Tuesday, March 31, 2015

သတင်းမီဒီယာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ



 'သတင်းမီဒီယာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
============================

နေပြည်တော်   မတ်   ၃ဝ

သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟို အဖွဲ့အစည်းများမှ ရုံးအဖွဲ့မှူးများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းထုတ်ပြန်ရေးဆိုင်ရာများကို  ရှင်းလင်း ပြောကြားပြီး  ပြည်ထောင်စုဝန်ကြီးက  တက်ရောက်လာကြသူများ၏  သတင်းမီဒီယာဆိုင်ရာ  မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့သည်။                                                                  (သတင်းစဉ်)'

နေပြည်တော် မတ် ၃ဝ
သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟို အဖွဲ့အစည်းများမှ ရုံးအဖွဲ့မှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းထုတ်ပြန်ရေးဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသူများ၏ သတင်းမီဒီယာဆိုင်ရာ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့သည်။ (သတင်းစဉ်)

အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံတို့ နျူကလီးယားအရေးသဘောထားကွဲလွဲမှု အကြိတ်အနယ်ဆွေးနွေး



 

ဆွစ်ဇာလန် မတ် ၃ဝ
အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် တီဟီ ရန်၏ နျူကလီးယားပြဿနာအဆုံးသတ်ရေး စာချုပ် ချုပ်ဆိုရန် ကန့်သတ်ထားသော အချိန်ကာလမကုန်ဆုံးမီ ကြိုတင် သဘောတူညီမှုပြုလုပ်ရန်အတွက် တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အီရန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား နှင့် တရုတ်တို့သည် ဆွစ်ဇာလန်နိုင်ငံ လောဆိန်းမြို့တွင် နျူကလီးယားပြဿနာ၏ ထွက်ပေါက်မရှိသည့် အခြေ အနေကို ဖြေရှင်းရန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြ သည်။
သို့သော် သဘောတူညီချက် မူဘောင်အတွင်းသို့ ရောက်ရှိရန် ကြိုးပမ်းမှုကို ပြိုကွဲခြင်းမရှိစေရေး အာဏာပိုင် များက သတိပေးခဲ့သည်။
အင်အားကြီး ခြောက်နိုင်ငံတို့က အီရန်၏ နျူကလီးယားစမ်းသပ်မှုကို ၁ဝ နှစ်ထက်ပို၍ ရပ်ဆိုင်း ထားစေလိုကြသည်။ တီဟီရန်က ၄င်း၏စီးပွားရေးကို ယိုယွင်းစေသည့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ကို ဖယ်ရှားပေးလျှင် ၄င်း၏နျူကလီးယားဆောင်ရွက် မှုကို အတိုင်းအတာတစ်ခုအထိ ရပ်တန့်မည်ဟု တောင်းဆို ခဲ့သည်။
အနောက်နိုင်ငံများမှ အီရန်အပေါ် အရေးယူ ကန့်သတ်မှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် ညှိနှိုင်း နေကြပြီး အီရန်အနေဖြင့် နျူကလီးယားသုတေသန ဆောင်ရွက်မှုကို မည်မျှဆောင်ရွက်ခွင့်ရရှိရန် ဆွေးနွေး ခြင်းဖြစ်သည်ဟု ဆိုသည်။
(ဘီဘီစီ)

နိုင်ဂျီးရီးယားရွေးကောက်ပွဲ မဲလိမ်သည်ဟုစွပ်စွဲမှုဖြင့် ဆန္ဒပြ



 

လေဂို့စ် မတ် ၃ဝ
နိုင်ဂျီးရီးယားနိုင်ငံတွင် အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပစဉ် မဲလိမ်သည်ဟုဆိုကာ ထောင်ပေါင်း များစွာသော အတိုက်အခံပါတီ ထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပြီး ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရန်လည်း တိုက်တွန်း ဆော်သြလိုက်သည်။
အောပရိုဂရက်ကွန်ဂရက်ပါတီ ၏ ဦးဆောင်မှုဖြင့် အဆိုပါဆန္ဒပြ ပွဲကို တနင်္ဂနွေနေ့က တောင်ပိုင်း ရစ်ဗားစတိတ်ပြည်နယ် မြို့တော် ပို့ဟာကောက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ ဆန္ဒပြ မှုအပေါ် စိုးရိမ်မိကြောင်း၊ စိတ်ပျက် ဖွယ်ရာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကြောင့် တောင်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးများကို အစားထိုး ရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အက်တာဟီရု ဂျီဂါက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စွပ်စွဲမှုများအပေါ် ဆက် လက်စုံစမ်းသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ ပြန်လည်ကျင်းပရေး တောင်းဆိုမှုအပေါ် မေတ္တာရပ်ခံ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
ဆန္ဒပြသူများက ရွေးကောက်ပွဲ ကာလအတွင်း အတိုက်အခံများ သေဆုံးခဲ့ရမှုအပေါ် သမ္မတ ဂွတ်လပ် ဂျိုနသန်၏ပါတီကို အပြစ်ပြောဆို လျက်ရှိသည်။
(ပရက်စ်တီဗွီ)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂျပန် KEIO Corporation MD့ အား တွေ့ဆုံ





နေပြည်တော် မတ် ၃ဝ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Director Mr. Mamoru Yamamoto ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးမြညိမ်း၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင် ဦးနေဝင်းထွန်း၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင် ဦးဝင်းမောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

ပြည်သူ့လွှတ်တော်အစည်းအဝေး



 

အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် နှစ်အလိုက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၃ဝ
ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်၏ ချောက်မြို့နယ်အပါအဝင် မိုးနည်း ရေရှားဒေသများ၌ သောက်သုံးရေ ရှားပါးမှုအခက်အခဲကို အထူးစီမံချက် တစ်ရပ်ချမှတ်ဖြေရှင်းပေးရန် အစီ အစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေးက စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးများ အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၏ အစီအစဉ်များဖြင့်လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစီမံချက်တစ်ရပ် ရေးဆွဲ၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အပူ ပိုင်း မိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက် ၂ဝ၁၃-၂ဝ၁၄ မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အထိရေးဆွဲထားရှိ၍ နှစ်အလိုက် ဆောင်ရွက်လျက်ရှိ ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် ပလက်ဝမဲဆန္ဒနယ်မှ ဦးပိုက်လင်း၏ သိပ္ပံတွဲဖြင့် (၁ဝ)တန်း အောင်သူကျောင်းသား ကျောင်းသူ များသည် သိပ္ပံလက်တွေ့သင်တန်း ကို အပတ်စဉ် စနေ/ တနင်္ဂနွေနေ့များ အစား တစ်ပတ်နှစ်ပတ် ဆက်တိုက် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က အဝေးသင် သင်ကြားရေးတွင် အနီးကပ်သင်တန်း များသင်ကြားပို့ချခြင်း၊ သိပ္ပံလက်တွေ့ သင်တန်းများသင်ကြားပို့ချပေးခြင်း၊ စာမေးပွဲများ စစ်ဆေးခြင်းလုပ်ငန်းများ ကို ပုံမှန်တက္ကသိုလ်များ၏ စာသင်ခန်း များကိုအသုံးပြု၍ အဆိုပါတက္ကသိုလ် များမှ ဆရာ၊ ဆရာမများကသင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ ပုံမှန် သင်တန်းများ နားရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေများတွင် သိပ္ပံလက်တွေ့ အခန်းများကိုအသုံးပြု၍ သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း။
သိပ္ပံဘာသာရပ်များ၏ သဘော သဘာဝအရ သိပ္ပံလက်တွေ့ (Practical)မပြုလုပ်မီ စာတွေ့(Theory) ကို ကြိုတင်သင်ကြားပေး ရပါကြောင်း၊ ယခုလက်ရှိတွင် စာတွေ့သင်ပြီးမှ လက်တွေ့ကို (၂)ပတ်လျှင် တစ်ကြိမ်ပြုလုပ်စေခြင်းသည် သိပ္ပံ သင်တန်းသားများအတွက် ထိရောက်သောသင်ကြားပို့ချမှုဖြစ်ပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့အစားတစ်ပတ်၊ နှစ်ပတ်ဆက်တိုက် သင်ကြားပေးမည်ဆိုပါက စာတွေ့ ကြိုတင်လေ့လာရမည့် အချိန်မရှိတော့ သဖြင့် ထိရောက်သော သင်ကြား သင်ယူမှုလည်း မဟုတ်တော့ပါ ကြောင်းနှင့် သိပ္ပံလက်တွေ့သင်တန်း များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များအစား တစ်ပတ်၊ နှစ်ပတ်ဆက် တိုက်သင်ကြားပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ဖြေကြား သည်။
(သတင်းစဉ်)

အမျိုးသားလွှတ်တော်အစည်းအဝေး

 
 
 
၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံ ၂၀၁၆ ခုနှစ် ပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့မည်
 
နေပြည်တော် မတ် ၃ဝ အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်း၏ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊SEA Games နှင့် မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများအတွက် ကျင်းပလျက်ရှိသော ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်း လုံး၊ Boxing လက်ဝှေ့၊ မြန်မာ့ရိုးရာလက်ဝှေ့၊ ဘတ်စကက်ဘော၊ ဟော်ကီ၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများအား ဆုကြေးစနစ်အဖြစ် အမျိုးသား၊ အမျိုးသမီး (၂)မျိုးစလုံး ပါဝင်နိုင်မည့် Pro Sport System ကျင့်သုံးအကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က မြန်မာ့အားကစား အောင်မြင်မှုများရရှိရေးအတွက် ရေတိုရေရှည် စီမံချက် များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်သည့်အတွက်"Myanmar Sport Master Plan "ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် အားကစားလှုပ်ရှားမှုများကို အခြေခံအကျဆုံးမြို့နယ်များမှ စတင်၍ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် "Township Sport Development Program" ကိုလည်း တစ်ပြိုင်နက်တည်း ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မေးခွန်းပါ အားကစားနည်း(၁၂)နည်းအနက်မှ ၂ဝဝ၉ ခုနှစ်တွင် ဘောလုံးအားကစားနည်းကို အပျော်တမ်း အဆင့်မှ ဆုကြေးစားစနစ်သို့ ပြောင်းလဲခဲ့သည့်အပြင် ဖူဆယ်နှင့် ရိုးရာ လက်ဝှေ့အားကစားနည်းများကိုလည်း ဆုကြေးစားပြိုင်ပွဲစနစ် ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိသည့်အားကစားနည်းများကို သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များအနေဖြင့် အပျော်တမ်းအဆင့်မှ ဆုကြေးစားစနစ်သို့ပြောင်းလဲကျင့်သုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် မရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။
လျှပ်စစ်စွမ်းအားကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြန်လည် ဖြေကြားခဲ့သည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးခမ်ဆွင်းမုန်၏ တီးတိန်မြို့တွင် ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၆၆ ကေဗွီ ဟားခါး-ဖလမ်း-သိုင်းငင် ဓာတ်အား လိုင်းတည်ဆောက်ခြင်းကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဓာတ်အားလိုင်းမှ တစ်ဆင့် တီးတိန်မြို့အထိ သွယ်တန်းပါက ဓာတ်အားလိုင်းရှည်လျားပြီး ဗို့အား ကျဆင်းမှုများ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်မှစတင်၍ ၂၃ဝ ကေဗွီ ဂန့်ဂေါ- ကလေး ဓာတ်အားလိုင်း၊ ဖလမ်းမြို့နှင့် ကလေးမြို့တို့တွင် ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ၂၃ဝ ကေဗွီ ကလေးဓာတ်အားခွဲရုံမှာ ၂ဝ၁၆ ခုနှစ်အတွင်းပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးနု၏ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပုလဲ(၃) ရပ်ကွက်တွင် လျှပ်စစ်အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေအရပ်ရပ်တို့ကြောင့် လျှပ်စစ် မီးတိုင်၊ မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း (၃)နှစ်ခန့်ကြာကာလတိုင်အောင် ဆောင်ရွက်မပေးခဲ့ခြင်းကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပုလဲ(၃)ရပ်ကွက်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုး ၁ ဒသမ ဝ၅ မိုင်၊
၁၁/ (ဝ ဒသမ ၄) ကေဗွီ ၃၁၅ ကေဗွီအေထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ကောင်းကင်ဓာတ်အား လိုင်း ဝ ဒသမ ၅ မိုင်၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်း ဝ ဒသမ ၂ မိုင် တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် ရန်ပုံငွေလျာထားခဲ့ သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွဲဝေပေးနိုင်မှု အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကြမ်း၊ ၁၉၉၃ ခုနှစ် စည်ပင်သာယာ ရေးအဖွဲ့များ ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၅/၉၃)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ သည်။
(သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး



 

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း လွှတ်တော်က အတည်ပြု

နေပြည်တော် မတ် ၃ဝ
ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၅)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတထံမှပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၈)ဦး ထပ်မံခန့်အပ် တာဝန်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နောက်ဆက်တွဲ-၁(က)ပါ လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ကျန်ရှိသည့် လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူလတင်ပြစဉ်က ကျန်ရှိနေသည့် ကတိကဝတ် များထဲတွင် ပြည်သူများလတ်တလော အကျိုးဖြစ်ထွန်းစေ မည့်လုပ်ငန်းနှင့် နှစ်ချင်းပြီး ဆောင်ရွက်နိုင်မည့်လုပ်ငန်းတို့ အပေါ်အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့ ညှိနှိုင်းစိစစ်၍ ဆောင်ရွက်ရမည့်ကတိကဝတ် (၃၄၆)ခုကို နောက်ဆက်တွဲ-၁(က)၌ စုစုပေါင်းဝန်ကြီးဌာန(၈)ခုရှိပြီး ဘဏ္ဍာငွေ ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် ဦးစားပေးထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး၏ ပထမနေ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ က အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်တို့ တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်(၂၉)ဦးက မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ၂ဝ၁၅ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး မတ်လ ၉ ရက်တွင် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ သာမန်အသုံးစရိတ် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေနှင့် ဒေါက်တာမြတ်ဥာဏစိုးတို့က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ သည်။ (သတင်းစဉ်)