Strategic Action Plan ကို ထုတ်ပြန်ကြေညာ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
Civil Service Reform ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် ''နိုင်ငံ့ ဝန်ထမ်းများအပေါ် ပြည်သူများ၏ အမြင်သဘောထားကို လေ့လာဆန်းစစ် မှုပြုလုပ်မည့် လုပ်ငန်းစဉ်'' ( Public Perception Survey Activity)ကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါ ကြောင်း၊ လေ့လာဆန်းစစ်မှုလုပ်ငန်း စဉ်ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း(Public Service Delivery)များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍Bribery - လာဘ်ပေးလာဘ်ယူပြု ခြင်းရှိ/မရှိ၊ Abuse of Power- အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း ရှိ/ မရှိ ၊Responsiveness - တုံ့ပြန် ဆောင်ရွက်မှု ကောင်း/ မကောင်း၊Equal opportunity - တန်းတူအခွင့် အရေးရရှိမှု ရှိ/မရှိ၊Discrimination of the races လူမျိုးခွဲခြားမှု ရှိ/ မရှိ စသည်တို့အပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူ များ၏ အမြင်သဘောထားကို လေ့လာ ဆန်းစစ်မှုမှတ်တမ်း - Public Perce-ption Survey ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံ ချက်- Civil Service Reform Action Plan ၊ နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက်မူဘောင် - Civil Ser-vice Compentency Frame-work ၊ ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အစီအစဉ် -Leadership Development Scheme များကို သင်တန်းသားများ အနေဖြင့် ကြိုတင်လေ့လာ သိရှိထားခြင်း အားဖြင့် မိမိတာဝန်ထမ်းဆောင်သည့် အခါ ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်မည့် အတွေးအမြင် သစ်များ၊ မိမိ၏ ဝန်ထမ်းဘဝတိုးတက် အောင်ပြုလုပ်ရမည့် နည်းလမ်းများ၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်သည်များကို သိရှိလာမည်ဖြစ် ကြောင်း ၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့် အတိုင်း အနာဂတ်နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို မောင်းနှင်ကြ မည့် နိုင်ငံ့ဝန်ထမ်း အရာရှိလောင်းများ၊ ပုဂ္ဂလိက ဝန်ထမ်းလူငယ်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား လေ့လာသင်ယူပြီး သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာ အတွေ့အကြုံ များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ကြစေ ရန်နှင့် ဝန်ထမ်းသက်တမ်းတစ်လျှောက် တော်၍ကောင်းသော အဂတိတရားကင်း သော ဝန်ထမ်းများဖြစ်ကြပြီး ရာထူး အဆင့်ဆင့်တိုးမြှင့်ကာ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း နည်းလမ်းမှန်စွာဖြင့် ကိုယ်ကျိုးစီးပွားတိုးတက်အောင် ဆောင် ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၅၃ ဦး ၊ သင်တန်းသူ ၁ဝ၁ ဦး စုစုပေါင်း ၁၅၄ ဦးတက်ရောက်မည်ဖြစ်ပြီး သင် တန်း ကာလမှာ စက်တင်ဘာ ၁၅ ရက်ထိ ရက်သတ္တ ၁၆ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ် သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရပ် အဖွဲ့ ဝင်များ၊ ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက် ရောက်ခဲ့သည်။ (သတင်းစဉ်)

ကျောင်းအပ်နှံရေးနေ့အခမ်းအနား လယ်ဝေးမြို့၌ ကျင်းပ



Image may contain: 3 people, people standing
လယ်ဝေး မေ ၃ဝ
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂ဝ၁၇ - ၂ဝ၁၈ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ နံနက် ၉ နာရီက အထက(၁)ရွှေရတုခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ကျောင်းနေအရွယ်ကလေးများ အားလုံးအခမဲ့ ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ဆရာ၊ မိဘအုပ်ထိန်းသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းထွက်နှုန်း လျော့ကျစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းအပ်နှံရေး နှိုးဆော်ပေးရန်စသည်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးနေဇော်တို့က အမှာစကားပြောကြားကြပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးကြာညွန့်က ပညာရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးသည်။ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အခမဲ့ထောက်ပံ့ပစ္စည်း များပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

သဘာဝဘေးအန္တရာယ်သတိပြုရှောင်ရှား



Image may contain: text
မေ ၃ဝ ရက်က ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ''မိုရာ'' (Mora) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းစက်ကွင်းကျရောက်သဖြင့် လေဒဏ်မိုးဒဏ်များ အဖျားခတ်ခဲ့သည်။
အထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် မုန်တိုင်းစက်ကွင်းကျရောက်မှုပိုများခဲ့ပြီး အပျက်အစီး များဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကယားပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ရာ သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုရာ တိုက်ခတ်မှုအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လေပြင်းဒဏ်ကိုခံကြရသလို အချို့နေရာများတွင် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ ယခုကာလသည် လေပြင်းတိုက်ခတ်သည့် သဘာဝဘေးများဖြစ်ပေါ် လေ့ရှိပြီး ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က မေလဆန်းကဖြစ်ခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ မေလအစောပိုင်း ကာလက မြန်မာနိုင်ငံတစ်ဝန်းတွင် အပူရှိန်များမြင့်တက်ခဲ့ရာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ပြီး ယခုကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးဟူသည်မှာ အချိန်အခါမရွေးဖြစ်ပေါ်တတ်ပြီး အထူးသဖြင့် ယခုကာလများတွင်အဖြစ်များသည်။ ဖြစ်ပေါ်ခဲ့သောသဘာဝဘေးမှာ ပြီးဆုံးသွားပြီဟုမဆိုနိုင်ချေ။ ထပ်မံ၍လည်းအချိန်အခါမရွေးဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်သတိပြုကြရမည်ဖြစ်သည်။ ယခုကာလတွင် သဘာဝဘေးအန္တရာယ်နှိုးဆော်ချက်များကိုသိရှိမှတ်သားကြပြီး ပြည်သူများဘေးအန္တရာယ်ကင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မုန်တိုင်းများ အဖြစ်များသောကာလတွင် ကုန်းမြင့်ဒေသတွင် နေထိုင်ကြသောသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းနှင့်မြစ်ချောင်းများအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း သတိပြုကြရမည်ဖြစ်သည်။ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရေးပြင်ဆင်ထားရန် အကြံပြုပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ သဘာဝဘေးဖြစ်လာလျှင် ကြိုတင်အသင့်ဖြစ်စေရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်သည်။ အရေးပေါ် ရွှေ့ပြောင်းနိုင်မည့်အစီအစဉ်များ၊ အရေးပေါ်အသုံးအဆောင်များ အဆင်သင့်ထားရှိသင့်သည်။
မိသားစုများနှင့်ကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်များသတ်မှတ်ထားရန်နှင့် လေပြင်းကဲ့သို့ သဘာဝဘေးဖြစ်ပေါ်ချိန်တွင် ခိုင်ခံ့သောအမိုးအကာ၊ အဆောက်အအုံအောက်တွင် နေထိုင်သင့်သည်။ ကမ်းခြေများတွင် အပန်းဖြေကြသူများအဖို့ သတိပြုအပန်းဖြေရန်လိုအပ်ပြီး ဖြစ်ပေါ်လာတတ်သော လျှပ်တစ်ပြက် ရေကြီးမှုများကိုလည်း အထူးသတိထားရမည်ဖြစ်သည်။ တောင်ကျချောင်း၊ မြေတောင်များနှင့် မြစ်ချောင်းများအနီးနေထိုင်ကြသူများအဖို့ စိတ်ချသောနေရာများသို့ ရွှေ့ပြောင်းထားရန်လိုအပ်သည်။
သဘာဝဘေးဒဏ်ကို တိုက်ရိုက်မခံစားရနိုင်သည့် ကုန်းတွင်းဘက် ဒေသများတွင် နေထိုင်ကြသူများအနေဖြင့်လည်း လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်လည်း ရင်ဆိုင်ရနိုင်သဖြင့် အထူးသတိပြုနေထိုင်သင့်သည်။ စိုက်ပျိုးသီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်သူများအဖို့ မိမိတို့၏သီးနှံများ ပျက်စီးယိုယွင်းခြင်းမရှိအောင်နှင့် ရိတ်သိမ်းဆွတ်ခူးပြီး လုံခြုံစိတ်ချသော နေရာများသို့ ခေတ္တရွှေ့ပြောင်းထားသင့်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်အချိန်မရွေး ကြုံတွေ့နိုင်သဖြင့် သဘာဝဘေးများကို စဉ်ဆက်မပြတ်လေ့လာကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက်ရှိသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့နှင့်တွေ့ဆုံ



Image may contain: 6 people, people sitting, table and indoor
နေပြည်တော် မေ ၃ဝ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ပူးပေါင်းလုပ်ငန်း စဉ်အဖွဲ့ (Joint Strategy Team1- JST) မှ တာဝန်ရှိသူများအား အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် Joint Strategy Team တွင် ပါဝင်သော အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များဖြင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့အနေဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်ရှိ မကြာသေးမီ ကာလအတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့်ဒေသ၌ ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလိုအပ်ချက်များ လေ့လာဆန်း စစ်မှုအခြေအနေနှင့် နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ရှေ့ပြေးစီမံချက် အဆိုပြုလွှာတို့ကို တင်ပြသည်။
ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များ တင်ပြရာတွင် တိုက်ပွဲရှောင် ပြည်သူများအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် အစီ အစဉ်များ၊ ပြန်လည်နေရာချထားရေး ဆိုင်ရာဆောင်ရွက်မည့် အစီအစဉ်များ၊ ကယ်ဆယ်ရေးစခန်းများရှိ ကျောင်းသားများ ပညာဆက်လက်သင်ကြားခွင့်ရရှိရန် ညှိနှိုင်းပေါင်းစပ်ပေးရေး၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးအတွက် နိုင်ငံတော်နှင့် ဒေသခံအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို တင်ပြခဲ့ကြသည်။
ဝန်ကြီးဌာနဘက်မှလည်း တိုက်ပွဲ ရှောင်စခန်းများအတွက် လူသားချင်းစာနာကူညီမှု၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးမှု၊ ဥပဒေနှင့်အညီ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး စသည်ဖြင့် ထိခိုက်အားနည်းလွယ်သူများအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး အဖွဲ့၏ တင်ပြချက်များအပေါ် ကူညီဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)